Uncategorized
💁🏻♀️မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါတွေကနေ ဘယ်လိုကာကွယ်မလဲ?
🌧မိုးရာသီရောက်လာပြီဆိုတော့ အေးမြတဲ့အငွေ့အသက်နဲ့အတူ ရောဂါဘယတွေကလည်း အမြဲကပ်ပါလာတတ်ပါတယ်။ 💁🏻♀️အခုလို မိုးရာသီမှာ အအေးမိ၊ နှာစေးရုံတင်မကဘဲ ကိုယ်မသိလိုက်ဘဲ ကပ်ပါလာတတ်တဲ့ ရောဂါပိုးတွေက ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်။ဒီလိုရာသီမှာ အဓိကသတိထားရမယ့် အချက် (၃) ချက်ရှိပါတယ် … 💌ရေသန့်သန့်သောက်ဖို့နဲ့ အစားအသောက်သတိထားဖို့က ပထမဦးစားပေးအချက်ပါ။မိုးတွင်းမှာ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အစာအဆိပ်သင့်တာတွေက အဖြစ်အများဆုံးမလို့ လမ်းဘေးစာတွေထက် အိမ်မှာချက်တဲ့ ပူပူနွေးနွေးအစားအစာတွေကို ပိုဦးစားပေးစားပေးပါ။ 💌ခြင်အန္တရာယ်ကို အထူးသတိပြုပါ။အိမ်ပတ်ဝန်းကျင်မှာ ရေတင်ကျန်တာမျိုးမရှိအောင် ဂရုစိုက်ပြီး ခြင်မကိုက်အောင် နေထိုင်ဖို့လိုအပ်ပါတယ်။ 💌ကိုယ်ခံအားစနစ် မြှင့်တင်ထားပါ။ရုတ်တရက် ရာသီဥတုအပြောင်းအလဲမှာ ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်အောင် ဗီတာမင်စီနဲ့ လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးသင့်ပါတယ်။ဒါ့အပြင် မိုးရာသီမှာအဖြစ်များတဲ့ ရာသီတုပ်ကွေးဒဏ်ကနေ ကာကွယ်နိုင်ဖို့အတွက်လည်း တုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားဖို့ တိုက်တွန်းပါရစေ။နေမကောင်းမှ ဆေးဆိုင်ပြေးတာထက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတာက အကောင်းဆုံးပါ။ 🤗ဇီဝကဆေးဆိုင်မှာဆိုရင် မိုးရာသီအတွက်…
Read More✨ အပူဒဏ်ကြောင့် အသက်အန္တရာယ် မထိခိုက်စေဖို့ Heatstroke ကာကွယ်ရေးလမ်းညွှန်
🌡 မြန်မာနိုင်ငံတစ်ဝှမ်း အပူချိန်က တစ်နေ့ထက်တစ်နေ့ စံချိန်တင် မြင့်တက်နေတာကြောင့် အပြင်ထွက်သွားလာသူတွေအနေနဲ့ အပူလျှပ်ခြင်း (Heatstroke) အန္တရာယ်ကို အထူးသတိထားဖို့ လိုအပ်လာပါတယ်။ ✨ အပူဒဏ်ကြောင့် အသက်အန္တရာယ် မထိခိုက်စေဖို့အတွက် Jivaka Pharmacy မှ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် လမ်းညွှန်ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။ ✅ လုပ်ဆောင်သင့်သည့် အချက်များ 🟧 ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ တစ်နေ့တာလုံး ရေကို ခပ်စိပ်စိပ် သောက်ပေးပါ။ လိုအပ်ပါက ဓာတ်ဆားရည် သောက်သုံးပေးနိုင်ပါတယ်။ 🟧 ချည်သားကဲ့သို့ လေဝင်လေထွက်ကောင်းပြီး အရောင်ဖျော့တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ 🟧 အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်များ အသုံးပြုပြီး Sunscreen ကိုလည်း မမေ့မလျော့ လိမ်းပေးပါ။ 🟧 အပူချိန်ပြင်းချိန်တွင်…
Read More🤔ရာသီအကူးအပြောင်းမှာ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
မြန်မာနိုင်ငံရဲ့ လက်ရှိရာသီဥတုက တကယ်ပဲ ခန့်မှန်းရခက်ပါတယ်။ မနက်ပိုင်းမှာ ပူချင်ပူနေပြီး ညနေပိုင်းမှာ မိုးက ရုတ်တရက်သည်းကြီးမဲကြီး ရွာချတတ်တာမျိုးပါ။ ဒီလို အပူအအေးမမျှတတဲ့ ရာသီအကူးအပြောင်းမှာ ရာသီတုပ်ကွေးဗိုင်းရပ်စ်တွေ အလွယ်တကူ ဝင်ရောက်တတ်ပါတယ်။ 🤔 ဘာကြောင့် အခုလိုအချိန်မှာ ပိုဖြစ်ရတာလဲ?အပူချိန် ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိမှုစနစ် (Thermoregulation) က အလုပ်ပိုလုပ်ရလို့ ကိုယ်ခံအား ခဏတာကျဆင်းသွားတတ်ပါတယ်။ လေထုထဲမှာလည်း စိုထိုင်းဆများလာတာကြောင့် ဗိုင်းရပ်စ်တွေပိုမိုပွားများလာတာကြောင့်ဖြစ်ပါတယ်။ 🤒 ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?ရိုးရိုးအအေးမိတာထက် တုပ်ကွေးက လူကိုပိုပြီးပင်ပန်းစေပါတယ်။ ▫️ ကိုယ်အပူချိန် ရုတ်တရက်တက်လာခြင်း ▫️ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း ▫️ နှာစေး၊ နှာပိတ်ခြင်း ▫️ ခြေကုန်လက်ပန်းကျပြီး နုံးချိခြင်း ▫️ ကြွက်သား၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း 🛡 ရာသီတုပ်ကွေးကာကွယ်ဖို့ နည်းလမ်းကောင်းများတုပ်ကွေးကကူးစက်မြန်တာကြောင့်…
Read Moreအူမကြီးအတွင်းက “ပုန်းလျှိးကွယ်လျှိး” အဖုအကျိတ်လေးများ (Colon Polyps) အကြောင်း 🔍
အသက် ၅၀ ကျော်လာပြီဆိုရင် ဒါကို လုံးဝ လျစ်လျူမရှုသင့်ပါဘူး။ ❌မိမိကိုယ်မိမိ ကျန်းမာတယ်လို့ ထင်နေရပေမယ့် ခန္ဓာကိုယ်ထဲမှာ လက္ခဏာမပြဘဲ တိတ်တဆိတ် ကြီးထွားနေတတ်တဲ့ အရာလေးတွေ ရှိတတ်ပါတယ်။ အဲ့ဒါကတော့ Colon Polyp လို့ခေါ်တဲ့ အူမကြီးအသားပို အဖုအကျိတ်လေးတွေပဲ ဖြစ်ပါတယ်။ 🩺အထူးသဖြင့် အသက် (၅၀) နဲ့ (၅၉) နှစ်ကြားမှာ ဒီအသားပိုလေးတွေ ဖြစ်ပွားနိုင်ခြေ ပိုများလာတတ်ပါတယ်။ ၁။ Colon Polyp ဆိုတာ ဘာလဲ? 🤔အူမကြီးရဲ့ အတွင်းဘက် နံရံမှာ ဖြစ်ပေါ်လာတဲ့ ဆဲလ်အစုအဝေးလေးတွေ ဖြစ်ပါတယ်။ အများစုကတော့ အန္တရာယ်မရှိတဲ့အဆင့်မှာ ရှိနေတတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အချို့သော အဖုလေးတွေကနေ အူမကြီးကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ⚠️ ၂။ ဘာကြောင့် “ပုန်းလျှိုးကွယ်လျှိုး” လို့…
Read Moreဆီးချိုရောဂါကိုမျက်ကွယ်ပြုမိနေပြီလား
💁🏻♀️ ဆီးချိုရောဂါဟာ အစောပိုင်းမှာ လက္ခဏာမပြဘဲ တိတ်တဆိတ်ဝင်ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာ နောက်ဆက်တွဲပြဿနာတွေနဲ့အတူ အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်တာကြောင့် လုံးဝ(လုံးဝ) မပေါ့ဆသင့်ပါဘူး။ 📌ရေအများကြီးသောက်ပြီးတာတောင် ရေဆာမပြေခြင်း 📌အိပ်ရေးပျက်စေတဲ့အထိ ဆီးခဏခဏသွားချင်နေခြင်း 📌လှုပ်ရှားမှုအနည်းငယ်လုပ်ရုံနဲ့ အလွန်အမင်း မောပန်းသလို ခံစားနေရခြင်း 📌အနာကျက်နှေးပြီး အရေပြားယားယံခြင်း စတဲ့လက္ခဏာတွေ ခန္ဓာကိုယ်မှာ ခဏခဏဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးကို ပြန်စစ်ဆေးဖို့ လိုအပ်နေပါပြီ။ 🥰ကာကွယ်ခြင်းက အကောင်းဆုံးကုသခြင်းဖြစ်လို့ ဒီလိုလက္ခဏာတွေ ခံစားလာရပြီဆိုတာနဲ့ မှန်ကန်တဲ့စစ်ဆေးကုသမှုတွေကို အမြန်ဆုံးခံယူလိုက်ပါရှင်။ 🏠ဇီဝကဆေးဆိုင်(၁) လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။ 🏠ဇီဝကဆေးဆိုင်(၂) လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။ 🏠ဇီဝကဆေးဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။ 🏠ဇီဝကဆေးဆိုင်(၄) ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။
Read Moreညဘတ်အိပ်မပျော်တဲ့ရောဂါကိုဘယ်လိုကုစားကြမလဲ
💁♀️လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ ညဘက် အိပ်မပျော်ခြင်းက သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင်နိုင်စွမ်းနဲ့ ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ တကယ်တော့ အိပ်ပျော်ဖို့ဆိုတာ နည်းလမ်းကောင်းလေးတွေ သိထားရင် မခက်ခဲပါဘူး။ သဘာဝအတိုင်း အိပ်ချိန်တိုးတက်အောင် လုပ်ဆောင်ရန် နည်းလမ်းလေးတွေကို ဇီဝကမှ ချစ်ခြင်းများစွာဖြင့် မျှဝေပေးလိုက်ပါတယ်… 🟪နေ့စဉ် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်ကို အချိန်မှန်မှန် သတ်မှတ်ထားပါ။ 🟪အိပ်ခါနီး အနည်းဆုံး မိနစ် ၃၀ (သို့မဟုတ်) ၁ နာရီအလိုကတည်းက ဖုန်းကို လက်ကချထားပါ။ 🟪အိပ်ခန်းကို မှောင်နေအောင်နဲ့ အေးမြနေအောင် အခန်းကိုထားရှိပါ။ 🟪အိပ်ခါနီး အစာအများကြီး စားတာမျိုး၊ အရမ်းစပ်သော အစားအစာများကို စားတာမျိုးအား ရှောင်ကြဉ်ပါ။ 🟪ညနေပိုင်းတွေမှာ ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်၊ ကော်ဖီတို့ကို ရှောင်ကြဉ်ပါ။ 🟪အိပ်ခါနီး ရေနွေးနွေးလေးနဲ့ ရေချိုးတာ…
Read Moreတုပ်ကွေးရာသီမှာ အချိန်မီကာကွယ်ဖို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ
💁♀️ရာသီဥတု အကူးအပြောင်းမှာ တုပ်ကွေးဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တာ ဓမ္မတာပါ။နေမကောင်းဖြစ်မှ ဆေးကုတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာက အကောင်းဆုံးမို့ Jivaka Pharmacy ကနေ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို မျှဝေပေးလိုက်ပါတယ်။တုပ်ကွေးရာသီကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ဖို့ဆို ဒီအချက် (၄) ချက်ကို မမေ့ပါနဲ့နော် … 🧼 တစ်ကိုယ်ရည် သန့်ရှင်းရေးအပြင်ကပြန်လာတိုင်း လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။ လူထူထပ်တဲ့ နေရာတွေသွားရင် Mask တပ်ဖို့ မမေ့ပါနဲ့။ လက်မဆေးဘဲ မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကိုင်တွယ်တာကို ရှောင်ကြဉ်ပေးရပါမယ်။ 🏡 ပတ်ဝန်းကျင် သန့်ရှင်းရေးမိမိတို့ အမြဲကိုင်တွယ်နေတဲ့ ဖုန်း၊ တံခါးလက်ကိုင်နဲ့ ကွန်ပျူတာ Keyboard တွေကို ပိုးသတ်ဆေး Spray (သို့မဟုတ်)…
Read MoreH. pylori ဆိုတာ ဘာလဲ
🥵 အစာအိမ်ရောဂါလို့ ပြောလိုက်ရင် လူတိုင်းလိုလို ခံစားဖူးကြပါတယ်။ ဒါပေမဲ့ အဲဒီအစာအိမ်နာရခြင်းရဲ့ တကယ့်တရားခံက H. pylori (Helicobacter pylori) ဆိုတဲ့ ဘက်တီးရီးယားပိုး ဖြစ်နေတတ်တာကိုတော့ သတိမထားမိကြတာများပါတယ်။ ‼️လူငယ်တွေနဲ့ မိဘတွေ သိထားသင့်တဲ့ H. pylori အကြောင်းကို ဇီဝကမှ စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ စုစည်းဖော်ပြလိုက်ပါတယ်ရှင့်။💜 H. pylori ဆိုတာ ဘာလဲ⁉️အစာအိမ်ရဲ့ အက်ဆစ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဘက်တီးရီးယားလို့တောင် ပြောလို့ရပါတယ်။ သူက အစာအိမ်နံရံမှာ ကပ်တွယ်ပြီး အနာဖြစ်စေသလို၊ ရေရှည်မှာ ကုသမှုမခံယူရင် အစာအိမ်ကင်ဆာအထိ ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိသောပိုးတစ်မျိုး ဖြစ်ပါတယ်။ အသက် (၁၀) နှစ်ကနေ (၁၉) နှစ်ကြားမှာ ဘာလို့ H. pylori ပိုးက “ပုန်းလျှိုးကွယ်လျှိုး” ရှိနေတာလဲ⁉️ဆယ်ကျော်သက်အရွယ်မှာ…
Read More🦠 ရာသီအလိုက် ဓာတ်မတည့်မှုများ
ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ လေနှင့်အတူ ပါလာသော မိမိနှင့် မတည့်သည့် အရာအား ထိတွေ့မိရာမှ ဓာတ်မတည့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။ ဓာတ်မတည့်မှု အဖြစ်များစေသော အရာများမှာ 🌻 ပန်းဝတ်မှုန်နှင့် ဖုန်မှုန့်များဖြစ်ပြီး 🐈 ကြောင်၊ 🐕 ခွေးနှင့် အခြားတိရစ္ဆာန်များမှ ကျွတ်ထွက်လာသော အမွှေးအမျှင်လေးတွေကလည်း ဓာတ်မတည့်မှုကို ဖြစ်စေပါတယ်။ လူတစ်ဦးနှင့်တစ်ဦး ဓာတ်မတည့်မှုပေါ်မူတည်၍ ☀️ နွေဦး၊ နွေရာသီနှင့် ❄️ ဆောင်းဦးရာသီများတွင် ဓာတ်မတည့်မှုများ အဖြစ်များပါတယ်။ နွေဦးပေါက်ရာသီနှင့် ဆောင်းဦးရာသီတွင် 💐 ပန်းဝတ်မှုန်များကြောင့်၊ နွေရာသီတွင် 🌾 ကောက်ရိုးစပါးများကြောင့် ဓာတ်မတည့်မှုများ ပိုဖြစ်လေ့ရှိကာ အိမ်မွေးတိရိစ္ဆာန်များ၊ ဖုန်မှုန့်များနှင့် ပိုးဟပ်အမှုန်အမွှားများကြောင့်က တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်မှု လက္ခဏာများတွင်⭕️ နှာချေခြင်း၊ ချောင်းဆိုးခြင်း⭕️ နှာရည်ယိုခြင်းနှင့် နှာပိတ်ခြင်း⭕️…
Read More✨သားဥအိမ် ကျန်းမာဖို့ဆို Inositol ကို မမေ့နဲ့နော်✨
✳️ သားအိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ သားဥအိမ် (၁) လုံးစီ ရှိပါတယ်။ သားဥအိမ်တွေက သားဥတွေကို သိုလှောင်ထားပေးပြီး တစ်လတစ်ခါ သားဥကြွေစေပါတယ်။ ရာသီစက်ဝန်းမှန်ဖို့နှင့် ကိုယ်ဝန် ဆောင်နိုင်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ထိုသားဥအိမ်တွေက ဟော်မုန်းတွေကို ပုံမှန်ထက်ပိုပြီး ထုတ်တဲ့အခါ PCOS (သားဥအိမ် ရေအိတ်တည်ရောဂါ) ကို ဖြစ်စေပါတယ်။ ဟော်မုန်း မမျှတတော့တဲ့အတွက် ဝက်ခြံထွက်ခြင်း၊ မျက်နှာ အမွှေးအမျှင်ထူခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အဝလွန်ခြင်း၊ ဓမ္မတာမမှန်ခြင်းနှင့် ကလေးမရနိုင်ခြင်းတို့ ဖြစ်လာပါတယ်။ ✳️ အင်ဆူလင်ဆိုတာ စားလိုက်တဲ့ အစားအစာတွေထဲက သကြားဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ PCOS ဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း အသုံးမချနိုင်တော့ပါဘူး။ ထိုအခါ သွေးထဲမှာ သကြားဓာတ်တွေ များလာပြီး…
Read More