🦠 ကာလဝမ်းရောဂါမှ ကင်းဝေးစေဖို့…

ကာလဝမ်းရောဂါဟာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကနေတစ်ဆင့် ကူးစက်တတ်ပြီး နာရီပိုင်းအတွင်း ပြင်းထန်တဲ့ ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

⚠️ စတင်ဖြစ်ပွားရင် တွေ့ရမယ့် လက္ခဏာများ

  • ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း (ရေလို ဝမ်းအလွန်အမင်း သွားခြင်း)
  • ခဏခဏ အန်ခြင်း၊ ကြွက်တက်ခြင်း
  • ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်ဆားများ အလွန်အမင်း လျော့နည်းသွားခြင်း

🛡 ကာကွယ်ဖို့အတွက်
၁။ သေချာ ကြိုချက်ထားသော ရေ (သို့) သောက်ရေသန့်ကိုသာ သောက်သုံးပါ။
၂။ ပူပူနွေးနွေး ချက်ပြုတ်ထားတာကို ဦးစားပေးစားပါ။ အစိမ်းစားမယ့် အသီးအရွက်များကို ရေသန့်ဖြင့် သေချာဆေးကြောပါ။
၃။ အစားအစာ မကိုင်တွယ်မီ၊ မစားသောက်မီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် သေချာဆေးကြောပါ။
၄။ ယင်လုံအိမ်သာကို စနစ်တကျ အသုံးပြုပြီး ပတ်ဝန်းကျင် သန့်ရှင်းရေးကို ထိန်းသိမ်းပါ။

🧂 ရောဂါဖြစ်ပွားပါက ဆောင်ရန်/ရှောင်ရန်များ
✅ ဓာတ်ဆားရည် ချက်ချင်းသောက်ပါ
ဓာတ်ဆားထုပ်ပါ ညွှန်ကြားချက်အတိုင်း ရေပမာဏ တိတိကျကျဖျော်ပြီး နည်းနည်းချင်း မကြာခဏ သောက်ပေးပါ။

❌ ဝမ်းပိတ်ဆေးကို ကိုယ့်သဘောနှင့်ကိုယ် မသောက်ပါနဲ့။
Loperamide ကဲ့သို့ ဝမ်းပိတ်ဆေးများ သောက်ပါက ပိုးမွှားများ အူလမ်းကြောင်းထဲ ပိတ်မိပြီး ရောဂါအခြေအနေ ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။

❌ ပိုးသတ်ဆေးများကို ကိုယ့်သဘောနှင့်ကိုယ် မသောက်ပါနဲ့။
မလိုအပ်ဘဲ သောက်သုံးပါက ဆေးယဉ်ပါးမှု ဖြစ်စေနိုင်သဖြင့် ဆရာဝန် ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။

🚨 အောက်ပါ လက္ခဏာများရှိပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးသွားပါ။

  • အလွန်အမင်း ဝမ်းသွား/အန်၍ ဓာတ်ဆားရည် လုံးဝမဝင်တော့ခြင်း
  • မှိုင်တွေခြင်း၊ အသိစိတ်လွတ်ခြင်း
  • မျက်လုံးချိုင့်ဝင်ခြင်း၊ ပါးစပ်ခြောက်ခြင်းနှင့် ဆီးမသွားခြင်း/အလွန်နည်းခြင်း

ကျန်းမာရေးအသိပညာဖြင့် ကာလဝမ်းရောဂါအန္တရာယ်မှ မိသားစုတိုင်း ကင်းဝေးကြပါစေ။ 💜

Leave a Comment