သွေးတွင်းအဆီဓာတ်များခြင်း
အသက် (၃၀) နှင့် (၃၉) ကြား အသက်အရွယ် အပိုင်းအခြားမှာ ‼️ ပုန်းလျှိုးကွယ်လျှိုးဖြစ်နေတတ်တဲ့ သွေးတွင်းအဆီဓာတ်များခြင်း (Hyperlipidemia)
⚠️ သွေးတွင်းအဆီဓာတ်များခြင်းက သွေးတိုးရောဂါကဲ့သို့ပင် အစောပိုင်းလက္ခဏာများ မပြလို့ အဆီ ပမာဏကို မစစ်ဆေးမခြင်း မိမိတွင် အဆီဓာတ်များနေတာကို မသိနိုင်ပါ။
ခန္ဓာကိုယ်မှာ အဓိကအဆီ သုံးမျိုးရှိပါတယ်။
1️⃣ Low-density lipoproteins (LDL)
2️⃣ High-density lipoproteins (HDL)
3️⃣ Triglycerides
⭕️ LDL သည် သွေးကြောများကို ကျဉ်းစေတာကြောင့် “မကောင်းတဲ့” ကိုလက်စထရောလို့ ခေါ်ကြပါတယ်။ ရှိသင့်တဲ့ ပမာဏမှာ 100 mg/dL နှင့် အောက်ဖြစ်ပါတယ်။
⭕️ HDL သည် နှလုံးရောဂါကို ကာကွယ်ပေးလို့ “ကောင်းသော” ကိုလက်စထရောလို့ ခေါ်ကြပါတယ်။ ရှိသင့်တဲ့ ပမာဏမှာ အမျိုးသားများတွင် 40 mg/dL နှင့်အထက်ဖြစ်ပြီး အမျိုးသမီးများတွင် 50 mg/dL နှင့်အထက်ဖြစ်ပါတယ်။
⭕️ Triglycerides သည်လည်း LDL လို သွေးကြောကျဉ်းစေတတ်ပြီး ပန်ကရိယရောင်ခြင်းကို ဖြစ်နိုင်ခြေ တိုးစေပါတယ်။ အရွယ်ရောက်ပြီးသူအများစုအတွက် ကျန်းမာသော triglyceride ပမာဏမှာ 150 mg/dL နှင့် အောက်ဖြစ်ပါတယ်။
သွေးတွင်းအဆီဓာတ်မများအောင် သတိထားဖို့က ဘာကြောင့် အရေးကြီးရလဲဆိုရင် ‼️‼️
သွေးတွင်းအဆီဓာတ်များလာတာနဲ့အမျှ သွေးကြောများ ကျဉ်းလာပါတယ်။ ထိုမှတဆင့် သွေး စီးဆင်းရန်ခက်ခဲစေပါတယ်။
သွေးစီးဆင်းမှု လျော့နည်းသွားသောအခါ သို့မဟုတ် ပိတ်ဆို့သွားသောအခါတွင် နှလုံး၊ ဦးနှောက် သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ အောက်ဆီဂျင်နှင့် အာဟာရများ လုံလောက်စွာ မရတော့ပါ။ ထိုမှတဆင့် သွေးလည်ပတ်မှုမကောင်းခြင်း၊ ရုတ်တရတ်နှလုံးရပ်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့ ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေပါတယ်။
သွေးတွင်းအဆီဓာတ်များစေသော အကြောင်းရင်းများစွာရှိပါတယ်။
🍦 အစားအသောက်
ကိုလက်စထရော၊ ပြည့်ဝဆီနှင့် trans fats ပါသော အစားအစာများ အစားများခြင်း (ချိစ်၊ ကြက်ဉအနှစ်၊ အကြော်နှင့် ပြုပြင်ထားသော အစားအစာများ၊ ရေခဲမုန့်၊ အနီရောင်ရှိသော အသား)
🥃 နေထိုင်မှုပုံစံ
ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်း။
⚠️ ကျန်းမာရေးပြဿနာများ
ဆီးချိုရောဂါ၊ အသည်းရောဂါ၊ ပန်ကရိယပြဿနာများ၊ ကျောက်ကပ်ရောဂါ၊ သည်းခြေအိတ်ပြဿနာ၊
Multiple Myeloma, Polycystic Ovary Syndrome (PCOS), Hypothyroidism, Lupus, HIV, Sleep Apnea
💊 ဆေးဝါးများ
Steroids, Beta-blockers, ဆီးဆေးများ၊ ဟော်မုန်း သန္ဓေတားဆေးများ၊ HIV အတွက် Antiretrovirals ဆေးများ သောက်သုံးရခြင်းတို့ကြောင့် ဖြစ်ပါတယ်။
Hyperlipidemia က မျိုးရိုးလည်း လိုက်တတ်ပါတယ်။
ဒီတော့ သွေးတွင်းအဆီဓာတ်များနေလျှင်
✅ Trans fats နဲ့ Saturated fats နည်းတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။
✅ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပါ။
✅ ဆေးလိပ်ဖြတ်ပါ။
✅ ညတိုင်း အိပ်ချိန် အနည်းဆုံး 7 နာရီ ပြည့်အောင်အိပ်ပါ။
✅ အရက်ကိုလည်း လျှော့သောက်ပါ။
✅ လေ့ကျင့်ခန်း လုပ်ပါ။
အချို့သောသူများအတွက် အစားအသောက်၊ လူနေမှုပုံစံပြောင်းလဲလိုက်ရုံနဲ့ သွေးတွင်းအဆီဓာတ်ကို ကျန်းမာစေသောအတိုင်းအတာတစ်ခုထိ ပြောင်းလဲစေပါတယ်။ တစ်ချို့သူများမှာတော့ ဆရာဝန်ညွှန်ကြားမှုအတိုင်း ဆေးဝါးကုသမှု လိုအပ်နိုင်ပါတယ်။