အလွယ်တကူ သောက်သုံးနိုင်တဲ့ ပုံစံနဲ့ ပရိုဘိုင်အိုတစ် Fortigermina

💊 ပရိုဘိုင်အိုတစ်ဆိုတာ အူလမ်းကြောင်းကို ကျန်းမာစေပြီး အစာခြေဖျက်မှုကို အားကောင်းစေတဲ့ အကျိုးပြု ပိုးမွှားလေးတွေ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ပရိုဘိုင်အိုတစ်တွေကို ယခင်ကဆိုရင် ဆေးတောင့်၊ ဆေးမှုန့်ပုံစံဖြင့်သာ တွေ့ခဲ့ရသော်လည်း နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ရေနဲ့ မော့သောက်စရာမလို၊ အမှုန့်ဖျော်နေစရာ မလိုဘဲ အလွယ်တကူ သောက်သုံးနိုင်တဲ့ တစ်ခါသောက် အရည်ပုံစံမျိုးနဲ့ပါ ယခုဆိုရင် ရရှိနေပြီ ဖြစ်ပါတယ်ရှင်။ ဒီလိုပုံစံထဲက တစ်ခုကတော့ Fortigermina ဖြစ်ပါတယ်။

💊 Fortigermina ဆေးရည် ၁ဘူးမှာ Bacilllus Clausii Spores 2 billion ပါဝင်ပါတယ်။ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် အူလမ်းကြောင်းမှာ မအီမသာ ဖြစ်ခြင်းကို ခံစားရတဲ့အခါ Bacilllus Clausii က ပျက်စီးသွားတဲ့ အကျိုးပြုဘက်တီးရီးယားတွေနေရာမှာ ပြန်လည်ဖြည့်တင်းပေးလို့ ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

💊 ပိုးသတ်ဆေးတွေက ပရိုဘိုင်အိုတစ်တွေရဲ့ အာနိသင်ကို လျော့စေလို့ ထိုနှစ်မျိုးကို (၂) နာရီခြားသောက်ခိုင်းတတ်ပေမယ့် Fortigermina မှာပါတဲ့ ပရိုဘိုင်အိုတစ် အမျိုးအစား Bacilllus Clausii ကတော့ ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလို့ အတူတွဲသောက်လို့ရပါတယ်။

💊 ဒါ့အပြင် Bacilllus Clausii က အစာအိမ်ထဲက အက်ဆစ်ကိုလည်း ခံနိုင်ရည်ရှိလို့ အူလမ်းကြောင်းအထိ အာနိသင်ကို အကောင်းဆုံးပေးစွမ်းနိုင်ပါတယ်။ အပူဒဏ်ကိုလည်း ခံနိုင်ရည်ရှိတာကြောင့် သိမ်းဆည်းတဲ့အခါမှာလည်း ရေခဲသေတ္တာထဲ သိမ်းစရာ မလို၍ သိမ်းဆည်းရလွယ်ကူစေပါတယ်။

💊 ခန္ဓာကိုယ်ရှိ ကိုယ်ခံအား ဆဲလ်တွေရဲ့ (၇၀) ရာခိုင်နှုန်းက အူထဲမှာ ရှိတာကြောင့် Fortigermina က အူလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းထားပေးခြင်းဖြင့် ကိုယ်ခံအားကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

💊 Fortigermina အသုံးပြုနည်းကတော့ ဆေးရည်ဘူးလေးကို သောက်ခါနီးမှာ ကောင်းစွာ လှုပ်ပေးပြီးမှ သောက်ပါ။ အဖုံးကို လှည့်ဖြုတ်လိုက်ပါ။ ဘူးကို ညှစ်ပြီး သောက်ပါ။ အခွံကို သေချာစွာ စွန့်ပစ်ပါ။
လူကြီးများ အနေနဲ့ တစ်ရက်လျှင် ၂ဘူးမှ ၃ဘူး၊ ကလေးများ အနေနဲ့ကတော့ တစ်ရက်လျှင် ၁ဘူးမှ ၂ဘူး သောက်သုံးနိုင်ပါတယ်။ နောက်ဆုံး အရေးကြီးတဲ့ အချက်ကတော့ Fortigermina မှာ တာရှည်ခံဆေးမပါတာကြောင့် ဘူးဖွင့်ပြီးတာနဲ့ ချက်ချင်းသောက်ပေးဖို့တော့ လိုအပ်ပါတယ်ရှင်။

Leave a Comment