အစောပိုင်း နာတာရှည် ကျောက်ကပ်ရောဂါ (သို့) ပုန်းကွယ်နေတဲ့ အန္တရာယ်

🔴 အသက် 40 နဲ့ 49 ကြား အသက်အရွယ်အပိုင်းအခြားမှာ အစောပိုင်း နာတာရှည် ကျောက်ကပ်ရောဂါ (CKD) ဖြစ်လေ့ရှိတာကို အများကြီး တွေ့ရပါတယ်။ အစောပိုင်းအဆင့်မှာ သတိပြုမိစရာ လက္ခဏာတွေ မပြသလို ကိုယ်တိုင်ကလည်း နေလို့ကောင်းနေသေးတာ ဖြစ်တဲ့အတွက် များသောအားဖြင့် စောစောမသိမိကြပဲ နောက်ပိုင်းအဆင့်သို့ ရောက်မှသာ ရောဂါရှိနေမှန်း သိတတ်ပါတယ်။ ⚠️⚠️ ဒီတော့ CKD ရှိမရှိကို သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းတို့လုပ်မှသာ စောစီးစွာ သိနိုင်မှာ ဖြစ်ပါတယ်။ ‼️ CKD ကို စောစောမသိခဲ့ဘူးဆိုရင် ရောဂါအဆင့်တက်လာပြီး ခြေလက်များ ဖောရောင်ခြင်း၊ အသက်ရှူမဝခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊ ညဘက် ဆီးအများကြီးသွားခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်တက်ခြင်း၊ အရေပြားယားယံခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာတွေ…

Read More

အသက် (၂၀) နဲ့ (၂၉) နှစ်ကြား လူငယ်တွေမှာ Human Papillomavirus (HPV) ကူးစက်မှုက ရောဂါလက္ခဏာ မပြဘဲ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ အဖြစ်အများဆုံးရောဂါ (၃) ခုထဲက (၁) ခု ဖြစ်ပါတယ်။

🔍 HPV ဆိုတာ?လိင်မှတဆင့်ကူးစက်တဲ့ရောဂါ (STI) တစ်မျိုးပါ။အမျိုးအစား 100 ကျော် ရှိပြီးအန္တရာယ်များသော HPV အမျိုးအစားများဖြစ်တဲ့ 16 နဲ့ 18က သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာတွေကို ဖြစ်စေပါတယ်။HPV အမျိုးအစား 6 နဲ့ 11 ကတော့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေပါတယ်။ 😮 HPV ပိုးရှိသူ အများစုမှာ လက္ခဏာမပြပေမယ့် တခြားသူကို ကူးစက်နိုင်ပါတယ်။ 📊 တစ်ကမ္ဘာလုံးတွင်2019 မှာ HPV ကြောင့် အမျိုးသမီးဦးရေ 620,000 / အမျိုးသားဦးရေ 70,000 ခန့်က ကင်ဆာတွေ ဖြစ်ပွားခဲ့ပါတယ်၊2022 မှာတော့ သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးများတွင် စတုတ္ထမြောက်အသက်ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့ရသည့် အကြောင်းရင်း ဖြစ်လာပါတယ်** 🚩 HPV ကူးစက်နိုင်ခြေကို မြင့်မားစေသော…

Read More

👩‍👧 မွေးကင်းစမှ အသက်(၉)နှစ်ကြား သားသားမီးမီးများကို ပိုင်ဆိုင်ထားတဲ့ ဖေဖေမေမေတို့ရေ…ထိုအသက်အပိုင်းအခြား ကလေးတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ ရောဂါတစ်မျိုး ကို ဇီဝကမှsharing လုပ်ချင်ပါတယ်ရှင့်။ဒါကတော့ “Selective IgA ချို့တဲ့ခြင်း” ဖြစ်ပါတယ်ရှင်

🛡 IgA ချို့တဲ့ခြင်း ဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာ IgA လို့ခေါ်တဲ့ သဘာဝကာကွယ်မှု ပစ္စည်းတစ်ခု မရှိခြင်း ဖြစ်ပါတယ်။ IgA ဟာ မျက်ရည်၊ တံတွေး၊ မိခင်နို့၊ လေလမ်းကြောင်းနဲ့ အစာခြေစနစ်အတွင်းမှ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်ရှင်။ ဒါကြောင့် IgA ချို့တဲ့တဲ့ ကလေးလေးတွေက ⬇️ 🔸 မကြာခဏ အအေးမိတတ်ပါတယ်🔸 နားပိုးဝင်တတ်ပါတယ်🔸 လည်ချောင်းနာ၊ အဆုတ်ရောင်🔸 ဝမ်းလျှောရောဂါတွေ မကြာခဏ ဖြစ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ 👶 ကလေးက အစာလည်း ကောင်းကောင်းမစားနိုင်ပဲ ကိုယ်အလေးချိန်တက်မလာတာတွေ ဖြစ်တတ်ပါတယ်ရှင် 😔 ဘာကြောင့် IgA ချို့တဲ့ရတာလဲ?တချို့က မျိုးရိုးဗီဇကြောင့်ဖြစ်တတ်ပါတယ်။ တချို့မှာတော့ အတက်ကျဆေး၊ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ကုသတဲ့ ဆေးအချို့ကို သောက်သုံးရခြင်းကြောင့် IgA…

Read More

📌 ကိုယ်ဝန်ဆောင်စဉ်မှာ Vitamins အားဆေးတွေက ဘာကြောင့်အရေးကြီးပါသလဲ?

ကလေးယူဖို့စဉ်းစားနေသူ၊ ကိုယ်ဝန်ဆောင်နေသူတွေအတွက် အရေးကြီးဆုံးအချက်ကတော့ မိမိရင်သွေးလေးရဲ့ ကျန်းမာရေးကို စဥ်ဆက်မပြတ် စောင့်ရှောက်ဖို့ပါပဲ။ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို သဘာဝအတိုင်း အစားအစာကနေလည်း ရနိုင်တယ်ဆိုပေမယ့် တကယ်တမ်း ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ Vitamins နဲ့ Minerals လိုအပ်ချက်က ပုံမှန်ထက် မြင့်တက်လာပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ဝန်ဆောင်အားဆေး သောက်သုံးခြင်းဟာ မိခင်နဲ့ ကလေးအတွက် အရေးကြီးတဲ့ ကျန်းမာရေးအထောက်အကူတစ်ခုဖြစ်လာပါတယ်။ ❶ Folic Acidကလေးယူဖို့ စီစဉ်နေကတည်းက Folic acid ကို စတင်သောက်သုံးခြင်းဖြင့် သားဥကြွေခြင်းကို ပံ့ပိုးကာ အောင်မြင်သော သန္ဓေတည်နိုင်ခြေကို တိုးမြင့်စေပါတယ်။သန္ဓေတည်ပြီး (၃) ပတ်မှ (၄) ပတ်အတွင်းက အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းများဖွံ့ဖြိုးချိန် ဖြစ်ပါတယ်။ ထိုအချိန်အတွင်း Folic acid မလုံလောက်ပါက မွေးဖွားလာမယ့်ကလေးမှာ ဦးနှောက်နှင့် အာရုံကြောကို…

Read More

📌 ခရီးသွားဖို့ပြင်ဆင်ချိန်မှာ ကျန်းမာရေးအတွက် မမေ့သင့်တဲ့ အချက် (၅) ချက်

ခရီးထွက်ဖို့ ပြင်ဆင်ရတာက စိတ်ကူးနဲ့တင် ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ခရီးစဉ်တစ်ခုလုံးမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ဆိုရင် ကျန်းမာရေးအတွက် ကြိုတင်စီစဉ်ထားဖို့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ခရီးမထွက်ခင် သတိထားဖို့ အရေးကြီးတဲ့အချက် (၅) ချက်ကို ဇီဝကမှ ချစ်ခြင်းများစွာဖြင့် မျှဝေလိုက်ပါရစေ။ ❶ မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆေးဝါးများကို ပြင်ဆင်သွားပါကျန်းမာရေးအတွက် နေ့စဉ်သောက်သုံးရတဲ့ ဆေးဝါးတွေ၊ အချိန်မရွေးဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာများအတွက် သက်သာစေမယ့်ဆေးဝါးတွေ (အကိုက်အခဲဖျားနာပျောက်ဆေး၊ ဗိုက်အောင့်ပျောက်ဆေး၊ ဝမ်းပိတ်ဆေး၊ ဝမ်းပျော့ဆေး၊ allergic ပျောက်ဆေး စသဖြင့်) ကို စီစဉ်သွားဖို့ လိုအပ်ပါတယ်။ ❷ အရေးပေါ်ကျန်းမာရေးအတွက် First Aid Kitခရီးစဉ်အတွင်း ထိခိုက်ဒဏ်ရာရမိနိုင်ခြင်းများအတွက် အခြေခံလိုအပ်တဲ့ အရက်ပြန်၊ ဂွမ်း၊ အနာကျက်လိမ်းဆေး၊ ဒဏ်ကြေလိမ်းဆေး၊ ပတ်တီး၊ ပလာစတာတွေပါတဲ့ အိတ်တစ်ခုကလည်း…

Read More

📌 အိပ်ရေးမဝခြင်းနဲ့ ကျန်းမာရေးကြား ဆက်နွယ်မှု

ယနေ့ခတ်မှာ လူတိုင်းနီးပါးက အိပ်စက်ချိန် နည်းနည်းဖြင့်သာ နေ့ရက်တွေကို ဖြတ်သန်းနေရတာ တွေ့ရပါတယ်။ အလုပ်ပင်ပန်းမှု၊ စိတ်ဖိစီးမှု၊ ဖုန်းနဲ့နည်းပညာသုံးစွဲမှုတို့ကြောင့် အိပ်ချိန်ကနည်းလာတာပါ။ ဒီလို အိပ်စက်ချိန် မလုံလောက်ခြင်းက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်ဆိုတာ ဂရုပြုသင့်ပါတယ်။ 😴 ကိုယ်ခံအားကျစေခြင်းအိပ်ရေးကောင်းကောင်းမဝတဲ့အခါမှာ ကိုယ်ခံအားတွေ တဖြည်းဖြည်းကျဆင်းလာပြီး နောက်ဆုံး ခန္ဓာကိုယ်မှ ပြင်ပက ဝင်လာတဲ့ရောဂါပိုးတွေကို ခုခံနိုင်စွမ်းလျော့နည်းသွားပါတယ်။ဒါကြောင့်အရင်ကနဲ့မတူဘဲ ဖျားနာလွယ်တာ၊ နေမကောင်းဖြစ်လွယ်တာတွေ ဖြစ်လာပါတယ်။ 💊 ဆေးမတိုးတော့ခြင်းသုတေသနအချို့အရ အိပ်ချိန်နည်းတာက သောက်လိုက်တဲ့ဆေးအပေါ် တုံ့ပြန်နိုင်မှုကို ထိခိုက်စေပြီး ရောဂါသက်သာဖို့ သူများထက် ပိုများတဲ့ ဆေးပမာဏကို သောက်သုံးရတာမျိုး ဖြစ်တတ်ပါတယ်။ 🧠 စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းအိပ်ရေးမဝလျှင် စိတ်ဖိစီးမှုများလာပြီး နာကျင်တာတွေကိုတောင် ပိုလို့ခံစားရစေပါတယ်။ ဒါကြောင့် သူများတွေထက်စာရင် ဆေးသောက်မှ သက်သာတော့တာမျိုး၊ ဆေးစွဲတာမျိုး ဖြစ်နိုင်ပါတယ်။ ✔️…

Read More

📌Antibiotic (ပဋိဇီဝ ပိုးသတ်ဆေး) ကို တလွဲသုံးမိရင် ဘယ်လောက်အန္တရာယ်ရှိလဲ

😷 ပိုးသတ်ဆေးသောက်လိုက်ရင် မြန်မြန်သက်သာမှာပေါ့လို့ စိတ်ထဲမှာ ထင်နေတာမျိုး၊ သူများပြောတာ ကြားဖူးတာမျိုး ကြုံဖူးပါသလား။ 👩‍⚕️ ဆေးပညာမှာ ဆရာဝန် ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်တဲ့ဆေးနဲ့ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးနိုင်တဲ့ ဆေးဆိုပြီး (၂) မျိုးရှိပါတယ်။ ပိုးသတ်ဆေးတွေကတော့ သေချာပေါက် ဒုတိယ အုပ်စုထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။ 🔸 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေး၊ နှာစေး ချောင်းဆိုးခြင်းတွေမှာ ပိုးသတ်ဆေး မလိုအပ်ပါဘူး။အဲဒီလိုအချိန်မှာ သုံးမိရင်…✅ မကောင်းတဲ့ဘက်တီးရီးယားတွေက ပိုမိုခံနိုင်ရည်ရှိလာပြီး ရောဂါမသက်သာစေဘဲ ပိုဆိုးစေပါတယ်။ ⚠️ ပိုးသတ်ဆေးကို တလွဲသုံးမိတဲ့အခါ❌ Antibiotic resistance – ဆေးမတိုးတော့တဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပါတယ်။❌ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အာဟာရထိခိုက်ခြင်းတွေ ဖြစ်လာပါတယ်။❌ နောက်ဆုံးတွင် ကုသလို့ မပျောက်ကင်းတော့သည်အထိ ဖြစ်နိုင်ပါတယ်။ 💊…

Read More

အလွယ်တကူ သောက်သုံးနိုင်တဲ့ ပုံစံနဲ့ ပရိုဘိုင်အိုတစ် Fortigermina

💊 ပရိုဘိုင်အိုတစ်ဆိုတာ အူလမ်းကြောင်းကို ကျန်းမာစေပြီး အစာခြေဖျက်မှုကို အားကောင်းစေတဲ့ အကျိုးပြု ပိုးမွှားလေးတွေ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ပရိုဘိုင်အိုတစ်တွေကို ယခင်ကဆိုရင် ဆေးတောင့်၊ ဆေးမှုန့်ပုံစံဖြင့်သာ တွေ့ခဲ့ရသော်လည်း နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ရေနဲ့ မော့သောက်စရာမလို၊ အမှုန့်ဖျော်နေစရာ မလိုဘဲ အလွယ်တကူ သောက်သုံးနိုင်တဲ့ တစ်ခါသောက် အရည်ပုံစံမျိုးနဲ့ပါ ယခုဆိုရင် ရရှိနေပြီ ဖြစ်ပါတယ်ရှင်။ ဒီလိုပုံစံထဲက တစ်ခုကတော့ Fortigermina ဖြစ်ပါတယ်။ 💊 Fortigermina ဆေးရည် ၁ဘူးမှာ Bacilllus Clausii Spores 2 billion ပါဝင်ပါတယ်။ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် အူလမ်းကြောင်းမှာ မအီမသာ ဖြစ်ခြင်းကို ခံစားရတဲ့အခါ Bacilllus Clausii က ပျက်စီးသွားတဲ့ အကျိုးပြုဘက်တီးရီးယားတွေနေရာမှာ ပြန်လည်ဖြည့်တင်းပေးလို့…

Read More

🌞 နွေရာသီမှာ သတိပြုပါ 🌞

ခန္ဓာကိုယ်ဟာ ကားအင်ဂျင်လိုပါပဲ။ ပူပြင်းတဲ့ ရာသီဥတုမှာ အလုပ်လုပ်ရတဲ့အခါ အပူလွန်ကဲလာနိုင်ပါတယ်။ ထိုအခါ Heat Exhaustion (အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း) ဖြစ်ပေါ်ပါတယ်။ လက္ခဏာများကတော့ .. 🔅 ဂနာမငြိမ်ခြင်း၊🔅 ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊🔅 တစ်ကိုယ်လုံး နုံးချိပျော့ခွေခြင်းနှင့် ကြွက်တက်ခြင်း၊🔅 ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြား အေး၍ စိုစွတ်ခြင်း၊🔅 ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းတို့ ဖြစ်ပါတယ်။ ထိုသို့ ခံစားရပါက … ✅ အရိပ်ရပြီး အေးတဲ့နေရာကို ချက်ချင်းသွားပါ၊✅ ပန်ကာဖွင့်ထားပါ၊✅ ရေများများသောက်ပါ၊ ရေမဆာနေရင်တောင် သတိရတာနဲ့ ရေသောက်ပါ၊✅ ချွေးထွက်များတဲ့သူဆို ဓာတ်ဆားရည်သောက်ပါ၊❌ ရေဓာတ်ခမ်းခြောက်စေတဲ့ အချိုရည်၊ ကော်ဖီနဲ့ အရက်ကို ရှောင်ပါ။✅ အေးမြစေတဲ့ ပွပွချောင်ချောင်၊ အရောင်ဖျော့ဖျော့ အဝတ်အစားများကို ဝတ်ပါ၊✅ အဝတ်အေးလေးနဲ့ ရေပတ်တိုက်ပါ၊ ရေအေးအေးလေး ချိုးပါ၊…

Read More

အသည်းအတွက် အာဟာရ

✅ အသည်း (Liver) ဆိုတာဟာ နေ့စဉ်နေထိုင်မှုနှင့် ဘဝကျန်းမာရေးအတွက် အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါပဲ။ 👐🏻 ဒါကြောင့် ဒီနေ့မှာတော့ အသည်းကျန်းမာရေးအတွက် မှီဝဲသောက်သုံးကြတဲ့ အသည်းအားဆေးတွေမှာတွေ့ရတတ်တဲ့ အာဟာရဖြည့်စွက်စာများအကြောင်းကို ဗဟုသုတမျှဝေပေးလိုက်ပါတယ်။ 🔹 Milk ThistleMilk Thistle ဆိုတာဟာ အသည်းကိုကာကွယ်ပေးနိုင်တဲ့ ပန်းပွင့်သော ဆေးဖက်ဝင်အပင် တစ်မျိုး ဖြစ်ပါတယ်။ Milk Thistle ရဲ့ အစေ့မှာရှိတဲ့ Silymarin ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသည်းရောဂါတွေကို ဖြစ်စေတဲ့ ရောင်ရမ်းမှုကို ကာကွယ်ပေးပြီး ဆဲလ်များကို ပျက်စီးစေတဲ့ ဖရီးရယ်ဒီကယ်များကိုလည်း တိုက်ဖျက်ပေးပါတယ်။ အသည်းမှာ အမာရွတ် မဖြစ်အောင် ကာကွယ်ပေးပြီး အဆိပ်အတောက်ဖြေဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်းများကို တိုးပွားစေပါတယ်။ 🔹 ArtichokeArtichoke ဆိုတာ မြေထဲပင်လယ်ဒေသမှာ ပေါက်ရောက်သော စားသုံးနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပြီး…

Read More