📌 အိပ်ရေးမဝခြင်းနဲ့ ကျန်းမာရေးကြား ဆက်နွယ်မှု
ယနေ့ခတ်မှာ လူတိုင်းနီးပါးက အိပ်စက်ချိန် နည်းနည်းဖြင့်သာ နေ့ရက်တွေကို ဖြတ်သန်းနေရတာ တွေ့ရပါတယ်။ အလုပ်ပင်ပန်းမှု၊ စိတ်ဖိစီးမှု၊ ဖုန်းနဲ့နည်းပညာသုံးစွဲမှုတို့ကြောင့် အိပ်ချိန်ကနည်းလာတာပါ။ ဒီလို အိပ်စက်ချိန် မလုံလောက်ခြင်းက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်ဆိုတာ ဂရုပြုသင့်ပါတယ်။
😴 ကိုယ်ခံအားကျစေခြင်း
အိပ်ရေးကောင်းကောင်းမဝတဲ့အခါမှာ ကိုယ်ခံအားတွေ တဖြည်းဖြည်းကျဆင်းလာပြီး နောက်ဆုံး ခန္ဓာကိုယ်မှ ပြင်ပက ဝင်လာတဲ့ရောဂါပိုးတွေကို ခုခံနိုင်စွမ်းလျော့နည်းသွားပါတယ်။
ဒါကြောင့်အရင်ကနဲ့မတူဘဲ ဖျားနာလွယ်တာ၊ နေမကောင်းဖြစ်လွယ်တာတွေ ဖြစ်လာပါတယ်။
💊 ဆေးမတိုးတော့ခြင်း
သုတေသနအချို့အရ အိပ်ချိန်နည်းတာက သောက်လိုက်တဲ့ဆေးအပေါ် တုံ့ပြန်နိုင်မှုကို ထိခိုက်စေပြီး ရောဂါသက်သာဖို့ သူများထက် ပိုများတဲ့ ဆေးပမာဏကို သောက်သုံးရတာမျိုး ဖြစ်တတ်ပါတယ်။
🧠 စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်း
အိပ်ရေးမဝလျှင် စိတ်ဖိစီးမှုများလာပြီး နာကျင်တာတွေကိုတောင် ပိုလို့ခံစားရစေပါတယ်။ ဒါကြောင့် သူများတွေထက်စာရင် ဆေးသောက်မှ သက်သာတော့တာမျိုး၊ ဆေးစွဲတာမျိုး ဖြစ်နိုင်ပါတယ်။
✔️ ဒီတော့ အိပ်ရေးဝဝအိပ်ပြီး ကျန်းမာရေးကိုကာကွယ်နိုင်ဖို့
နေ့တိုင်း အနည်းဆုံး ၇ နာရီ အိပ်နိုင်အောင် ကြိုးစားပါ
မအိပ်ခင် ၁နာရီအလိုတည်းက ဖုန်းသုံးတာကို ရှောင်ပါ
နေ့စဉ် အိပ်ချိန်ကို တသမတ်တည်းထားပါ
💚 ကျန်းမာရေးကောင်းဖို့ဆိုတာ ဆေးသောက်တာနဲ့တင် မလုံလောက်ပါဘူး။ အိပ်ရေးဝဝအိပ်ခြင်းကလည်း သဘာဝဆေးတစ်ခုပဲဖြစ်ပါတယ်။ သင့်အိပ်ချိန်ကို ဂရုစိုက်ပေးခြင်းက သင့်အနာဂတ်ကျန်းမာရေးကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်ပါတယ်။