🌞 နွေရာသီမှာ သတိပြုပါ 🌞

ခန္ဓာကိုယ်ဟာ ကားအင်ဂျင်လိုပါပဲ။ ပူပြင်းတဲ့ ရာသီဥတုမှာ အလုပ်လုပ်ရတဲ့အခါ အပူလွန်ကဲလာနိုင်ပါတယ်။ ထိုအခါ Heat Exhaustion (အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း) ဖြစ်ပေါ်ပါတယ်။ လက္ခဏာများကတော့ ..

🔅 ဂနာမငြိမ်ခြင်း၊
🔅 ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊
🔅 တစ်ကိုယ်လုံး နုံးချိပျော့ခွေခြင်းနှင့် ကြွက်တက်ခြင်း၊
🔅 ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြား အေး၍ စိုစွတ်ခြင်း၊
🔅 ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းတို့ ဖြစ်ပါတယ်။ ထိုသို့ ခံစားရပါက …

✅ အရိပ်ရပြီး အေးတဲ့နေရာကို ချက်ချင်းသွားပါ၊
✅ ပန်ကာဖွင့်ထားပါ၊
✅ ရေများများသောက်ပါ၊ ရေမဆာနေရင်တောင် သတိရတာနဲ့ ရေသောက်ပါ၊
✅ ချွေးထွက်များတဲ့သူဆို ဓာတ်ဆားရည်သောက်ပါ၊
❌ ရေဓာတ်ခမ်းခြောက်စေတဲ့ အချိုရည်၊ ကော်ဖီနဲ့ အရက်ကို ရှောင်ပါ။
✅ အေးမြစေတဲ့ ပွပွချောင်ချောင်၊ အရောင်ဖျော့ဖျော့ အဝတ်အစားများကို ဝတ်ပါ၊
✅ အဝတ်အေးလေးနဲ့ ရေပတ်တိုက်ပါ၊ ရေအေးအေးလေး ချိုးပါ၊ လည်ပင်း၊ ချိုင်းတို့ကို ရေခဲဝတ်ကပ်ပါ၊
✅ အနားယူပြီး ခန္ဓာကိုယ်ကို အေးမြအောင်လုပ်ပါ၊
✅ မသက်သာပါက ဆေးရုံ၊ ဆေးခန်းသို့ သွားပါ။

Heat Stroke (အပူဒဏ်ကြောင့် သတိလစ်ခြင်း) ကတော့ Heat Exhaustion ထက် ပိုမိုပြင်းထန်သော အရေးပေါ် အခြေအနေဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူချိန်က အန္တာရာယ် ရှိစွာ မြင့်တက်လာပြီး သူ့အလိုလို အေးအောင် မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ လက္ခဏာများမှာ …

❗️အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးခန်းခြောက်ခြင်း၊
❗️ကယောင်ကတမ်းဖြစ်ခြင်း၊
❗️သတိလစ်ခြင်း၊ တက်ခြင်းတို့ ဖြစ်ပါတယ်။

အပူဒဏ် အန္တရာယ် ကျရောက်နေသည့် လူနာကို
🚨 နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပါ၊
🚨 အကူအညီကို စောင့်ဆိုင်းနေစဉ် လူနာကို အေးသောနေရာသို့ ရွှေ့ပါ၊
🚨 ပန်ကာ/ လေအေးပေးစက် ဖွင့်ထားပါ၊ (သို့) ယပ်ခတ်ပေးပါ၊
🚨 လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ၊
🚨 လူနာ၏ အဝတ်အစားများကိုချွတ်ပါ၊ လည်ပင်း၊ ချိုင်းနှစ်ဘက်၊ ပေါင်ခြံနှစ်ဘက်တို့ကို ရေပတ်တိုက်ပါ၊

ဇီဝက၏ ချစ်ခင် တန်ဖိုးထားရသော မိတ်ဆွေ၊ သူငယ်ချင်းများအား နွေရာသီကို ကျန်းကျန်းမာမာ ဖြတ်ကျော်နိုင်ဖို့ ရည်ရွယ်ကာ ယခုဆောင်းပါးကို မျှဝေလိုက်ပါတယ်ရှင့်။

Leave a Comment