📱 DIGITAL DETOX
ဒီနေ့ခေတ်မှာ မနက်အိပ်ရာနိုးတာနဲ့ ဖုန်းကိုင်၊ အလုပ်လုပ်ရင်း Noti တက်လာတာတွေစစ်၊ အားတဲ့အချိန် Social Media တွေ Scroll လုပ်ပြီး ညအိပ်ရာဝင်ချိန်အထိ Screen နဲ့ မခွာနိုင်တော့တာဟာ လူအများစုရဲ့ နေ့စဉ်ဘဝထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။
ခန္ဓာကိုယ်ကျန်းမာရေးအတွက် Detox လုပ်ကြသလိုပဲ ကျွန်ုပ်တို့ရဲ့ အာရုံစူးစိုက်မှုနဲ့ စိတ်ကျန်းမာရေးအတွက်လည်း Digital Detox လုပ်ဖို့ လိုအပ်လာပါတယ်။
💡 Digital Detox ဆိုတာ ဘာလဲ?
Digital Detox ဆိုတာ Smartphone၊ Tablet၊ Computer၊ TV နဲ့ Social Media စတဲ့ Digital Device တွေကို အချိန်အတိုင်းအတာတစ်ခုအတွင်း ရည်ရွယ်ချက်ရှိရှိ လျှော့သုံးခြင်း၊ ခဏတာ အနားပေးခြင်း ကို ဆိုလိုပါတယ်။
🌱 Digital Detox လုပ်ခြင်းရဲ့ အကျိုးကျေးဇူးများမှာ
အာရုံစူးစိုက်မှု ပိုကောင်းလာခြင်း
စိတ်ဖိစီးမှု လျော့နည်းစေခြင်း
အိပ်စက်မှု အရည်အသွေး ပိုကောင်းလာခြင်း
မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ပိုပေးနိုင်ခြင်းနှင့်
ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖြစ်လာခြင်းတို့ ဖြစ်ပါတယ်။
📵 Digital Detox လုပ်ဖို့ အလွယ်တကူ လိုက်လုပ်နိုင်တဲ့ နည်းလမ်း (၈) ချက်
① မနက် အိပ်ရာနိုးနိုးချင်း ဖုန်းသုံးမယ့်အစား ရေသောက်တာ၊ မျက်နှာသစ်တာ၊ မနက်စာစားတာနဲ့ နေ့တစ်နေ့ကို စတင်ကြည့်ပါ။
② မလိုအပ်တဲ့ Notification တွေကို ပိတ်ထားပါ။
③ ဖုန်းမကိုင်ရတဲ့အချိန်ကို သတ်မှတ်ပြီး ထိုအချိန်တွေမှာ ဖုန်းကို ခဏချထားတဲ့ အလေ့အကျင့်လုပ်ပါ။ ဥပမာ ထမင်းစားနေချိန်၊ မိသားစုနဲ့ အချိန်ပေးချိန်၊ စာဖတ်ချိန်
④ တစ်နေ့ကို ဖုန်းဘယ်လောက်ကြာကြာ သုံးနေလဲ သိအောင် Screen Time ကို မှတ်ထားပါ။ သိမှ ဖြည်းဖြည်းချင်း လျှော့လို့ရမှာပါ။
⑤ ခဏပဲ ကြည့်မယ် ဆိုပြီး စလိုက်တာနဲ့ အချိန်တွေကုန်သွားတတ်ပါတယ်။ Social Media အသုံးပြုချိန်ကို သတ်မှတ်ထားပြီး အဲဒီအချိန်ကျော်ရင် ရပ်တန့်ပါ။
⑥ စာလုပ်နေချိန်၊ အလုပ်လုပ်နေချိန်မှာ ဖုန်းကို လက်လှမ်းမီတဲ့နေရာမှာ ထားမယ့်အစား မျက်စိရှေ့ကနေ ဖယ်ထားပါ။
⑦ ဖုန်းမသုံးဘူး ဆိုတာထက် ဖုန်းမသုံးတဲ့အချိန်မှာ ဘာလုပ်မလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
ထိုအချိန်မှာ စာဖတ်ပါ၊ လမ်းလျှောက်ပါ၊ ဝါသနာပါရာလုပ်ပါ၊ သဘာဝနဲ့ အချိန်ဖြုန်းပါ၊ မိသားစု သူငယ်ချင်းတွေနဲ့ စကားပြောပါ။
⑧ Digital Detox လုပ်ဖို့ တစ်ရက်လုံး ဖုန်းပိတ်ထားဖို့ မလိုပါဘူး။ တစ်နေ့ မိနစ် 30 ကနေ 1 နာရီ၊ 1 နာရီကနေ နေ့တစ်ပိုင်း၊ လိုသလို သေးသေးလေးကနေ စတင်ပြီး တဖြည်းဖြည်း အလေ့အကျင့်ကောင်းတစ်ခု ဖြစ်အောင် တည်ဆောက်ပါ။
💜 နည်းပညာဟာ ကျွန်ုပ်တို့ဘဝကို ပိုမိုလွယ်ကူစေတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
ဒါပေမယ့် ဖုန်းကို အနားပေးလိုက်တဲ့အချိန်မှာ ဘဝက ရပ်တန့်သွားတာ မဟုတ်ပါဘူး။ ဘဝရဲ့ တကယ့်အရာတွေကို ပြန်မြင်လာတာပါ။ ဒီနေ့ကစပြီး တစ်နေ့တာမှာ ဖုန်းမကိုင်ဘဲ ကိုယ့်အတွက် အချိန်ပေးတဲ့ မိနစ် ၃၀ လောက်နဲ့ စတင်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။