💡 ကလေးဉာဏ်ရည် ထက်မြက်ဖို့ ငယ်စဉ်ကတည်းက ပျိုးထောင်စို့

👶 ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ ကလေးများအား ဉာဏ်ရည်မြင့်မားစေလိုသော်လည်း ထိရောက်စွာပြုစုပျိုးထောင်နည်းကို သိရှိထားမှု နည်းပါးတတ်ကြပါတယ်။ ရိုးရှင်းစွာဖြင့် ကလေး ဥာဏ်ရည်ဖွံ့ဖြိုးမှုကို ပံ့ပိုးရန် အကောင်းဆုံးနည်းလမ်းများအား မျှဝေချင်ပါတယ်။ 🟣 ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်တင်ရန် အကောင်းဆုံး နည်းလမ်းငါးခု☑️ ကလေး စိတ်ကူးထဲကအတိုင်း ကစားခြင်းကို အားပေးပါ။ကလေးကို ကစားစရာ ပစ္စည်းတစ်ခုခု ပေးကစားတဲ့အခါ ဘယ်လိုကစားရမယ်ဆိုပြီး သင်ပေးတာထက် သူ့စိတ်ကူးထဲကအတိုင်း စဉ်းစားတီထွင်ပြီး ဆော့ကစားခိုင်းရပါမယ်။ ☑️ ကလေးကို မကြာခဏ စာအုပ်ဖတ်ပြပါ။စာဖတ်တဲ့ အလေ့အကျင့်ကို စောစောလေ့ကျင့်ပေးခြင်းက ဘာသာစကားကျွမ်းကျင်ခြင်း၊ ဝေါဟာရကျယ်ပြန့်ခြင်းနှင့် အထွေထွေဗဟုသုတ ကြွယ်ဝခြင်း စတဲ့ အကျိုးတွေကို ရရှိစေပါတယ်။ ကလေး၏ ဝေဖန်ပိုင်းခြားနိုင်မှုနှင့် တွေးခေါ်မှုစွမ်းရည်တို့ကို တိုးတက်စေပါတယ်။ ဖတ်ပြပြီးသွားရင်လည်း ဖတ်ခဲ့သည့် စာ/ပုံပြင်များအကြောင်း ကလေးကိုပြန်လည်ပြီး မေးခွန်းများမေးဖို့ လိုပါတယ်။…

Read More

✨ Citicoline အကြောင်း တစေ့တစောင်း

✅ Citicoline ဆိုတာဟာ အာရုံကြောစနစ်ရဲ့ ဆဲလ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်တာများကို ကာကွယ်ပြုပြင်ပေးသော ခန္ဓာကိုယ်အတွင်းမှ သဘာဝဒြပ်ပေါင်းတစ်မျိုး ဖြစ်ပါတယ်။ Citicoline ကို တွေးခေါ်နိုင်စွမ်းနှင့် မှတ်ဉာဏ်အာရုံကို မြှင့်တင်ရန်အတွက် အာဟာရဖြည့်စွက်စာအနေနှင့်လည်း ဈေးကွက်ထဲတွင် ရရှိနိုင်ပါတယ်။ Citicoline ရဲ့ အကျိုးအာနိသင်များမှာ…🔻 ဦးနှောက်နှင့် ဆက်စပ်နေသော အခြေအနေအမျိုးမျိုးမှာ အာရုံကြောဆဲလ်များကို အာဟာရဖြစ်စေပြီး ပျက်စီးမှုနည်းပါးစေခြင်း🔻 ဗဟိုအာရုံကြောစနစ် (ဦးနှောက်နှင့် ကျောရိုး)ရဲ့ လုပ်ဆောင်မှုများကို မြှင့်တင်ပေးခြင်း🔻 လေ့လာသင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်၊ အကဲဖြတ်နိုင်စွမ်းနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို တိုးတက်စေခြင်း🔻 ဦးခေါင်းဒဏ်ရာ ရထားသူများနှင့် ခွဲစိတ်ကုသမှု ခံယူထားသော လူနာများကို ပို၍မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာစေခြင်းတို့ဖြစ်တာကြောင့် Citicoline ကို လေဖြတ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း၊ အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနှင့် ရေတိမ်တို့ကို ကုသရာမှာ အသုံးပြုပါတယ်။ 💊…

Read More

ဆယ်ကျော်သက်အရွယ်မှာ မိသားစု၏ ဖေးမပံ့ပိုးမှု

👨‍👩‍👧‍👦 ဆယ်ကျော်သက်များဟာ ကြီးကောင်ဝင်စ အရွယ်မှာ မိသားစုနှင့် ဆက်ဆံရေးက ပြောင်းလဲသွားလေ့ရှိပေမယ့် ငယ်စဉ်ကလိုပင် မိသားစုရဲ့ ပံ့ပိုးကူညီမှုကို လိုအပ်နေဆဲ ဖြစ်ပါတယ်။ 🙌🏻 မိဘများရဲ့ တာဝန်က ကလေးကို ပြုစုပျိုးထောင်ပေးဖို့၊ လမ်းပြပေးဖို့အပြင် ကလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့ပါ လိုအပ်ပါတယ်။ အစပိုင်းမှာ ကလေးနဲ့ လူကြီးကြား ကတောက်ကဆ ဖြစ်တတ်ကြပေမယ့် မိဘဘက်က သေချာလေး ပိုဂရုစိုက်ပြီး ရှင်းပြမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ဆက်ဆံရေး အဆင်ပြေလာမှာပါ။ 👐🏻 ကြီးကောင်ဝင်စအချိန်မှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ မြန်ဆန်လာသလို စိတ်ပိုင်းဆိုင်ရာမှာလည်း အတက်အကျတွေ ရှိတတ်ပါတယ်။ ကလေးဟာ ပြောင်းလဲမှုများနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရသလို သက်တူရွယ်တူများရဲ့ လွှမ်းမိုးမှုများကြောင့် စိတ်ဖိစီးမှုဖြစ်တတ်တဲ့ အချိန်လည်းဖြစ်ပါတယ်။ ထိုကာလမှာ မိသားစုက ကလေးအား ချစ်မြတ်နိုးမှုကိုပြသပြီး ကလေးအနေနဲ့ ကိုယ့်ကိုယ်ကို…

Read More

ဆောင်းဥတုမှာ ရှောင်ကြဉ်သင့်တဲ့ အရာများ

🌨 ဆောင်းရာသီဆိုတာ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို ကျန်းမာနွေးထွေးနေစေရန် အထူးဂရုစိုက်ရမယ့် အချိန်ဖြစ်ပါတယ်။ အပူချိန်ကျဆင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေမယ့်၊ ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်မှ ကာကွယ်ပေးမယ့် အစားအစာကို မှန်ကန်စွာ ရွေးချယ်တတ်ရန် အရေးကြီးပါတယ်။ အချို့သောအစားအစာများက ဆောင်းရာသီအတွက် သင့်တော်သော်လည်း အချို့မှာ ဆောင်းရာသီမှာစားရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီတော့ နေထိုင်ကောင်းစေရန်အတွက် ဆောင်းရာသီတွင် ရှောင်ကြဉ်ရမယ့် အစားအစာအချို့ကို မျှဝေလိုက်ပါတယ်။ 🧋 အအေးများ ‼️ ဆောင်းရာသီတွင် ရေခဲရေ၊ ဖျော်ရည်နဲ့ ရေခဲမုန့်ကဲ့သို့သော အအေးစာတွေက အအေးမိ ဖျားနာခြင်းကို ဖြစ်စေ၍ ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အဲ့ဒါတွေအစား ခန္ဓာကိုယ်အပူချိန်ကို ထိန်းထားရန်နဲ့ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးရန်အတွက် ရေနွေး၊ စွပ်ပြုတ်ပူပူတို့ကို ရွေးချယ် စားသုံးပေးသင့်ပါတယ်။ 🥬 မချက်ပြုတ်ထားတဲ့ ဟင်းရွက်အစိမ်းများ…

Read More

🤰 ကိုယ်ဝန်ဆောင် အာဟာရ

🥣 ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ဖို့နှင့် ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို အစားအသောက်ကနေ ရရှိပါတယ်။ ဒါကြောင့် အစားအသောက် ရွေးချယ်တဲ့အခါမှာ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့ စုံလင်စွာ ပါဝင်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။✅ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင်လည်း ကိုယ်ဝန်မဆောင်ခင်ကထက် အာဟာရဓာတ် ပြည့်စုံစွာ ရရှိဖို့က ပိုလို့အရေးကြီးလာပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ် ရွေးချယ်စားသောက်ပေးခြင်းက သင့်ကလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီပေးပြီး မိခင်နှင့်ကလေး ကျန်းမာစွာ ကိုယ်အလေးချိန် တက်လာစေဖို့ကို ပံ့ပိုးပေးပါတယ်။💊 ကိုယ်ဝန်မဆောင်ခင်ကထက် ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ပိုလိုအပ်တာကြောင့် အစားအသောက်အပြင် ဖြည့်စွက်စာ / အားဆေးများ မှီဝဲသင့်ပါတယ်။ ☑️ ဖောလစ်အက်ဆစ်ဟာ ကလေးတွင် ဦးနှောက်နှင့်…

Read More

❗️ သည်းခြေအိတ် ကျောက်တည်ခြင်း

သည်းခြေအိတ်သည် သေးငယ်ပြီး သစ်တော်သီးပုံသဏ္ဍာန်ရှိသော၊ သည်းခြေရည်ကို သိုလှောင်ပေးသော အင်္ဂါတစ်ခုဖြစ်ပါတယ်။ အသည်း၏ ညာဘက်အောက်ခြေတွင် တွယ်ကပ်တည်ရှိပါတယ်။ သည်းခြေရည်ကတော့ အဆီများကိုချေဖျက်ပေးသော အသည်းမှထုတ်လုပ်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ အစာစားတဲ့အခါ သည်းခြေအိတ်က သိမ်းဆည်းထားတဲ့ သည်းခြေရည်တွေကို အူသိမ်ထဲသို့ရောက်အောင် ထုတ်ပေးပါတယ်။ 🔺 သည်းခြေကျောက်ဆိုတာ ဘာလဲ။သည်းခြေကျောက်ဆိုသည်မှာ သည်းခြေအိတ် (သို့) သည်းခြေပြွန်များတွင် သည်းခြေရည်များ စုစည်းရာမှ အနည်ကျခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မာကျောတဲ့ အစိုင်အခဲများ ဖြစ်ပါတယ်။ 🛑 သည်းခြေကျောက်တည်တာက စိုးရိမ်ရလား။သည်းခြေကျောက်တည်ရုံက ဘာပြဿနာမှ မဖြစ်စေသော်လည်း ကျောက်က သည်းခြေလမ်းကြောင်းကို ဖြတ်သန်းပြီး တစ်နေရာရာမှာ သွားပိတ်မိနေရင်တော့ နာကျင်မှုနှင့် ပြင်းထန်သော နောက်ဆက်တွဲ အန္တရာယ်များ ဖြစ်လာနိုင်ပါတယ်။ 💢 သည်းခြေကျောက်တည်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။သည်းခြေကျောက်များသည် ယေဘူယျအားဖြင့် တစ်နေရာရာတွင် ပိတ်ဆို့ခြင်း မဖြစ်သေးပါက…

Read More

❗️ သတိပြုစရာ မျောက်ကျောက်ရောဂါ ❗️

🛑 အာဖရိကနိုင်ငံအများအပြားတွင် မျောက်ကျောက် ဗိုင်းရပ်စ် (Mpox virus) ကူးစက်မှုများ ဖြစ်ပေါ်နေ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ နိုင်ငံတကာ စိုးရိမ်စရာ ကျန်းမာရေး ပြဿနာအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုဖြစ်ပွားနေသည့် ဗိုင်းရပ်စ်မှာ clade 1 ဟု အမည်ပေးထားသည့် မျိုးကွဲအသစ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ရောဂါဖြစ်ပွားသူ (၁၇၀၀၀) ကျော်နှင့် သေဆုံးသူ (၅၇၁) ဦးရှိခဲ့ပါတယ်။ 🔴 မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှတဆင့် ကူးစက်ပါတယ်။ ပိုးရှိသူ၏ အသုံးအဆောင်ပစ္စည်းများ၊ အနီးကပ် နှာချေချောင်းဆိုးခြင်းများမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ 🟥 ရောဂါပိုးကူးစက်ခံရပါက အစောပိုင်းလက္ခဏာများပေါ်လာရန် ၅ ရက်မှ ၂၁ ရက်ကြား ကြာတတ်ပါတယ်။ အစောပိုင်းလက္ခဏာများမှာ 🔺 အဖုများသည် အရည်ကြည်ဖုပုံစံ…

Read More

💢 အရင်နဲ့ မတူဘဲ အစားအသောက် ပျက်နေပါသလား?

🍞 အစားအသောက်တွေက ခန္ဓာကိုယ် ကျန်းမာနေဖို့ လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းပါတယ်။ ဗိုက်ဆာနေလား၊ ဗိုက်ပြည့်နေလား ဆိုတာကို ဦးနှောက်နှင့် အစာခြေအဖွဲ့အစည်းက အတူတူ ဆုံးဖြတ်ပါတယ်။ များသောအားဖြင့် အစားအသောက်ပျက်တာက ယာယီပြဿနာတစ်ခုဖြစ်သော်လည်း ဆက်တိုက် စားချင်စိတ် ပျောက်ဆုံးခြင်းကတော့ ခန္ဓာကိုယ် ကျန်းမာရေး (သို့) စိတ်ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေလို့ ဖြစ်ပါတယ်။ အစာစားချင်စိတ်မရှိရသည့် အကြောင်းရင်းများနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို ဆက်လက်လေ့လာကြည့်လိုက်ရအောင်။🔺 အစာစားချင်စိတ်ကို လျော့နည်းစေသော ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေများအသက်ကြီးလာခြင်းသွေးအားနည်းခြင်းကင်ဆာရောဂါရှိခြင်းဆီးချိုရှိခြင်းသိုင်းရွိုက်ဟော်မုန်းနည်းခြင်းအစာအိမ်ပိုးဝင်ခြင်းအအေးမိတုပ်ကွေးမိခြင်းခံတွင်းပျက်စေသော ဆေးဝါးများ သောက်သုံးရခြင်း (အိပ်ဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ သွေးပေါင်ကျဆေးများ၊ ဆီးဆေးများ၊ anabolic steroids နှင့် အကိုက်အခဲပျောက်ဆေးများ)နာကျင်ကိုက်ခဲခြင်းကိုယ်ဝန်ဆောင်နေရခြင်းတို့ ဖြစ်ပါတယ်။🔴 အစာစားချင်စိတ်ကို လျော့နည်းစေသော စိတ်ကျန်းမာရေး အခြေအနေများစိုးရိမ်သောကများခြင်းစိတ်ဓာတ်ကျခြင်းစိတ်ဖိစီးမှုများခြင်းမူးယစ်ဆေးဝါး (သို့) အရက်စွဲခြင်းတို့…

Read More

ထိပ်ကပ်နာရောဂါဆိုတာ

🦠 ထိပ်ကပ်နာဆိုတာဟာ ပုံမှန်ဆို လေပဲရှိရမယ့် “Sinus” လို့ခေါ်သော အခေါင်းပေါက်လေးတွေမှာ အရည်တွေစုလာပြီး ဗိုင်းရပ်စ်ပိုးဝင်၍ ရောင်ရမ်းမှုဖြစ်သော ရောဂါဖြစ်ပါတယ်။ ရံဖန်ရံခါမှာ ဘက်တီးရီးယားပိုးဝင်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ▫ ပုံမှန်အားဖြင့် လူအများစုမှာ Sinus (၈)ခု ရှိလေ့ရှိပါတယ်။ မျက်လုံးအပေါ် နှဖူးမှာ (၂) ခု၊ နှာခေါင်းရဲ့ အနောက်နှင့် မျက်လုံး နှစ်လုံးကြားနေရာများမှာ (၄) ခု၊ မျက်လုံးရဲ့အောက်၊ ပါးနှစ်ဖက် အနောက်မှာ (၂)ခု တည်ရှိနေပါတယ်။ ထိပ်ကပ်နာ ရောဂါဟာ အအေးမိတုပ်ကွေး ဖြစ်ပြီးတဲ့ချိန်မှာ အဖြစ်များတတ်ပါတယ်။ အဓိက ‌ရောဂါလက္ခဏာတွေကတော့ 🔹 ပါး၊ မျက်လုံး (သို့) နှဖူးတစ်ဝိုက်တွင် ရောင်ရမ်းနာကျင်ခြင်း 🔹 နှာရည်ယို၊ နှာပိတ်ခြင်း 🔹 အနံ့မရခြင်း 🔹 အစိမ်း…

Read More

💁 ဆယ်ကျော်သက်များအတွက် ထိရောက်စွာ အရပ်ထွက်စေမယ့် အချက် (၉) ချက်

⏳ ဆယ်ကျော်သက်အရွယ်ဟာ ခန္ဓာကိုယ်ကြံ့ခိုင်ကျစ်လျစ်ပြီး အရပ်ရှည်ဖို့အတွက် လုပ်ဆောင်ရန် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အောက်ပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် ဆယ်ကျော်သက်အရွယ် အရပ်ရှည်နှုန်းကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ 🔶 1. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာသင့်လျော်မှန်ကန်သော လူနေမှု ဘဝပုံစံ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကျန်းမာရေးနဲ့ ညီညွတ်သော မနက်စာ စားဖို့ ပါဝင်ပါတယ်။ မနက်စာ မစားဖြစ်ရင် အစာအိမ်ထဲ အက်ဆစ်ဓာတ်တွေ များစေပြီး အစာအိမ် ပြဿနာတွေကို ဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာက ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အာဟာရဓာတ်စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒီနည်းအားဖြင့် ဆယ်ကျော်သက်တွေကို အရပ်ပိုထွက်စေပါတယ်။ 🔶 2. သင့်လျော်သော အာဟာရသင့်လျော်သော အာဟာရက ခန္ဓာကိုယ် ကြီးထွားစေပြီး အရပ်ရှည်ဖို့ကိုလည်း ကူညီပေးပါတယ်။ အာဟာရချို့တဲ့ပါက…

Read More