စိတ်ဒဏ်ရာရဲ့ အရိပ်မည်းကို အတူတူရင်ဆိုင်ကျော်ဖြတ်ရအောင်

လူတိုင်းရဲ့ဘဝမှာ မေ့ပစ်ချင်စရာကောင်းတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ၊ စိတ်ဒဏ်ရာတွေ ရှိဖူးကြပါလိမ့်မယ်။ အချိန်က ဆေးဖြစ်တယ်လို့ ပြောလေ့ရှိကြပေမယ့် အချို့သော စိတ်ဒဏ်ရာတွေကတော့ အချိန်ဘယ်လောက်ပဲ ကုန်လွန်ပါစေ၊ နှလုံးသားထဲမှာ အမာရွတ်အဖြစ် ကျန်ရစ်နေတတ်ပါတယ်။ ဒါဟာ စိတ်ဓာတ်ပျော့ညံ့လို့ မဟုတ်ဘဲ PTSD (Post-Traumatic Stress Disorder) လို့ခေါ်တဲ့ “စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှုဝေဒနာ” ကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ဇီဝကဆေးဆိုင်အနေနဲ့ ဒီဝေဒနာအကြောင်းကို မျှဝေပေးပြီး ဘေးနားက မိသားစုဝင်တွေ၊ မိတ်ဆွေတွေပါ အတူတကွ နားလည်ပေးနိုင်ဖို့ တင်ပြပေးချင်ပါတယ်။ 🔍 PTSD ဆိုတာ ဘာလဲ။ ဘယ်လိုအခြေအနေတွေကြောင့် ဖြစ်တတ်လဲ။PTSD ဆိုတာ စိုးရိမ်ထိတ်လန့်စရာ၊ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခုခုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ဖြစ်စေ၊ တခြားသူတစ်ယောက် ကြုံတွေ့နေရတာကို မြင်တွေ့ခဲ့ရလို့ဖြစ်စေ ကြာရှည်စွာ ခံစားရတတ်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခု…

Read More

ဓာတ်ဆားရည် သောက်တဲ့အခါ လူတော်တော်များများ မှားတတ်ကြတဲ့ အချက် (၃) ချက် ❌

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်ဖြစ်ဖြစ်၊ အော့အန်လို့ပဲဖြစ်ဖြစ် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ Oral Rehydration Salts (ORS) လို့ခေါ်တဲ့ ဓာတ်ဆားရည်က အကောင်းဆုံး ဆေးတစ်ခွက်ပါ။ 🙅‍♀️ဓာတ်ဆားရည်ကို အလွယ်တကူ ဖျော်သောက်နေကြပေမယ့် အသုံးပြုပုံ မှားယွင်းနေရင် ခန္ဓာကိုယ်အတွက် အကျိုးမရှိတဲ့အပြင် ဘေးထွက်ဆိုးကျိုးပါ ကြုံရတတ်ပါတယ်။ ဓာတ်ဆားရည် သောက်တဲ့အခါ လူတော်တော်များများ မှားတတ်ကြတဲ့ အရေးအကြီးဆုံး အချက် (၃) ချက်ကို ဇီဝကမှ ဝေမျှလိုက်ပါတယ်ရှင်။🙅‍♂️ ❌အမှား (၁) ဓာတ်ဆားကို ရေနွေးပူပူနှင့် ဖျော်ခြင်း သို့မဟုတ် ဖျော်ပြီးသားကို ပြန်ကြိုခြင်း🙅‍♀️လူတော်တော်များများက ဆေးဆိုရင် နွေးနွေးထွေးထွေးရှိမှ ကောင်းမယ်ဆိုပြီး ဓာတ်ဆားကို ရေနွေးပူပူကြီးနဲ့ ဖျော်တတ်ကြပါတယ်။ ဒါဟာ လုံးဝ မလုပ်သင့်တဲ့ အချက်ပါ။ဘာကြောင့်လဲဆိုရင် ဓာတ်ဆားထုပ်ထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့…

Read More

ရုံးလည်းတက်၊အိမ်အလုပ်လည်းလုပ်ရတဲ့ Working Women တို့အတွက် ကျန်းမာရေးနည်းလမ်းကောင်းများ 👩‍💻✨

ဒီနေ့ခေတ် အမျိုးသမီးအများစုဟာ ရုံးမှာလည်း တာဝန်ကျေပွန်တဲ့ ဝန်ထမ်းကောင်း/ ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြသလို၊ အိမ်ပြန်ရောက်ရင်လည်း မိသားစုရဲ့ ဝေယျာဝစ္စတွေကို မညည်းမညူ လုပ်ဆောင်ပေးနေကြတဲ့ Superwomen တွေ ဖြစ်ကြပါတယ်။ 🦸‍♀️ မနက်ကနေ ညအထိ နားရက်မရှိ အလုပ်လုပ်နေရတာကြောင့် အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတာ၊ အားမရှိသလို ခံစားရတာနဲ့ အလုပ်ပြီးရင် လူကပြိုလဲမတတ် ဖြစ်သွားတာမျိုးတွေ ကြုံဖူးကြမှာပါ။ ခြေကုန်လက်ပန်းကျနေတဲ့နေ့တွေမှာတောင် အလုပ်တွေ ဘယ်လောက်ပဲ များများ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်တွေ အမြဲပြည့်ဝနေစေဖို့ နေ့စဉ် နေထိုင်မှုဘဝမှာ အလွယ်တကူ ပြောင်းလဲနိုင်မယ့် ကျန်းမာရေး လျှို့ဝှက်ချက် (၅) ချက်ကို ဇီဝကမှ ဝေမျှလိုက်ပါတယ်ရှင်။ 💡 ၁။ မနက်စာကို စွမ်းအင်ဖြစ်စေမယ့် အစာအာဟာရမျိုး ရွေးချယ်ပါ 🍳မနက်ပိုင်း အချိန်မရလို့ ကော်ဖီတစ်ခွက်ပဲ သောက်ပြီး…

Read More

အထိုင်များတဲ့ ရုံးဝန်ထမ်းတွေ ကြုံရတတ်တဲ့ ခါးနာ၊ ဇက်ကြောတက်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ🥰

ရုံးခန်းထဲမှာ တစ်နေ့ကို (၈) နာရီ ဒါမှမဟုတ် ဒီထက်မက ကွန်ပျူတာတစ်လုံး၊ ဖုန်းတစ်လုံးနဲ့ အလုပ်လုပ်နေရတဲ့ ရုံးဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ညနေပိုင်းရောက်ရင် ဇက်ကြောတွေ တောင့်တင်းလာတာ၊ ပခုံးနဲ့ ခါးတွေ နာကျင်ကိုက်ခဲလာတာမျိုးတွေကို နေ့စဉ် ခံစားနေရပြီလား။😢ဒါကို ဆေးပညာအရ Office Syndrome (ရုံးဝန်ထမ်းရောဂါ) လို့ ခေါ်ပြီး အချိန်ကြာလာတာနဲ့အမျှ ကြွက်သားတွေ နာတာရှည် ထိခိုက်တာ၊ အရိုးအဆစ် လွဲတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဆေးခန်း ခဏခဏ မပြရဘဲ နေ့စဉ်လုပ်ငန်းခွင်မှာတင် အလွယ်တကူ သက်သာစေမယ့် နည်းလမ်းကောင်း (၅) ချက်ကို ဇီဝကမှ မျှဝေလိုက်ပါတယ်ရှင်။ 🥰🥰 1️⃣ မှန်ကန်သော ကိုယ်နေဟန်ထားကို ပြောင်းလဲပါခါးနာ၊ ဇက်ကြောတက်ရခြင်းရဲ့ အဓိကတရားခံက ထိုင်ခုံနဲ့ ကွန်ပျူတာ အနိမ့်အမြင့် မမျှတတာကြောင့် ဖြစ်ပါတယ်။ကွန်ပျူတာ…

Read More

မိုးမိပြီး ဖျားတော့မယ်လို့ ခံစားရရင် အိမ်မှာ အရေးပေါ် ဘာတွေလုပ်ထားသင့်လဲ⁉️

🌧 မိုးရာသီအစ ဇွန်လရောက်ပြီဆိုရင် ရာသီဥတုက ရုတ်တရက် အပူအအေး မမျှတတာ၊ မိုးရေထဲ လမ်းလျှောက်မိတာ ဒါမှမဟုတ် မိုးဖွဲဖွဲလေးမိရုံနဲ့တင် ဖျားချင်သလိုလို၊ ခေါင်းကိုက်သလိုလို၊ တစ်ကိုယ်လုံး ကိုက်ခဲပြီး ချမ်းစိမ့်စိမ့်ဖြစ်လာတတ်ပါတယ်။အထူးသဖြင့် အလုပ်ကိစ္စနဲ့ အပြင်သွားရတဲ့ ရုံးဝန်ထမ်းတွေ၊ လုပ်ငန်းခွင်ဝင် လူငယ်တွေနဲ့ ခုခံအားနည်းတဲ့ ကလေး၊ သက်ကြီးရွယ်အိုတွေမှာ ပိုအဖြစ်များပါတယ်။ ဖျားတော့မယ်လို့ လက္ခဏာပြလာပြီဆိုရင် အိပ်ရာထဲ လဲမသွားရအောင် အိမ်မှာတင် အရေးပေါ် ကြိုတင်ဂရုစိုက်လို့ရမယ့် နည်းလမ်းကောင်းတွေကို ဇီဝကမှ မျှဝေလိုက်ပါတယ်ရှင်။ 👇👇 1️⃣ ရေနွေးနွေးနဲ့ အမြန်ဆုံး ရေချိုး/ခေါင်းလျှော်ပစ်ပါမိုးမိလာပြီးနောက် အရေးကြီးဆုံးက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့ပါ။ မိုးရေထဲမှာ ပါလာတဲ့ ဖုန်မှုန့်တွေနဲ့ ပိုးမွှားတွေကြောင့် ဖျားနာခြင်း မဖြစ်ရအောင် အိမ်ပြန်ရောက်တာနဲ့ ရေနွေးနွေးလေးနဲ့ ကိုယ်လက်သန့်စင်ပါ။ မိုးရေစိုထားတဲ့ ခေါင်းကိုလည်း…

Read More

မိုးရာသီမှာ သွေးလွန်တုပ်ကွေးကို ကာကွယ်ကြမယ်

☔️ မိုးရာသီမှာ မိသားစုဝင်တွေနဲ့ ကလေးငယ်တွေ သွေးလွန်တုပ်ကွေးအန္တရာယ်ကနေ ကင်းဝေးစေဖို့အတွက် ဇီဝကဆေးဆိုင်မှ ကျန်းမာရေးအသိပညာပေး ဆောင်းပါးတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်ရှင့်။ မြန်မာနိုင်ငံရဲ့ မိုးရာသီမှာ အဖြစ်များဆုံးနဲ့ အန္တရာယ်အရှိဆုံးကတော့ ခြင်ကတစ်ဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေး ရောဂါပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီး သတိထားရပါမယ်။ ⚠️⚠️ သွေးလွန်တုပ်ကွေး လက္ခဏာများရောဂါပိုးရှိတဲ့ခြင် ကိုက်ခံရပြီး (၄) ရက်ကနေ (၁၀) ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။⭕️ ၁၀၄ ဒီဂရီဖာရင်ဟိုက် အထိ ကိုယ်ပူပြင်းခြင်း။⭕️ ခေါင်းအပြင်းအထန်ကိုက်ခြင်းနှင့် မျက်လုံးအိမ်နောက်ဘက်မှ ကိုက်ခဲခြင်း။⭕️ ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်ခြင်း။⭕️ အော့အန်ခြင်း၊ နုံးချိခြင်းနှင့် ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း။ဒုတိယအကြိမ် သွေးလွန်တုပ်ကွေး ပြန်ဖြစ်သူများတွင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်တတ်ပါသဖြင့် အထူးဂရုစိုက်သင့်ပါတယ်။ ဘယ်လိုအချိန်မှာ ဆေးရုံ/ဆေးခန်း အမြန်သွားရမလဲ ⁉️အဖျားကျသွားပြီးနောက်…

Read More

ကျောရိုးဆစ်ကျိုးခြင်းက ဘာကြောင့် ဖြစ်တာလဲ❓

‼️ အသက် (၆၀) ကျော်အရွယ်မှာ လက္ခဏာမပြဘဲ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ ကျောရိုးဆစ်ကျိုးခြင်း (Vertebral Fractures) အကြောင်းကို ဇီဝကဆေးဆိုင်မှ ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်ရှင်။ ကျောရိုးဆစ်ကျိုးခြင်းက ဘာကြောင့် ဖြစ်တာလဲ❓အဓိက အကြောင်းရင်းမှာ အရိုးပွရောဂါ (Osteoporosis) ကြောင့် ဖြစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆ လျော့နည်းလာပြီး ကျွတ်ဆတ်လာတဲ့အခါ⭕️ သာမန်လှုပ်ရှားမှုများဖြစ်တဲ့ အလေးအပင် မခြင်း၊ ရုတ်တရက် ခါးကို ကုန်းလိုက်ခြင်း သို့မဟုတ် လှည့်လိုက်ခြင်း။⭕️ အသေးအမွှား ထိခိုက်မှုဖြစ်တဲ့ လှေကားထစ်ကို အရှိန်နဲ့ ဆင်းမိတာ ဒါမှမဟုတ် ချော်လဲရုံလောက်နဲ့တင် ကျောရိုးဆစ်လေးတွေဟာ ဖိသိပ်ပြီး ကျိုးအက်သွားနိုင်ပါတယ်။⭕️ အာဟာရ ချို့တဲ့ကာ ကယ်လ်စီယမ်၊ ဗီတာမင် D နဲ့ ပရိုတင်းဓာတ် လုံလောက်စွာ မရရှိခြင်းက အရိုးတွေကို…

Read More

နေ့စဥ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကြားမှာ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ

💁🏻‍♀️မနက်နိုးနိုးချင်းမှာတင် ဘာအလုပ်မှမလုပ်ရသေးဘဲ စိတ်ရောလူရော ပင်ပန်းနွမ်းနယ်နေပြီလား… အလုပ်တွေပုံနေလို့ စိတ်ဖိစီးတာထက် ဘာကိုမှအာရုံစိုက်မရတော့ဘဲ စိတ်ကုန်လူပန်းဖြစ်နေတာက ပိုပြီးပင်ပန်းရပါတယ်။ 🤗တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့ မေ့လျော့နေတတ်တဲ့ ဒီလိုနေ့စဉ်ဘဝတွေမှာ Burnout ဖြစ်ခြင်းကို အကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ဒီအချက်လေးတွေကို အတူတူလုပ်ကြည့်ရအောင်နော်။ ☑️ပြန့်ကျဲနေတဲ့ စိတ်တွေကို ပြန်လည်စုစည်းတည်ငြိမ်သွားအောင် လုပ်ပေးဖို့ ၅ မိနစ်လောက်ပဲဖြစ်ဖြစ် ဖုန်းကိုချထားပြီး အသက်ပြင်းပြင်းရှူပေးပါ။ ☑️အိပ်ရေးပျက်တာက စိတ်ဖိစီးမှုကို ပိုဆိုးစေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဂရုစိုက်ပေးပါ။ ☑️အလုပ်များလွန်းလို့ အစာမှန်မှန်မစားဖြစ်တာ၊ ဗီတာမင်ဓာတ် လိုအပ်တာတွေကလည်း လူကို ပိုပြီးပင်ပန်းစေတာကြောင့် အချိန်မှန်မှန်၊အာဟာရပြည့်ပြည့် စားပေးပါ။ Jivaka Pharmacy အနေနဲ့ မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝမှာ ကျန်းမာလန်းဆန်းနေစေဖို့ အမြဲဆန္ဒရှိပါတယ်။ 💜ဒါကြောင့် ဆေးဝါးတွေတင်မကဘဲ စိတ်ရောလူရော ကျန်းမာကြံ့ခိုင်စေမယ့် အားဆေးနဲ့ ဖြည့်စွက်စာတွေ၊ ကျန်းမာရေးဆိုင်ရာ…

Read More

အသက် (၇၀) ကျော်မှာ သတိမထားမိဘဲ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ အသံတိတ် အယ်လ်ဇိုင်းမားရောဂါ 

မိဘ၊ ဘိုးဘွားတွေက ကျန်းမာရေးလည်း ကောင်းတယ်၊ စကားပြောတာလည်း ပုံမှန်ပဲ၊ ဘာလက္ခဏာမှလည်း မပြဘူး… ဒါပေမဲ့ သူတို့ရဲ့ ဦးနှောက်ထဲမှာ ရောဂါတစ်ခုက အမြစ်တွယ်နေနိုင်တယ်ဆိုရင်ရော ယုံနိုင်ပါ့မလား❓ ဒီရောဂါကတော့ အသက် (၇၀) နဲ့ (၇၉) နှစ်ကြား လူကြီးတွေမှာ လက္ခဏာမပြတတ်ဘဲ အများဆုံးဖြစ်လေ့ရှိပြီး အပြင်ပန်းကြည့်ရင် လုံးဝမသိသာတဲ့ “Preclinical Alzheimer’s Disease” ဖြစ်ပါတယ်။ ဒီရောဂါအကြောင်းကို Jivaka Pharmacy ကနေ ဒီနေ့ အသေးစိတ် မျှဝေပေးချင်ပါတယ်။ Preclinical Alzheimer’s ဆိုတာ ဘာလဲ❓အယ်လ်ဇိုင်းမားရောဂါဟာ တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ မှတ်ဉာဏ်တွေ မချို့ယွင်းခင်၊ စကားတွေ ထစ်မလာခင် ဆယ်စုနှစ်နဲ့ချီပြီး ဦးနှောက်ထဲမှာ ပြောင်းလဲမှုတွေ ကြိုတင်ဖြစ်ပေါ်နေတာပါ။ ဒီအဆင့်ကို “Preclinical” (ရောဂါလက္ခဏာ မပြမီအဆင့်) လို့ ခေါ်ပါတယ်။ ဦးနှောက်ထဲမှာ…

Read More

🌐World Health Organization (WHO) ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာ

🌐 WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မပေါ်ပေါက်ခင်ကတည်းက ကမ္ဘာတစ်ဝန်းမှာ ကာလဝမ်းရောဂါနဲ့ ပလိပ်ရောဂါလိုမျိုး ကူးစက်ရောဂါတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ၁၈၅၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းရေးညီလာခံ (International Sanitary Conferences) ဟာ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေရဲ့ ကနဦးခြေလှမ်းလို့ ဆိုနိုင်ပါတယ်။👣 ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂ (United Nations) ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူသားအားလုံး အမြင့်ဆုံးကျန်းမာရေး အဆင့်အတန်းကို ရရှိခံစားနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတစ်ခု လိုအပ်ကြောင်း ဘရာဇီးနဲ့ တရုတ်နိုင်ငံတို့က အဆိုတင်သွင်းခဲ့ကြပါတယ်။🤝 ဒါကြောင့် ၁၉၄၆ ခုနှစ်၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးညီလာခံမှာ နိုင်ငံပေါင်း (၆၁) နိုင်ငံက WHO ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။…

Read More