🦠 ရာသီအလိုက် ဓာတ်မတည့်မှုများ

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ လေနှင့်အတူ ပါလာသော မိမိနှင့် မတည့်သည့် အရာအား ထိတွေ့မိရာမှ ဓာတ်မတည့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။ ဓာတ်မတည့်မှု အဖြစ်များစေသော အရာများမှာ 🌻 ပန်းဝတ်မှုန်နှင့် ဖုန်မှုန့်များဖြစ်ပြီး 🐈 ကြောင်၊ 🐕 ခွေးနှင့် အခြားတိရစ္ဆာန်များမှ ကျွတ်ထွက်လာသော အမွှေးအမျှင်လေးတွေကလည်း ဓာတ်မတည့်မှုကို ဖြစ်စေပါတယ်။

လူတစ်ဦးနှင့်တစ်ဦး ဓာတ်မတည့်မှုပေါ်မူတည်၍ ☀️ နွေဦး၊ နွေရာသီနှင့် ❄️ ဆောင်းဦးရာသီများတွင် ဓာတ်မတည့်မှုများ အဖြစ်များပါတယ်။ နွေဦးပေါက်ရာသီနှင့် ဆောင်းဦးရာသီတွင် 💐 ပန်းဝတ်မှုန်များကြောင့်၊ နွေရာသီတွင် 🌾 ကောက်ရိုးစပါးများကြောင့် ဓာတ်မတည့်မှုများ ပိုဖြစ်လေ့ရှိကာ အိမ်မွေးတိရိစ္ဆာန်များ၊ ဖုန်မှုန့်များနှင့် ပိုးဟပ်အမှုန်အမွှားများကြောင့်က တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်။

ဓာတ်မတည့်မှု လက္ခဏာများတွင်
⭕️ နှာချေခြင်း၊ ချောင်းဆိုးခြင်း
⭕️ နှာရည်ယိုခြင်းနှင့် နှာပိတ်ခြင်း
⭕️ မျက်လုံး ယားခြင်း၊ မျက်ရည်ယိုခြင်း
⭕️ အရေပြားယားယံခြင်းတို့ ပါဝင်ပြီး

အခြားသော လက္ခဏာများမှာ အသက်ရှူသံ တရွှီရွှီမြည်ခြင်း (အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါရှိသူများ)၊ တစ်ခါတစ်ရံ စိတ်တိုဒေါသထွက်ခြင်းနှင့် အိပ်မပျော်ခြင်းတို့ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ပင်ပန်း နွမ်းနယ်နေတတ်ပါတယ်။ ယားယံခြင်းသည် တဖြည်းဖြည်း သို့မဟုတ် ရုတ်တရတ် စတင်ဖြစ်လာနိုင်ပါတယ်။

❇️ Antihistamines နှင့် Decongestants များ၊ မျက်ရည်တု မျက်စဉ်းများ၊ Steroid နှာခေါင်းဖျန်းဆေးများကို အသုံးပြုခြင်းဖြင့် ဓာတ်မတည့်မှု လက္ခဏာများကို သက်သာစေပါတယ်။

⚠️ အကယ်၍ ဆေးသောက်သော်လည်း လက္ခဏာများ မသက်သာပါက သို့မဟုတ် ပိုမိုဆိုးရွားလာပါက ဆရာဝန်ဖြင့် ပြသရန် လိုအပ်ပါတယ်။

✳️ ရာသီအလိုက် ဓာတ်မတည့်ခြင်းများသည် အနှောင့်အယှက်ဖြစ်နိုင်သော်လည်း ရောဂါလက္ခဏာများကို သက်သာစေရန် ကုသနည်းများရှိပါတယ်။ မိမိတွင် ဓာတ်မတည့်မှု ဖြစ်လာလျှင် ဘယ်အရာက ဖြစ်စေတာလည်း သိအောင် ရှာဖွေပြီး မှန်ကန်သောကုသမှုကို ခံယူကာ နောက်တစ်ကြိမ် မထိတွေ့မိအောင် ရှောင်ရှားခြင်းဖြင့်လည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Leave a Comment