📌 ခရီးသွားဖို့ပြင်ဆင်ချိန်မှာ ကျန်းမာရေးအတွက် မမေ့သင့်တဲ့ အချက် (၅) ချက်

ခရီးထွက်ဖို့ ပြင်ဆင်ရတာက စိတ်ကူးနဲ့တင် ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ခရီးစဉ်တစ်ခုလုံးမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ဆိုရင် ကျန်းမာရေးအတွက် ကြိုတင်စီစဉ်ထားဖို့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ခရီးမထွက်ခင် သတိထားဖို့ အရေးကြီးတဲ့အချက် (၅) ချက်ကို ဇီဝကမှ ချစ်ခြင်းများစွာဖြင့် မျှဝေလိုက်ပါရစေ။

❶ မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆေးဝါးများကို ပြင်ဆင်သွားပါ
ကျန်းမာရေးအတွက် နေ့စဉ်သောက်သုံးရတဲ့ ဆေးဝါးတွေ၊ အချိန်မရွေးဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများအတွက် သက်သာစေမယ့်ဆေးဝါးတွေ (အကိုက်အခဲဖျားနာပျောက်ဆေး၊ ဗိုက်အောင့်ပျောက်ဆေး၊ ဝမ်းပိတ်ဆေး၊ ဝမ်းပျော့ဆေး၊ allergic ပျောက်ဆေး စသဖြင့်) ကို စီစဉ်သွားဖို့ လိုအပ်ပါတယ်။

❷ အရေးပေါ်ကျန်းမာရေးအတွက် First Aid Kit
ခရီးစဉ်အတွင်း ထိခိုက်ဒဏ်ရာရမိနိုင်ခြင်းများအတွက် အခြေခံလိုအပ်တဲ့ အရက်ပြန်၊ ဂွမ်း၊ အနာကျက်လိမ်းဆေး၊ ဒဏ်ကြေလိမ်းဆေး၊ ပတ်တီး၊ ပလာစတာတွေပါတဲ့ အိတ်တစ်ခုကလည်း တောင်တက်ခရီး၊ ကျေးလက်ခရီးတွေမှာ မဖြစ်မနေပါသင့်ပါတယ်။

❸ ရေသောက်ဖို့ကို မမေ့ပါနဲ့
ခရီးသွားရင်း ရေသောက်ဖို့မေ့တတ်တာကြောင့် ခန္ဓာကိုယ်တွင်းရေဓာတ်ခန်းခြောက်မှု ဖြစ်တတ်ပါတယ်။
ပူပြင်းတဲ့ဒေသတွေကို သွားမယ်ဆိုရင် ရေဘူးဆောင်သွားဖို့ သတိရသင့်ပါတယ်။

❹ အစာအာဟာရကို ဦးစားပေးပါ
ခရီးသွားရင် မနက်စာကိုလည်း ပုံမှန်စားပေးပါ။ မသန့်တဲ့အစားအသောက်တွေ စားမိခြင်းက ဝမ်းလျှောခြင်း၊ အစာမကြေခြင်းတွေကို ဖြစ်နိုင်လို့ သင့်လျော်တဲ့အစားအစာရွေးချယ်မှုလိုအပ်ပြီး expiry date စစ်ဆေးဖို့ကိုလည်း မမေ့ပါနဲ့နော်။

❺ လိုအပ်တဲ့ ကာကွယ်ဆေးများ ထိုးနှံသွားပါ
ကိုယ်သွားမယ့်ဒေသပေါ်မူတည်ပြီး တုပ်ကွေးကာကွယ်ဆေး၊ ခွေးရူးပြန်ကာကွယ်ဆေး၊ ဘီပိုးကာကွယ်ဆေး၊ ငှက်ဖျားကာကွယ်ဆေး စတာတွေ ထိုးနှံဖို့လိုသလို နှာခေါင်းစည်း mask များလည်း ဆောင်သွားသင့်ပါတယ်။
✨ အားလုံးနဲ့ပျော်ရွှင်စွာ ခရီးသွားနိုင်ဖို့၊ ခရီးတစ်ခုမှာ အမှတ်တရ ရှိစေဖို့ အရေးကြီးဆုံးက ကျန်းမာရေးကောင်းမွန်ခြင်းဆိုတာကို မမေ့ဘဲ အထက်ပါ အချက်လေးတွေကို သေချာစီစဉ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်ရှင့်။

Leave a Comment