📌Antibiotic (ပဋိဇီဝ ပိုးသတ်ဆေး) ကို တလွဲသုံးမိရင် ဘယ်လောက်အန္တရာယ်ရှိလဲ

😷 ပိုးသတ်ဆေးသောက်လိုက်ရင် မြန်မြန်သက်သာမှာပေါ့လို့ စိတ်ထဲမှာ ထင်နေတာမျိုး၊ သူများပြောတာ ကြားဖူးတာမျိုး ကြုံဖူးပါသလား။ 👩‍⚕️ ဆေးပညာမှာ ဆရာဝန် ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်တဲ့ဆေးနဲ့ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးနိုင်တဲ့ ဆေးဆိုပြီး (၂) မျိုးရှိပါတယ်။ ပိုးသတ်ဆေးတွေကတော့ သေချာပေါက် ဒုတိယ အုပ်စုထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။

🔸 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေး၊ နှာစေး ချောင်းဆိုးခြင်းတွေမှာ ပိုးသတ်ဆေး မလိုအပ်ပါဘူး။
အဲဒီလိုအချိန်မှာ သုံးမိရင်…
✅ မကောင်းတဲ့ဘက်တီးရီးယားတွေက ပိုမိုခံနိုင်ရည်ရှိလာပြီး ရောဂါမသက်သာစေဘဲ ပိုဆိုးစေပါတယ်။

⚠️ ပိုးသတ်ဆေးကို တလွဲသုံးမိတဲ့အခါ
❌ Antibiotic resistance – ဆေးမတိုးတော့တဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပါတယ်။
❌ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အာဟာရထိခိုက်ခြင်းတွေ ဖြစ်လာပါတယ်။
❌ နောက်ဆုံးတွင် ကုသလို့ မပျောက်ကင်းတော့သည်အထိ ဖြစ်နိုင်ပါတယ်။

💊 ဘယ်အချိန်မှာမှ ပိုးသတ်ဆေးကို သုံးသင့်တာလဲဆိုရင်
✔️ ဆရာဝန်မှ အမှန်တကယ်လိုအပ်ကြောင်းကို အတည်ပြုပြီး ညွှန်ကြားမှသာ သုံးစွဲရမှာ ဖြစ်ပါတယ်။
✔️ ညွှန်ကြားထားတဲ့ ပမာဏ၊ အချိန်၊ ရက်အတိအကျအတိုင်း သောက်သုံးဖို့ လိုအပ်ပါတယ်။

ဒီလိုပိုးသတ်ဆေးတွေကို သောက်စရာမလိုအောင် မိမိကိုယ်ကို ဂရုစိုက်နိုင်ဖို့ အကြံပြုချက်များ အနေနဲ့ကတော့
✔️ အဖြစ်များတဲ့ ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် အုပ်ဆိုးခြင်းတို့ လုပ်ဆောင်သင့်ပါတယ်။
✔️ကောင်းကောင်းအနားယူသင့်ပါတယ်။
✔️ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
✔️ဖျားနာကိုက်ခဲခြင်းများကို သက်သာစေရန် Paracetamol သို့မဟုတ် Ibuprofen ကို သောက်သုံးနိုင်ပါတယ်။
✔️ရေများများ သောက်ပေးရပါမယ်။

အကယ်၍သာ
🚩အဖျားက (၃) ရက်ကျော်သည်အထိ 39 C က မကျလျှင်
🚩ပုံမှန်မဟုတ်သော အရေပြား အဖုအပိမ့်များ ထွက်လာလျှင်
🚩ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် အတူ ပျို့အန်ခြင်း၊ နားကိုက်ခြင်းတို့ ဖြစ်လာလျှင်
🚩အသက်ရှူရတာ၊ အစာမျိုချရတာ အခက်အခဲ ဖြစ်လာလျှင်
🚩ရင်ဘတ်အောင့်လျှင်
🚩ချောင်းဆိုးသွေးပါလျှင်
🚩အာလေးလျှာလေး ဖြစ်လာလျှင်၊ မူးဝေလာလျှင်တော့ ဆေးခန်းပြဖို့ လိုအပ်တဲ့ အခြေအနေဖြစ်ပါတယ်။

💚 ဇီဝက ဆေးဆိုင်တွေမှာလည်း ပိုးသတ်ဆေးတွေကို ဂရုတစိုက် နည်းလမ်းမှန်မှန် ရောင်းချလျက်ရှိပါတယ်။
📣 ရောဂါသက်သာစေဖို့ ဆေးဝါးတွေကို မိမိထင်သလိုမသောက်သုံးဘဲ ကျွမ်းကျင်ပညာရှင်များဖြင့် ပြသတိုင်ပင်ကာ မှန်မှန်ကန်ကန် သောက်သုံးခြင်းဖြင့် မိတ်ဆွေတို့ရဲ့ ကျန်းမားရေးကို ဂရုစိုက်ကြရအောင်နော်။

Leave a Comment