❗️ အူမကြီး ကင်ဆာ သတိပြုပါ

🍽 အူမကြီးသည် အစာခြေစနစ်၏ နောက်ဆုံးပိတ် အစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် အသုံးပြုလို့ရတဲ့ စွမ်းအင်တွေ ထွက်လာအောင် အစာတွေကို ချေဖျက်ပေးပါတယ်။ အူမကြီး ကင်ဆာဟာ အသက်အရွယ် မရွေး ဖြစ်ပွားနိုင်သော်လည်း အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ အစပိုင်းမှာ အူမကြီးထဲတွင် polyps လို့ခေါ်တဲ့ သေးငယ်သော ဆဲလ်အစုအဝေးလေး စတင်ဖြစ်ပေါ်လာပါတယ်။ Polyps တိုင်းက ကင်ဆာမဖြစ်စေသော်လည်း တချို့မှာ အချိန်ကြာလာတဲ့အခါ ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားပါတယ်။ 🩺 Polyps တွေက လက္ခဏာ မပြတဲ့အတွက် အူမကြီးထဲမှာ Polyps တွေ ရှိနေပြီလားဆိုတာ ပုံမှန်စမ်းသပ် စစ်ဆေးဖို့ ဆရာဝန်များက အကြံပြုလေ့ ရှိပါတယ်။ Polyps တွေကို ရှာဖွေဖယ်ရှားခြင်းဖြင့် အူမကြီး ကင်ဆာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကင်ဆာဖြစ်နေပြီဆိုပါက ခွဲစိတ်ခြင်း၊…

Read More

🩸 အမျိုးသမီးများနှင့် သွေးဆုံးကိုင် ဝေဒနာ

🔴 သွေးဆုံးခြင်း ဆိုတာ အမျိုးသမီးတိုင်းရဲ့ ဘဝမှာ ကြုံကိုကြုံရတဲ့ သဘာဝအရ ပြောင်းလဲမှု တစ်ခု ဖြစ်ပါတယ်။ သွေးဆုံးခါးနီးပြီဆိုရင် ဓမ္မတာ မမှန်တော့ခြင်း၊ ဓမ္မတာ လာတာများခြင်း စတာတွေ ကြုံတွေ့ရပါတယ်။ အသက် (၄၅) မှ (၅၅) နှစ်ကြား သွေးဆုံးချိန်ကို ရောက်တဲ့အခါ အမျိုးသမီးတွေမှာ estrogen နဲ့ progesterone ဟော်မုန်း ထွက်နှုန်းများ တဖြည်းဖြည်းချင်း နည်းပါးလာပါတယ်။ (၁၂) လ ဆက်တိုက် ဓမ္မတာ လုံးဝ မလာတော့ပါက သွေးဆုံးသွားပြီ ဖြစ်ပါတယ်။ သွေးဆုံးခါနီးမှာ…🔺 ဓမ္မတာလာချိန်၊ လာသည့် ပမာဏ အမျိုးမျိုး ပြောင်းလဲခြင်း🔺 ချွေးထွက်ခြင်းနှင့် အတူ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ် နေရာများ ပူခြင်း၊ (ချွေးမထွက်တာမျိုးလည်း ရှိတတ်ပါတယ်)🔺…

Read More

⭕️ ဆီးလမ်းကြောင်းကို သန့်စင်ပေးမည့် “Cranberry”

🔺 ကရမ်ဘယ်ရီ (Cranberry) ဆိုတာဟာ သေးငယ်ပြီး မာကျောလုံးဝန်းသော အနီရောင်အသီးတစ်မျိုး ဖြစ်ပါတယ်။ အလွန်စူးရှပြီး ချဉ်တဲ့ အရသာကြောင့် အသီးအတိုင်း အစိမ်းစားလေ့ မရှိကြဘဲ ဖျော်ရည်၊ ဆော့စ်၊ အသီးခြောက်အနေဖြင့် ပြုလုပ်စားသုံးကြပါတယ်။ Cranberry အဆီအနှစ်ကို ထုတ်ယူပြီး ဖြည့်စွက်စာအဖြစ်လည်း ထုတ်လုပ်လေ့ရှိပါတယ်။ 🧬 ကရမ်ဘယ်ရီမှာ ပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကတော့ Vitamin C, Vitamin E, Vitamin K1, Manganese နဲ့ Copper တို့ ဖြစ်ပါတယ်။ 🧪 ကရမ်ဘယ်ရီမှာပါဝင်သော ဓာတ်တိုးဆန့်ကျင်သတ္တိရှိ Antioxidantတွေကတော့ Quercetin, Myricetin, Ursolic acid, Anthocyanin နဲ့ Proanthocyanidins တို့ ဖြစ်ပါတယ်။ Quercetin နဲ့ Myricetin က…

Read More

🤔 အစာမစားခင် ဆေးသောက်ရမလား ၊ စားပြီးမှပဲ ဆေးသောက်ရမလား ?

✴️ ဆေးအာနိသင် အပြည့်အ၀ ရစေဖို့နှင့် ဘေးထွက်ဆိုးကျိုး နည်းစေဖို့အတွက် ဆေးသောက်ချိန်ကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများက ဆေးတစ်ခုချင်းစီအပေါ် မူတည်ပြီး အစာမစားခင် ဆေးသောက်ရမလား ၊ စားပြီးမှပဲ သောက်ရမလားဆိုတာကို အကြံပြုပေးကြလေ့ရှိပါတယ်။ ☛ ဘာကြောင့် တချို့သော ဆေးတွေက အစာမစားခင် သောက်ရတာလဲ ? 💊 အစာမစားခင် ဆေးသောက်သင့်တဲ့ ပထမ အကြောင်းရင်းတစ်ချက်မှာ သွေးကြောထဲမှ ဆေးကို စုပ်ယူမှုအား ပိုကောင်းအောင် ကူညီပေးသောကြောင့် ဖြစ်ပါတယ်။ အစာမစားခင် ဆေးသောက်လိုက်ခြင်းဖြင့် တချို့ဆေးများသည် သွေးကြောထဲသို့ မြန်မြန်ရောက်ရှိပြီး အာနိသင်ကို ပိုထိရောက်စေပါတယ်။ ဥပမာအားဖြင့် လည်ပင်း သိုင်းရွိုက်ဟော်မုန်း နည်းလျှင် သောက်ရတဲ့ Levothyroxine နှင့် ဆီးချိုကျဆေးများ…

Read More

💜 ဂရုစိုက်ပါ နှလုံးရောဂါ 💜

🔺 နှလုံးရောဂါ ဆိုတာ အသက်ဆုံးရှုံးနိုင်ခြေ မြင့်မားတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ နှလုံးရောဂါကို ဖြစ်စေသည့် အကြောင်းရင်းများမှာ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ ဆီးချိုရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ 🫀 နှလုံးက ကောင်းစွာ အလုပ်မလုပ်တော့လျှင် ခန္ဓာကိုယ်အနှံ့သို့ သွေး၊ အောက်စီဂျင်နှင့် အာဟာရဓာတ်များ လုံလောက်စွာ ပို့ဆောင်နိုင်ရန် အခက်အခဲ ဖြစ်လာပါတယ်။ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ခြေထောက်ဖောရောင်ခြင်း၊ မူးဝေခြင်းတို့သည် နှလုံးရောဂါ၏ အစောပိုင်း လက္ခဏာများဖြစ်လို့ သတိပြုသင့်ပါတယ်။ နှလုံးရောဂါ အမျိုးအစားများတွင် ❗️ နှလုံးသွေးကြောကျဉ်း ရောဂါ❗️ နှလုံးစည်းချက်မမှန်သည့် ရောဂါ❗️ နှလုံးအဆို့ရှင်ဆိုင်ရာ ရောဂါ❗️ နှလုံးကြွက်သားဆိုင်ရာ ရောဂါ❗️ နှလုံးမညှစ်နိုင်သည့် ပြဿနာ❗️ မွေးရာပါ နှလုံးရောဂါနှင့်❗️ နှလုံးဘေးပတ်လည်တွင် ရေအိတ်တည်ခြင်းတို့ ပါ၀င်ပါတယ်။ ⚠️…

Read More

လေဖြတ်ပြီးနောက်ဆက်တွဲ ဂရုစိုက်နည်း

🔱 လေဖြတ် ဝေဒနာရှင်အား အိမ်မှာ ပြုစုစောင့်ရှောက်ဖို့ဆိုတာ မိသားစုဝင်များအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်သူဟာ လူနာ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ပြုလုပ်ရာတွင် ကူညီပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း၊ ပြန်လည်ကောင်းမွန်လာအောင် လေ့ကျင့်ပေးခြင်းတို့ကို အဓိက ဆောင်ရွက်ရမှာဖြစ်ပါတယ်။ 🧠 ဦးနှောက်သို့ သွေးပို့ဆောင်မှု ရပ်သွား၍ အောက်စီဂျင်နှင့် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ပေးပို့မှု ကျဆင်းသွားကာ ဦးနှောက် အစိတ်အပိုင်းများ ထိခိုက်မိရာမှ လေဖြတ်ခြင်း ဖြစ်ပါတယ်။ ထိခိုက်သွားတဲ့ ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်ပြီး လူနာတစ်ဦးနှင့် တစ်ဦး မတူဘဲ အသိဉာဏ်ပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ကြုံတွေ့ရပါတယ်။ 🙌 ကိုယ်ချစ်ရတဲ့ လေဖြတ်နေတဲ့ မိသားစုဝင်ကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်ဖို့ အိမ်မှာ ဘယ်လိုပြုစုစောင့်ရှောက်မှုတွေ ပေးရမလဲဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။ လေဖြတ်…

Read More

ကလေး၊ လူကြီးမရွေး သောက်သုံးနိုင်တဲ့ ဝမ်းပျော့၀မ်းမှန်ဆေး lactulose

✳️Lactulose (လက်ကျုလို့စ်) ဆိုသည်မှာ ဝမ်းပျော့ဆေး ဖြစ်ပါတယ်။ Lactulose ကို သောက်သုံးလိုက်တဲ့အခါ အစာအိမ်မှ Lactulose ကို စုပ်ယူမှု အားနည်းပြီး သူ့ကို ချေဖျက်နိုင်တဲ့ အင်ဇိုင်းလည်း မရှိတာကြောင့် အူမကြီးထဲကို ပြောင်းလဲခြင်းမရှိဘဲ ရောက်ရှိသွားပါတော့တယ်။ အူမကြီးထဲကို ရောက်တဲ့အခါ အူမကြီးရှိ ဘက်တီးရီးယားများမှ lactulose ကို lactic acid အဖြစ် ချေဖျက်လိုက်ပါတယ်။ ထိုမှတစ်ဆင့် ဝမ်းထဲရှိ ရေပါဝင်မှုပမာဏကို များစေပြီး ဝမ်းကိုပျော့သွားစေတာ ဖြစ်ပါတယ်။ ဒါကြောင့် lactulose ကို ဝမ်းချုပ်ခြင်းတွင် အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ ✳️Lactulose ကို ချေဖျက်ရာမှ ရရှိလာတဲ့ lactic acid က ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားလေးများ ကြီးထွားပွားများဖို့အတွက် တစ်ဖန်ပြန်ပြီး အထောက်အပံ့ကောင်း…

Read More

ဆံပင်ကျွတ် သက်သာချင်ပါသလား

🤦‍♀️ခေါင်းဖြီးတဲ့အခါ ဆံပင်တွေကျွတ်တာ၊ ခေါင်းလျှော်တဲ့အခါ ဆံပင်တွေ အထွေးလိုက်ကျွတ်တာ ကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်လို့တော့ မထင်လိုက်ပါနဲ့။ မိတ်ဆွေ၊ သူငယ်ချင်း တော်တော်များများနဲ့ စကားစပ်မိလို့ မေးကြည့်လိုက်ရင် ဆံပင်တွေကျွတ်လိုက်တာ ဆိုတဲ့သူကြီးပါပဲ။ ✍️ဦးရေပြားမှာ ပျမ်းမျှအားဖြင့် ဆံပင်အချောင်းရေ (၁) သိန်း ရှိပါတယ်။ တစ်ရက်ကို ဆံပင်အချောင်း (၁၀၀) ကျွတ်တာလောက်က ပုံမှန် ဖြစ်ပါတယ်။ ကျွတ်သွားတဲ့ နေရာမှာ ဆံပင်ပြန်ထွက်နှုန်းကတော့ တစ်ရက်မှာ 0.4mm ပြန်ထွက်တာ ဖြစ်ပါတယ်။ မိမိအနေနဲ့ ပုံမှန်ထက်မက ဆံပင်ကျွတ်နေတယ်ဆိုရင်တော့ အောက်ပါနည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပါရှင်။ ✅စိတ်ဖိစီးမှုတွေကို လျှော့ချပါစိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုက ဆံပင်ပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ၊ သူငယ်ချင်းတွေနဲ့ ဒိတ်တာမျိုး ကိုယ်သဘောကျတဲ့ အရာလေးတွေကို လုပ်ခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ တက်တက်ကြွကြွနေခြင်း၊ တရားထိုင်ခြင်း၊…

Read More

ပါကင်ဆန်ရောဂါဆိုတာ

🧠ပါကင်ဆန်ရောဂါဆိုတာ ဦးနှောက်အတွင်းရှိ dopamine ကို ထုတ်လုပ်သောဆဲလ်များ တဖြည်းဖြည်း ချို့ယွင်းလာပြီး ပျက်စီးသွားခြင်းကြောင့် ဖြစ်လာသော ရောဂါဖြစ်ပါတယ်။ Dopamine သည် မှတ်ဉာဏ်၊ လှုပ်ရှားမှု၊ လှုံ့ဆော်မှု၊ စိတ်ခံစားချက်၊ အာရုံစူးစိုက်မှု အပါအဝင် ခန္ဓာကိုယ်၏ လုပ်ငန်းများစွာကို တာဝန်ယူပေးသော neurotransmitter ဖြစ်ပါတယ်။ 🧑‍🦯ရောဂါလက္ခဏာများအနေဖြင့် လှုပ်ရှားမှု နှေးကွေးလာခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ လက်တုန်ခြင်းနှင့် လမ်းလျှောက်ရာတွင် ဟန်ချက်မညီခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အိပ်စက်ခြင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ရှိလာပါတယ်။ 📈ပါကင်ဆန်ရောဂါသည် အယ်လ်ဇိုင်းမားရောဂါပြီးလျှင် ဒုတိယအဖြစ်အများဆုံး အာရုံကြောဆိုင်ရာရောဂါ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ လူ(၁၀)သန်းကျော်တွင် ပါကင်ဆန်ရောဂါရှိနေတယ်လို့လည်း ခန့်မှန်းရပါတယ်။ ၁၈၁၇ ခုနှစ်တွင် ထိုရောဂါအကြောင်းကို ဦးစွာ တင်ပြခဲ့သော သမားတော် James Parkinson အား…

Read More

ရေမလိုဘဲ သောက်ရတဲ့ ဆေးချပ်လေးများရဲ့ အားသာချက်

💊💉ဆေးသောက်ရတာက ဆေးထိုးသလို နာကျင်မှု မရှိခြင်း၊ လွယ်ကူအဆင်ပြေခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်းတို့ကြောင့် လူအများစု သဘောကျတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆေးနင်မှာကြောက်တဲ့ အသက်အရွယ်ကြီးရင့်သူများ၊ ဆေးမျိုမချတတ်သေးတဲ့ ကလေးများအတွက်ကတော့ ပါးစပ်ကနေ ဆေးသာက်ရတာဟာ အခက်အခဲရှိနေပါသေးတယ်။ 💜💜ဒါကြောင့် လူတိုင်းနဲ့ အဆင်ပြေတဲ့ ရေမလို၊ ဝါးစားစရာမလို၊ မျိုချစရာမလိုဘဲ အာနိသင် လျှင်မြန်စွာပေးစွမ်းနိုင်တဲ့ ဆေးဝါးပုံစံအသစ်များကို ထပ်မံတီထွင်ထုတ်လုပ်လာကြပါတယ်။ ထိုအထဲမှာဆိုရင် လျှာပေါ်တင်ထားလိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း ပျော်ဝင်သွားနိုင်တဲ့ ဆေးအချပ်ပြား (oral thin flims) လေးတွေလည်း ပါဝင်လာပါတယ်။ ထိုဆေးချပ်လေးတွေဟာ ပတ်ဝန်းကျင်က စိုစွတ်မှုကိုတော့ ခံနိုင်ရည်နည်းတဲ့အတွက် ဖောက်ပြီးပြီးချင်းမှာ ပါးစပ်ထဲထည့်လိုက်ဖို့တော့ လိုအပ်ပါတယ်။ အစမှာတော့ OTF ကို ခံတွင်းနံ့ကောင်းစေတဲ့ ထုတ်ကုန်လေးတွေအဖြစ် ဖန်တီးခဲ့ကြပြီး အခုဆိုရင်တော့ အာနိသင်မြန်မြန်ပေးလိုတဲ့ဆေးများ၊ ဗီတာမင်များကိုလည်း OTF အနေနဲ့ ထုတ်လုပ်လာကြပြီ…

Read More