အစောပိုင်း နာတာရှည် ကျောက်ကပ်ရောဂါ (သို့) ပုန်းကွယ်နေတဲ့ အန္တရာယ်

🔴 အသက် 40 နဲ့ 49 ကြား အသက်အရွယ်အပိုင်းအခြားမှာ အစောပိုင်း နာတာရှည် ကျောက်ကပ်ရောဂါ (CKD) ဖြစ်လေ့ရှိတာကို အများကြီး တွေ့ရပါတယ်။ အစောပိုင်းအဆင့်မှာ သတိပြုမိစရာ လက္ခဏာတွေ မပြသလို ကိုယ်တိုင်ကလည်း နေလို့ကောင်းနေသေးတာ ဖြစ်တဲ့အတွက် များသောအားဖြင့် စောစောမသိမိကြပဲ နောက်ပိုင်းအဆင့်သို့ ရောက်မှသာ ရောဂါရှိနေမှန်း သိတတ်ပါတယ်။ ⚠️⚠️ ဒီတော့ CKD ရှိမရှိကို သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းတို့လုပ်မှသာ စောစီးစွာ သိနိုင်မှာ ဖြစ်ပါတယ်။

‼️ CKD ကို စောစောမသိခဲ့ဘူးဆိုရင် ရောဂါအဆင့်တက်လာပြီး ခြေလက်များ ဖောရောင်ခြင်း၊ အသက်ရှူမဝခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊ ညဘက် ဆီးအများကြီးသွားခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်တက်ခြင်း၊ အရေပြားယားယံခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာတွေ ဆက်တိုက်ဖြစ်လာရင်တော့ ကျောက်ကပ်ရောဂါရှိမရှိကို စစ်ဆေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ⚠️⚠️

🔴 ကျောက်ကပ်ရောဂါသည် ပုံမှန်အားဖြင့် အစောပိုင်းအဆင့်တွင် လက္ခဏာမပေါ်တဲ့အတွက် သွေးတိုး၊ ဆီးချိုရှိသူများ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူများ၊ မိသားစုထဲမှာ ကျောက်ကပ်ရောဂါ ဖြစ်ဖူးသူများ၊ ဆီးအမြှုပ်ထသူများ/ ဆီးထဲသွေးပါသူများ၊ NSAIDs (Ibuprofen, Aspirin စသည့်) အကိုက်အခဲပျောက်ဆေးများကို ရေရှည်သောက်သုံးနေရသူများက ကျောက်ကပ် လုပ်ဆောင်ချက်များကို ဂရုတစိုက် ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

✨ အကယ်၍ မိတ်‌ဆွေမှာ အစောပိုင်း CKD ရှိနေပြီဆိုရင်
✅ ဆေးပုံမှန်သောက်ပါ
✅ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးပါ
✅ လေ့ကျင့်ခန်း နေ့စဉ်လုပ်ပါ
✅ ဆေးလိပ်ဖြတ်ပါ
✅ အရက်ကို ထိန်းသောက်ပါ
✅ နှစ်စဉ် တုပ်-ကွေး-ကာ-ကွယ်-ဆေး ထိုးပါ

🔺 နာတာရှည်ကျောက်ကပ်ရောဂါကို ရာနှုန်းပြည့် မကာကွယ်နိုင်သော်လည်း အစောပိုင်းအဆင့်တွင် စောစီးစွာသိရှိပြီး အထက်ပါ အချက်များကို လိုက်နာခြင်းဖြင့် ရောဂါကို ပိုမိုဆိုးရွားမလာအောင် တားဆီးနိုင်သလို နေ့စဉ်ဘဝမှာ စိတ်ချမ်းသာစွာ ဆက်လက် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ 🔺

Leave a Comment