💜 အမျိုးသမီးတို့အတွက် အလွယ်ကူဆုံး စိတ်ဖိစီးမှု ပြေလျော့စေမယ့် အချက် (၅) ချက် 💜

😞 လူတိုင်း စိတ်ဖိစီးမှုကို တွေ့ကြုံခံစားရချိန်တွင် အမျိုးသမီးများသည် မိသားစုတာဝန်များ၊ အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်များ၊ ငွေရေးကြေးရေး ရုန်းကန်ရမှုများ၊ ဟော်မုန်း အပြောင်းအလဲများနှင့် လူမှုရေးဆိုင်ရာ ဖိအားများကို အပြင်ပန်းမျက်နှာမှာ မပေါ်အောင် ဖုံးကွယ်ရင်း နေ့စဉ်ဘဝကို အသံတိတ် ကျော်ဖြတ်နေရပါတယ်။

စိတ်ကျန်းမာရေးနှင့် စိတ်ဖိစီးမှုသည် နက်ရှိုင်းစွာ အပြန်အလှန် ဆက်နွယ်နေပါတယ်။ 🧬 လေ့လာမှုများအရ အမျိုးသမီးများသည် အမျိုးသားများထက် စိတ်ပူပန်မှုများနှင့် စိတ်ဓာတ်ကျခြင်းများကို ကြုံတွေ့ရနိုင်ခြေ ပိုများကြောင်း တွေ့ရှိရပါတယ်။ 📈

စိတ်ဖိစီးမှုများသည် အမျိုးသမီးများ၏ဘဝထဲသို့ တိတ်တဆိတ်ဝင်ရောက်လာပြီး စိတ်တိုခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ သတိမေ့တတ်လာခြင်းများအဖြစ် အသွင်ပြောင်းသွားတတ်ပါတယ်။ ⚠️ စိတ်ဖိစီးမှုများက အလုံးစုံ လွှမ်းမိုး မသွားခင် အစောပိုင်း လက္ခဏာတွေကို သတိပြုမိဖို့ အရေးကြီးပါတယ်။ ⚠️

❇️ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများတွင် ခေါင်းကိုက်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ အစာမကြေခြင်း၊ အစာစားချင်စိတ် ပြောင်းလဲခြင်း၊ အိပ်ရေးပျက်ခြင်းတို့ ပါဝင်ပါတယ်။
❇️ စိတ်ခံစားမှုဆိုင်ရာ လက္ခဏာများတွင် စိုးရိမ်ပူပန်မှု၊ စိတ်တိုမှု၊ ဝမ်းနည်းမှု၊ အထီးကျန်ဆန်မှုတို့ ပါဝင်ပါတယ်။
❇️ အပြုအမူဆိုင်ရာ လက္ခဏာများတွင် ချစ်ရသူများအား ရှောင်ဖယ်လာခြင်း၊ အလွန်အကျွံစားခြင်း သို့မဟုတ် လျှော့စားခြင်း၊ အရက်သောက်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ပါဝင်ပါတယ်။
စိတ်ဖိစီးမှုသည် ဘဝ၏ မလွှဲမရှောင်သာသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုံးလုံးလျားလျား ဖယ်ရှားပစ်ရန် မဖြစ်နိုင်ပါ။ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ရန်၊ ဟန်ချက်ညီမှုကို ပြန်လည်ရရှိရန်နှင့် စိတ်ကျန်းမာရေးကို ကာကွယ်ရန် ကြိုးစားရမှာ ဖြစ်ပါတယ်။ 💪💪

ဇီဝကရဲ့ ချစ်ရတဲ့ အမျိုးသမီးများအတွက် လက်တွေ့ကျသော စိတ်ဖိစီးမှု လျှော့ချနိုင်မယ့် ဗျူဟာများမှာ
စိတ်-ခန္ဓာလေ့ကျင့်ခန်းများ
တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းက စိတ်ဖိစီးမှုတွေကို ထိန်းညှိပေးနိုင်ပါတယ်။ အထူးသဖြင့် တရားထိုင်ခြင်းသည် ပူပန်မှုတွေကို လျှော့ချပေးပြီး အာရုံကြောစနစ်ကို ငြိမ်သက်စေပါတယ်။ ယောဂကျင့်ခြင်းက လှုပ်ရှားမှုနဲ့ အာရုံစူးစိုက်မှုတို့ကို ပေါင်းစပ်လိုက်လို့ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုရပြီး စိတ်တည်ငြိမ်စေပါတယ်။
ဘယ်လိုလေ့ကျင့်ခန်းမျိုးကမဆို စိတ်ဖိစီးမှု ဟော်မုန်းတွေကို တိုက်ထုတ်ပေးတဲ့ endorphins တွေ ထွက်စေလို့ လမ်းလျှောက်တာ၊ ကခုန်တာ၊ စက်ဘီးစီးတာလို ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေ လုပ်ဆောင်သင့်ပါတယ်။

စိတ်ခံစားချက် ဖော်ပြမှု
စိတ်ဖိစီးမှုများသည် တိတ်ဆိတ်စွာ ရှင်သန်ကြီးထွားနေပါတယ်။ ယုံကြည်ရသော သူငယ်ချင်း၊ မိသားစု သို့မဟုတ် ကုသပေးသူအား မိမိ၏ ရုန်းကန်နေရခြင်းအကြောင်းတွေကို ပြောဆိုခြင်းသည် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ကိုယ်တိုင်ထက် အခြားသူများကို ပိုပြီး ဦးစားပေး ဂရုစိုက်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ မှာချင်ပါတယ်။
စာရေးတာ၊ ပန်းချီဆွဲတာ၊ တေးဂီတ နားထောင်တာကလည်း စကားဖြင့်ပြောရန် ခက်ခဲသော စိတ်ဖိစီးမှု များအတွက် ထွက်ပေါက်တစ်ခု ဖြစ်စေပါတယ်။ ဤအလေ့အကျင့်များသည် စိတ်ဖိစီးမှုများကို လှပသော အရာအဖြစ်သို့ ပြောင်းလဲစေနိုင်ပါတယ်။

ကျန်းမာသော လူနေမှုပုံစံ
စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိဖို့အတွက် လုံလောက်သောအိပ်စက်ခြင်း၊ မျှတသောအာဟာရနှင့် ရေဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။

စည်းခြားတတ်ပါစေ
အင်အားအပြင်းဆုံး ဖြစ်သော်လည်း အခက်ခဲဆုံး ဖြေရှင်းနည်းဗျူဟာတစ်ခုမှာ ငြင်းတတ်ဖို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးများသည် မိမိအား တောင်းဆိုလာသော အရာတိုင်းအတွက် လိုက်လျောချင်ကြပါတယ်။ တစ်ချို့အရာတွေကို ငြင်းဆန်တတ်ဖို့က တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်ဘဲ မိမိကိုယ်ကို ဂရုစိုက်ခြင်းသာ ဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ပံ့ပိုးမှု
ကုထုံးခံယူခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းနှင့် စိတ်ရောဂါ စောင့်ရှောက်မှုများသည် စိတ်ဖိစီးမှုနှင့် ဆက်စပ်သော စိတ်ကျန်းမာရေး အခြေအနေများကို ရင်ဆိုင်ကိုင်တွယ်ရန်အတွက် တန်ဖိုးမဖြတ်နိုင်သော အထောက်အပံ့များ ဖြစ်ပါတယ်။
✨ အမျိုးသမီးတိုင်းရဲ့ စိတ်ဖိစီးမှုဇာတ်ကြောင်းက ကွဲပြားပေမယ့် တူညီမှုက သင်တစ်ယောက်တည်း မဟုတ်ဘဲ လူတိုင်းမှာ ရှိနေတယ် ဆိုတာပါပဲ။ ဘဝက စိတ်ဖိစီးမှုတွေကို ပေးလာတဲ့အခါ မိမိရဲ့ ခံနိုင်ရည်ရှိမှု၊ ဉာဏ်ပညာနှင့် ပျော်ရွှင်စရာတို့ကို ရှာဖွေရင်း ဇီဝကချစ်ရတဲ့ အမျိုးသမီးတိုင်း ရွှင်လန်းတက်ကြွစွာ နေ့ရက်တွေကို ဖြတ်သန်းကြပါစို့နော်။ ✨

Leave a Comment