🦾 ပခုံးဆစ် အရွတ်ပြဲခြင်းအကြောင်း
အသက် (၅၀) နှင့် (၅၉) နှစ်ကြား အသက်အရွယ် အပိုင်းအခြားမှာ ‼️ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ ပခုံးဆစ် အရွတ်ပြဲခြင်းအကြောင်း
ထိုအသက်အရွယ် အပိုင်းအခြားမှာ 🔴 လက်မောင်းအားမရှိသလို ခံစားရခြင်း၊ 🔴 လက်မောင်းမြှောက်ရ လှုပ်ရှားရ ခက်ခဲခြင်း၊ 🔴 ပခုံးနာခြင်းတို့သည် အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်သတိမထားမိဘဲ ပခုံးဆစ် အရွတ်ပြဲနေခြင်းကြောင့် အဖြစ်များတာကို တွေ့ရပါတယ်။
ပခုံးဆစ် အရွတ်ပြဲခြင်း (၂) မျိုး ရှိပါတယ်။
1️⃣ Partial – အရွတ်သည် လက်မောင်းရိုးတွင် အနည်းငယ် ကပ်တွယ်နေသေးသည့် အမျိုးအစား
2️⃣ Complete – အရွတ်သည် အရိုးနှင့် လုံးဝကွဲကွာသွားသည့် အမျိုးအစား ဟူ၍ ဖြစ်ပါတယ်။
အသက် (၅၀) ကျော်မှာ ဘာကြောင့် အဖြစ်များရလဲဆိုရင်
🔺 ငေါထွက်လာတဲ့ ပခုံးရိုးထိပ်က လက်မြှောက်လိုက်တိုင်း အရွတ်ကို သွား၍ ပွတ်တိုက်မိခြင်း
🔺 အရွတ်နှင့် ကြွက်သားများဆီသို့ ကောင်းမွန်သော သွေးစီးဆင်းမှု မရတော့ခြင်းနှင့်
🔺 အသုံးပြုသော နှစ်ကြာလာတဲ့ ပခုံးလှုပ်ရှားမှုများကြောင့် ဖြစ်ပါတယ်။
🕺 မျိုးရိုးလည်းလိုက်တတ်ပြီး ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လက်မောင်းလှုပ်ရှားမှုများတဲ့ အလုပ်အကိုင်လုပ်ခြင်းတို့ကလည်း ပခုံးဆစ် အရွတ်ပြဲခြင်းကို ပိုဖြစ်စေပါတယ်။
⚠️ အရွတ်ပြဲတာကို မကုသဘဲထားမယ်ဆိုရင် အခြေအနေပိုဆိုးလာပြီး လက်မောင်းလုံးဝ မလှုပ်ရှားနိုင်တော့သည်အထိ ဖြစ်နိုင်လို့ လိုအပ်တဲ့ ကုသမှုကိုတော့ ခံယူဖို့ လိုအပ်ပါတယ်။
⭕️ မပြင်းထန်သေးတဲ့ အခြေအနေမှာတော့ ပခုံးကို အနားပေးခြင်း၊ ကာယကုထုံးလုပ်ခြင်း၊ ပခုံးသိုင်းကြိုးတပ်ခြင်း၊ ဆေးသောက်ခြင်း၊ ဆေးထိုးခြင်းတို့ဖြင့် သက်သာနိုင်သလို အချို့မှာတော့ ခွဲစိတ်ဖို့ လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ်။
For educational / informational purpose only