✨သားဥအိမ် ကျန်းမာဖို့ဆို Inositol ကို မမေ့နဲ့နော်✨

✳️ သားအိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ သားဥအိမ် (၁) လုံးစီ ရှိပါတယ်။ သားဥအိမ်တွေက သားဥတွေကို သိုလှောင်ထားပေးပြီး တစ်လတစ်ခါ သားဥကြွေစေပါတယ်။ ရာသီစက်ဝန်းမှန်ဖို့နှင့် ကိုယ်ဝန် ဆောင်နိုင်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ထိုသားဥအိမ်တွေက ဟော်မုန်းတွေကို ပုံမှန်ထက်ပိုပြီး ထုတ်တဲ့အခါ PCOS (သားဥအိမ် ရေအိတ်တည်ရောဂါ) ကို ဖြစ်စေပါတယ်။ ဟော်မုန်း မမျှတတော့တဲ့အတွက် ဝက်ခြံထွက်ခြင်း၊ မျက်နှာ အမွှေးအမျှင်ထူခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အဝလွန်ခြင်း၊ ဓမ္မတာမမှန်ခြင်းနှင့် ကလေးမရနိုင်ခြင်းတို့ ဖြစ်လာပါတယ်။

✳️ အင်ဆူလင်ဆိုတာ စားလိုက်တဲ့ အစားအစာတွေထဲက သကြားဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ PCOS ဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း အသုံးမချနိုင်တော့ပါဘူး။ ထိုအခါ သွေးထဲမှာ သကြားဓာတ်တွေ များလာပြီး ဆီးချိုဖြစ်စေပါတယ်။ ဒီနေရာမှာ Inositol က သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့အတွက် အင်ဆူလင် ဟော်မုန်းအား ခန္ဓာကိုယ်မှ တုံ့ပြန်နိုင်စွမ်း ပြန်ကောင်းအောင် ကူညီပေးပါတယ်။ Inositol ကို ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်သလို အစားအစာအချို့မှာလည်း တွေ့ရပါတယ်။ သို့သော် PCOS ရောဂါရှိသူ 65-70% က Inositol ပမာဏ များများ လိုအပ်တာဖြစ်လို့ ဆရာဝန်များက Inositol ဖြည့်စွက်စာကို သောက်သုံးဖို့ ညွှန်ကြားလေ့ ရှိပါတယ်။

✳️ Inositol အမျိုးအစား (၉) မျိုးရှိပြီး အဓိက အသုံးပြုတာက Myo-Inositol (MI) နဲ့ D-Chiro-Inositol (MCI) ဖြစ်ပါတယ်။ MI က စုပ်ယူမှုအကောင်းဆုံး အမျိုးအစား ဖြစ်ပါတယ်။ PCOS လက္ခဏာများကို တိုက်ထုတ်ဖို့အတွက် MI နှင့် MCI 40:1 အချိုးအစားက အကောင်းဆုံး အလုပ်လုပ်ပေးတဲ့ ပေါင်းစပ်မှု ဖြစ်ပါတယ်။ ထို့ကြောင့် Inositol ဖြည့်စွက်စာများတွင် MI 500mg နှင့် MCI 13.8mg ပါဝင်လေ့ရှိပါတယ်။

✳️ Inositol က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်ခြင်းကို ထိန်းချုပ်ရာမှာလည်း ကူညီပေးပါတယ်။
✳️ Inositol က ဗဟိုအာရုံကြောစနစ်အပေါ်မှာ တည်ငြိမ်စေတဲ့ အာနိသင်ရှိတာကြောင့် စိတ်ဓာတ် ကျခြင်း၊ အစွဲလန်းလွန်ခြင်း၊ အကြောက်လွန်ခြင်းလို စိတ်ရောဂါတွေကို ထိန်းချုပ်ဖို့ အာရုံကြောဖြည့်စွက်စာ တွေမှာလည်း ထည့်သွင်းထုတ်လုပ်လေ့ရှိပါတယ်။

ဒီတော့ Inositol ကို သောက်သုံးခြင်းဖြင့်
✔️ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေပါတယ်။
✔️ ဟော်မုန်းမျှတစေပါတယ်။
✔️ သန္ဓေအောင်ဖို့ ပံ့ပိုးပေးပါတယ်။
✔️ PCOS ရှိသော အမျိုးသမီးတွေမှာ သားဥကြွေမှန်စေပါတယ်။
✔️ သားဥအရည်အသွေးကို ကောင်းစေလို့ ကလေးရလွယ်စေပါတယ်။
✔️ ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
✔️ စိတ်ဓာတ်ကျခြင်းနှင့် အခြားစိတ်ကျန်းမာရေး ပြဿနာတွေကို သက်သာစေပါတယ်။

✳️ Inositol က ရေမှာ ပျော်ဝင်သော ဓာတ်ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သိုလှောင်မထားနိုင်လို့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ပမာဏများများ သောက်မိရင်တောင် လေပွခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့ခြင်းတို့လောက်သာ ဖြစ်နိုင်ပါတယ်။

Leave a Comment