🔴 လိပ်ခေါင်းရောဂါဆိုတာ ဘာလဲ?

⭕️ စအိုအတွင်းထဲ (သို့) အနီးတဝိုက်မှာရှိတဲ့ သွေးကြောတွေ ရောင်ပြီးကြီးလာတဲ့အခါ လိပ်ခေါင်းဆိုတာ ဖြစ်လာပါတယ်။ လိပ်ခေါင်းက များသောအားဖြင့် သေးငယ်ပြီး အဝိုင်းပုံသဏ္ဍန်ရှိပါတယ်။ 🔎 အတွင်းလိပ်က စအိုလမ်းကြောင်းအတွင်းမှာ စဖြစ်သော်ငြား စအိုအပြင်ဘက်ကိုလည်း ထွက်လာနိုင်ပါတယ်။ အတွင်းလိပ်မှာ အဆင့် (၄) ဆင့် ရှိပါတယ်။ 🔺 ပထမအဆင့်မှာ သွေးထွက်တတ်သော်လည်း လိပ်ခေါင်းက စအိုပြင်ပကို ထွက်မလာသေးပါ။🔺 ဒုတိယအဆင့်မှာတော့ ဝမ်းသွားတဲ့အခါ လိပ်ခေါင်းက အပြင်ကို ထွက်လာပေမယ့် ပြီးသွားရင်တော့ သူ့အလိုလို အတွင်းထဲကို ပြန်ဝင်သွားပါတယ်။🔺 တတိယအဆင့်ကတော့ လိပ်ခေါင်းက စအိုရဲ့ အပြင်ကို ထွက်နေပြီး ပြန်တွန်းထည့်မှသာ အတွင်းဘက်ကို ပြန်ဝင်သွားပါတယ်။🔺 စတုတ္ထအဆင့်မှာတော့ လိပ်ခေါင်းက စအိုရဲ့အပြင်ဘက်မှာ အမြဲ တွဲကျနေပြီး အတွင်းထဲကို ပြန်ထည့်လို့လည်း မရတော့ဘဲ အလွန်ရောင်ရမ်းပြီး…

Read More

☀️ ပူပြင်းတဲ့ နေရောင်ကြောင့် နေလောင်သွားတဲ့အခါ

❗️❗️ ခန္ဓာကိုယ်အနှံ့ နေရောင်ကာ လိုးရှင်းတွေ လိမ်းထားရင်တောင်မှ လွတ်သွားတဲ့ တစ်နေရာရှိရင် အဲ့နေရာက နေလောင်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားရဲ့ အပေါ်ဆုံးအလွှာကို ပျက်စီးစေပြီး ရောင်ရမ်းမှုတွေကို ဖြစ်စေတာကြောင့် နေလောင်တဲ့အခါ အသားအရေက နီရဲပြီး ပူလောင်မှုကို ခံစားရတာ ဖြစ်ပါတယ်။ ⭕️ နေလောင်ခြင်းရဲ့ ပထမအဆင့်မှာ အသားရောင်က ပန်းရောင်ဖျော့ဖျော့ကနေ အနီတောက်တောက်ထိ ပြောင်းနိုင်ပြီး ထိလိုက်ရင် နာပါတယ်။ ရက်အနည်းငယ် ကြာတဲ့အခါ သက်သာပျောက်ကင်းပါတယ်။ ဒုတိယအဆင့်ထိ ပိုဆိုးသွားရင်တော့ အသားအရေက အလွန်နီရဲရောင်ရမ်းကာ အရေကြည်ဖုတွေပါ ထွက်လာပါတယ်။ ဒီအခြေအနေမှာ ပျောက်ကင်းဖို့အတွက်က (၂) ပါတ်လောက် ကြာတတ်ပါတယ်။ ပထမအဆင့်ဖြစ်စေ၊ ဒုတိယအဆင့်ဖြစ်စေ နေလောင်ပြီလို့ သတိပြုမိတာနဲ့ ချက်ချင်းကုသရပါမယ်။ ✔️ပထမဦးဆုံး နေပူထဲမထွက်ဘဲ အိမ်ထဲမှာနေပါ။✔️ နာကျင်တာကို သက်သာစေဖို့ ရေချိုးတဲ့အခါ…

Read More

🙌 ချွဲပျော်စေသော Ambroxol

⭕️ ချွဲသလိပ်ဆိုတာ ပုံမှန် ကျန်းမာရေးကောင်းနေတဲ့ အချိန်မှာလည်း နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်ထဲမှာ ခြောက်သွေ့ကွဲအက်ခြင်းကို ကာကွယ်ပေးဖို့အတွက် အလွှာပါးပါးလေးအနေနဲ့ ရှိနေကျဖြစ်ပါတယ်။ သို့သော် ရောဂါပိုးမွှားတွေ ဝင်ရောက်လာရင်ပဲဖြစ်ဖြစ်၊ ဓာတ်မတည့်တာတစ်ခုခု ဝင်လာရင်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ရှူရှိုက်လိုက်မိတဲ့ ဖုန်နဲ့ အညစ်အကြေးတွေ၊ ရောဂါပိုးမွှားတွေကို ဖမ်းဆုပ်ထားဖို့အတွက် ချွဲသလိပ်တွေကို လိုအပ်တာထက်ပိုပြီး ထွက်လာစေပါတော့တယ်။ ထိုအခါ ချောင်းဆိုးရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ 💊 ဒါတွေ သက်သာစေဖို့အတွက် ချွဲသလိပ်ပျော်ဆေးတွေ သောက်သုံးပေးဖို့ လိုအပ်လာပါတယ်။ Ambroxol သည် အသက်ရှူလမ်းကြောင်းရှိ ချွဲသလိပ်များကို ပျော်ဝင်စေသော ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ချွဲများကို ချေဖျက်ပေးသည့်အတွက် အသက်ရှူရ လွယ်ကူသွားစေပါတယ်။ Ambroxol သည် ချွဲသလိပ်တွေ ပိုမထွက်အောင် တားဆီးပေးပြီး သလိပ်ရဲ့ စေးကပ်ပျစ်ခဲမှုကို…

Read More

🙌 ခုခံအား ကျဆင်းမှုရောဂါ ကူးစက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ?

🦠 ပွင့်လင်းမြင်သာမှုရှိလာတဲ့ ယနေ့ခေတ်ကာလမှာ ရောဂါပိုးမွှားတွေဆိုတာလည်း အရင်ကထက် ပိုမိုကူးစက်လွယ်လာပါတယ်။ ဒီထဲမှာဆိုရင် HIV/AIDS လို့ အားလုံးသိကြတဲ့ ခုခံအားကျဆင်းမှု ရောဂါလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ HIV ကူးစက်နိုင်တဲ့ အဓိက အကြောင်းရင်းတွေကတော့⚠️ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ စအိုဖြင့် လိင်ဆက်ဆံခြင်း၊⚠️ လိင်ဆက်ဆံဖော်များခြင်း၊⚠️ လိင်အင်္ဂါတွင် အနာများပေါက်နေခြင်း၊⚠️ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်းနဲ့⚠️ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားချိန်နဲ့ နို့တိုက်ချိန်တွင် HIV ပိုးရှိတဲ့ မိခင်မှ ကလေးကို ကူးစက်စေခြင်းတို့ ဖြစ်ပါတယ်။ HIV ပိုး ကူးစက်ခံထားရသူအချို့သည် ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး (၂) ပတ်မှ (၄) ပတ်အတွင်း❗️ ဖျားခြင်း၊ ကိုယ်ပူခြင်း။❗️ ခေါင်းကိုက်ခြင်း။❗️ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း။❗️ အဖုအပိမ့်ထွက်ခြင်း။❗️ လည်ချောင်းနာခြင်း၊ ပါးစပ်အနာများ ပေါက်ခြင်း။❗️ ဝမ်းပျက်ခြင်း။❗️ ကိုယ်အလေးချိန်ကျခြင်း။❗️…

Read More

❗️ နေပူပူမှာ အပူမရှပ်ရအောင် ❗️

🔆 ပူပြင်းလှတဲ့ နွေရာသီမှာ ခန္ဓာကိုယ်က ချွေးထွက်ခြင်းအားဖြင့် ထွက်လာတဲ့ ချွေးများ အငွေ့ပြန်ရာမှ ကိုယ့်ကိုယ်ကို အေးအောင် လုပ်ဆောင်ပေးပါတယ်။ သို့သော် လေ့ကျင့်ခန်း အလုပ်လွန်ရင်ပဲဖြစ်ဖြစ်၊ ရာသီဥတု အလွန်အမင်း ပူပြင်းရင်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ သဘာဝအလျှောက် အေးအောင် အပူရှိန် လျှော့ချနိုင်စွမ်းက ကျဆင်းသွားပါတယ်။ 💢 ထိုအခါ ချွေးထွက်များခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ သွေးခုန်နှုန်းမြန်ခြင်းတို့ ဖြစ်ပေါ်ပြီး အပူရှပ်တတ်ပါတယ်။ အပူရှပ်ရာကနေ ဖျားနာပြီး သတိလစ်မေ့မြောသည်အထိ ဖြစ်သွားပါက အသက်အန္တရာယ်ရှိစေလို့ အပူရှပ်တဲ့ လက္ခဏာတွေ ပေါ်လာပြီဆိုတာနဲ့ လုပ်လက်စတွေကို ရပ်ထားပြီး အရိပ်ရတဲ့ နေရာ၊ အေးတဲ့နေရာကို ရွှေ့ပြောင်း နားနေခြင်း၊ ရေ (သို့) ဓာတ်ဆားရည် သောက်ခြင်းတို့ လုပ်ဆောင်ရပါမယ်။ ဒါမှ မသက်သာဘူးဆိုရင်တော့ နီးစပ်ရာ…

Read More

👁‍🗨 သိကောင်းစရာ မျက်စိရေတိမ်ရောဂါ

❗️ ရေတိမ်ရောဂါဆိုတာ မျက်လုံးမှ ဦးနှောက်ဆီသို့ အချက်ပြမှုတွေ ပို့ပေးနေတဲ့ မျက်လုံးထဲရှိ အာရုံကြောများ ပျက်စီးခြင်းကြောင့် အမြင်အာရုံ ဆုံးရှုံးမှုကို ဖြစ်စေနိုင်သော မျက်စိရောဂါ ဖြစ်ပါတယ်။ ရောဂါ လက္ခဏာက ဖြည်းဖြည်းချင်းပဲ စဖြစ်တဲ့အတွက် သတိမပြုမိတတ်ပါဘူး။ ⭕️ ရေတိမ်ရှိမရှိ သိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ မျက်စိစစ်ဆေးမှု ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ရေတိမ်ကို စောစီးစွာ သိရှိပြီး ကုသမှု ခံယူပါက ပျက်စီးမှုများကို ရပ်တန့်ကာ အမြင်အာရုံ မဆုံးရှုံးအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ရေတိမ်အမျိုးအစားတွေ အများကြီးရှိတဲ့ထဲမှာမှ အဖြစ်အများဆုံးကတော့ open-angle glaucoma (ထောင့်ပွင့်ရေတိမ်) ဖြစ်ပါတယ်။ 🔺 အပေါ်မှာ ပြောထားတဲ့အတိုင်း အစပိုင်းမှာ လက္ခဏာ မပြပါဘူး။ ဒါကြောင့် ရောဂါရှိတဲ့ လူတစ်ဝက်လောက်က သူတို့မှာ…

Read More

❗️ အစာအိမ် ပိုးဝင်ခြင်း ❗️

💢 H.pylori လို့ အတိုကောက်ခေါ်တဲ့ Helicobacter pylori ဆိုတဲ့ ဘက်တီးရီးယားပိုးက အစာအိမ်ကို ကူးစက်တဲ့အခါ အစာအိမ်အတွင်းသား (သို့) အူသိမ်အပေါ်ပိုင်းမှာ အနာနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေပါတယ်။ တစ်ချို့လူများတွင် အနာကနေ ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ H.pylori ပိုးက ကူးစက်လွယ်တာကြောင့် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံပုံ နှစ်ပုံမှာ H.pylori ရှိနေတတ်ပါတယ်။ သို့သော် လူအများစုမှာတော့ ကူးစက်ခံရတဲ့ လက္ခဏာ ပြလေ့ မရှိပါ။ ⚠️ H.pylori ပိုးကို ဘယ်ကနေ ကူးစက်ပါသလဲ?⭕️ မသန့်ရှင်းသော အစားအသောက်၊ ရေ၊ အိုးခွက်ပန်းကန်များမှတစ်ဆင့်၊⭕️ ပိုးရှိသူ၏ တံတွေး၊ အညစ်အကြေးများမှတစ်ဆင့် ကူးစက်ပါတယ်။ 🔴 H.pylori ပိုးသည် ခန္ဓာကိုယ်ထဲကို ရောက်သွားသည့်အခါ အစာအိမ်အတွင်းပိုင်းမှာ ထပ်မံပွားများပါတယ်။ ထိုမှတစ်ဆင့်…

Read More

🔴 အမျိုးသမီးများအတွက် အရေးပါတဲ့ သံဓာတ်

🔸 အမျိုးသမီးများရဲ့ ခန္ဓာကိုယ်ဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အထူး အာရုံစိုက်ဖို့နဲ့ ဂရုစိုက်ဖို့ လိုအပ်တဲ့ အကူးအပြောင်းကာလတွေ ကြုံရလေ့ ရှိပါတယ်။ ဒီလိုကာလတွေမှာ သံဓာတ်ဆိုတာ အလုံးစုံသော ကျန်းမာရေးအတွက် အရေးပါသော အာဟာရဓာတ် တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ ခန္ဓာကိုယ်ဟာ သံဓာတ်ကို အလုံအလောက် မထုတ်နိုင်တာကြောင့် လိုအပ်တဲ့ ပမာဏကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုလာပါတယ်။ သံဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် နည်းလမ်း(၂)သွယ်ကတော့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းနဲ့ သံဓာတ်အားဆေးများ မှီဝဲခြင်းတို့ ဖြစ်ပါတယ်။ ✔️ ဒီဆောင်းပါးမှာတော့ အမျိုးသမီးတစ်ဦးအနေဖြင့် သံဓာတ်သောက်သုံးပေးခြင်း၏ အရေးပါမှုနဲ့ သံဓာတ်အားဖြည့်ဆေးတွေရဲ့ အသုံးဝင်ပုံကို တင်ပြသွားပါမယ်ရှင်။ 🔺 စွမ်းအင် ပမာဏကို မြှင့်တင်ပေးခြင်း ⭕️ အမျိုးသမီးများသည် နေ့စဉ်ဘဝမှာ တာဝန်များစွာကို ယူထားရတဲ့…

Read More

🌀 ကော်လဂျင် ဆိုတာ လှစေတာထက်ကို ပိုပါတယ်။

➰ ကော်လဂျင်လို့ ကြားလိုက်တာနဲ့ အသားအရေ လှဖို့အတွက်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ ကော်လဂျင်ရဲ့ အကျိုးကျေးဇူးတွေက အသားအရေ လှဖို့ ဆိုတာထက် ပိုပါတယ်။ ခန္ဓာကိုယ်ရှိ ပရိုတင်းဓာတ်များ၏ (၃၀) ရာခိုင်နှုန်းမှာ ကော်လဂျင်တွေ ဖြစ်ပါတယ်။ ထိုကော်လဂျင်တွေကို ခန္ဓာကိုယ်က သဘာ၀အတိုင်း ထုတ်ပေးသော်လည်း အသက် (၂၅) ကျော်တာနဲ့ ကော်လဂျင်ထုတ်နှုန်းက ကျဆင်းလာပါတယ်။ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးထက်လည်း လျော့နည်းလာပါတယ်။ အမျိုးသမီးတွေမှာဆိုရင် သွေးဆုံးပြီးတဲ့အခါ ကော်လဂျင် ထွက်နှုန်းက မရှိသလောက်ကို နည်းပါးသွားပါတယ်။ 💠 အသက်ကြီးလာခြင်းအပြင် နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ အိပ်ချိန်မလုံလောက်ခြင်း၊ အထိုင်များခြင်း၊ အချိုနှင့် ဆီကြော်စာတွေ အစားများခြင်းတို့ကလည်း ကော်လဂျင် ထွက်နှုန်းကို ကျဆင်းစေပါတယ်။ ထိုလျော့နည်းသွားတဲ့ ကော်လဂျင်တွေကို ပြင်ပကနေ…

Read More

💁 “ဦးရေပြား အဆီပြန်လွန်းသူများ အတွက်”

💢 အဆီပြန်နေတဲ့ ဦးရေပြားဟာ သာယာတဲ့ နေရက်တွေကို စိတ်ရှုပ်စရာအဖြစ် ပြောင်းလဲသွားစေပါတယ်။ ရုပ်ထွက်မလှစေတဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပါ ပျောက်ဆုံးသွားစေပါတယ်။ ဒီတော့ ဘာကြောင့် အဆီ အလွန်ထွက်ရတာလဲ။ အဲ့လို မထွက်အောင်ရော ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို သိထားဖို့ လိုပါပြီ။ ❗️ ဦးရေပြားမှာ ပုံမှန် အဆီထွက်တာက ဆံသားကို တောက်တောက်ပြောင်ပြောင်လေး ဖြစ်စေသော်လည်း အဆီထွက် လွန်နေရင်တော့ ဗောက်ထခြင်း၊ ယားယံခြင်း၊ အဖတ်များလန်ခြင်းနှင့် ဆံသား မွှေးညှင်းပေါက်များ ရောင်ခြင်း စတဲ့ ပြဿနာများ ကြုံတွေ့ရပါတယ်။ ပိုပြီး ဆိုးလာရင်တော့ ဘက်တီးရီးယားတွေ ပေါက်ပွားကာ ပိုးဝင်သည်အထိ ဖြစ်နိုင်ပါတယ်။ ဦးရေပြားကို အဆီပြန်လွန်းစေတဲ့ အကြောင်းရင်း (၉) ချက် ရှိပါတယ်။ ⭕️ မျိုးရိုးရှိခြင်း⭕️ ခေါင်းအလျှော်လွန်ခြင်း⭕️ မသန့်ရှင်းသော…

Read More