အသည်းအတွက် အာဟာရ

✅ အသည်း (Liver) ဆိုတာဟာ နေ့စဉ်နေထိုင်မှုနှင့် ဘဝကျန်းမာရေးအတွက် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါပဲ။

👐🏻 ဒါကြောင့် ဒီနေ့မှာတော့ အသည်းကျန်းမာရေးအတွက် မှီဝဲသောက်သုံးကြတဲ့ အသည်းအားဆေးတွေမှာတွေ့ရတတ်တဲ့ အာဟာရဖြည့်စွက်စာများအကြောင်းကို ဗဟုသုတမျှဝေပေးလိုက်ပါတယ်။

🔹 Milk Thistle
Milk Thistle ဆိုတာဟာ အသည်းကိုကာကွယ်ပေးနိုင်တဲ့ ပန်းပွင့်သော ဆေးဖက်ဝင်အပင် တစ်မျိုး ဖြစ်ပါတယ်။ Milk Thistle ရဲ့ အစေ့မှာရှိတဲ့ Silymarin ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသည်းရောဂါတွေကို ဖြစ်စေတဲ့ ရောင်ရမ်းမှုကို ကာကွယ်ပေးပြီး ဆဲလ်များကို ပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ်များကိုလည်း တိုက်ဖျက်ပေးပါတယ်။ အသည်းမှာ အမာရွတ် မဖြစ်အောင် ကာကွယ်ပေးပြီး အဆိပ်အတောက်ဖြေဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်းများကို တိုးပွားစေပါတယ်။

🔹 Artichoke
Artichoke ဆိုတာ မြေထဲပင်လယ်ဒေသမှာ ပေါက်ရောက်သော စားသုံးနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပြီး အသည်းဖြည့်စွက်စာအများစုတွင် အသုံးများသောပါဝင်ပစ္စည်းဖြစ်ပါတယ်။ Artichoke အရွက်မှာ အသည်း မပျက်စီးအောင် တားဆီးပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုပစ္စည်းများက အသည်းပျက်စီးမှုနှင့် ဆက်စပ်နေတဲ့ AST နှင့် ALT အင်ဇိုင်းများ မြင့်တက်နေခြင်းကို လျှော့ချပေးပါတယ်။

🔹 Dandelion
Dandelion ဟာ အသည်းရဲ့လုပ်ဆောင်ချက်ကို တိုးတက်ကောင်းမွန်စေတဲ့ အကျိုးပြု ဒြပ်ပေါင်းများစွာ ပါဝင်သော ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ Dandelion အမြစ်နဲ့ အရွက်မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပါတယ်။ ကျန်းမာသောဆဲလ်များကို ပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ်များရန်မှ ကာကွယ်ပေးပါတယ်။

🔹 Jujube
Jujube ဆိုတာဟာ သေးငယ်သော ဘဲဥပုံသဏ္ဍာန်ရှိတဲ့ အသီးဖြစ်ပါတယ်။ သူ့အစေ့မှာ ကျန်းမာသော ဆဲလ်များကို ဖရီးရယ်ဒီကယ်များရန်မှ ကာကွယ်ပေးတဲ့ antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။

🔹 Selenium
ဆယ်လီနီယမ်ချို့တဲ့ခြင်းက အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာကဲ့သို့သော နာတာရှည်အသည်းရောဂါများ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဆယ်လီနီယမ်က သိုင်းရွိုက်လုပ်ဆောင်မှုကို ကူညီပေးခြင်းနှင့် ကူးစက်ရောဂါများမှ ကာကွယ်ပေးခြင်းအပါအဝင် ခန္ဓာကိုယ်အတွင်းရှိ လုပ်ငန်းစဉ်များစွာမှာ ပါဝင်နေပါတယ်။ အသည်းဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ glutathione အင်ဇိုင်းတွေ တိုးပွားဖို့အတွက်လည်း ဆယ်လီနီယမ်ကို လိုအပ်ပါတယ်။

🔹 Choline
Choline ဟာ အသည်းမှ အဆီများကို သယ်ယူရာတွင် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း Choline ပမာဏနည်းပါးနေတဲ့အခါမှာ အသည်းအဆီဖုံးလာနိုင်ပါတယ်။

အထက်ပါ ဖြည့်စွက်စာတွေကို မှီဝဲအားဖြည့်ခြင်းက အသည်းကျန်းမာရေးကို အကျိုးပြုစေပေမယ့် အသည်းရောဂါများကို ကာကွယ်ရန် ကျန်းမာရေးလိုက်စားတဲ့ လူနေမှုပုံစံပြောင်းလဲမှုတွေလည်း လုပ်ဆောင်ရမှာဖြစ်ကြောင်း အသိပေးပါရစေ…💜

Leave a Comment