H. pylori ဆိုတာ ဘာလဲ

🥵 အစာအိမ်ရောဂါလို့ ပြောလိုက်ရင် လူတိုင်းလိုလို ခံစားဖူးကြပါတယ်။ ဒါပေမဲ့ အဲဒီအစာအိမ်နာရခြင်းရဲ့ တကယ့်တရားခံက H. pylori (Helicobacter pylori) ဆိုတဲ့ ဘက်တီးရီးယားပိုး ဖြစ်နေတတ်တာကိုတော့ သတိမထားမိကြတာများပါတယ်။ ‼️
လူငယ်တွေနဲ့ မိဘတွေ သိထားသင့်တဲ့ H. pylori အကြောင်းကို ဇီဝကမှ စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ စုစည်းဖော်ပြလိုက်ပါတယ်ရှင့်။💜

H. pylori ဆိုတာ ဘာလဲ⁉️
အစာအိမ်ရဲ့ အက်ဆစ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဘက်တီးရီးယားလို့တောင် ပြောလို့ရပါတယ်။ သူက အစာအိမ်နံရံမှာ ကပ်တွယ်ပြီး အနာဖြစ်စေသလို၊ ရေရှည်မှာ ကုသမှုမခံယူရင် အစာအိမ်ကင်ဆာအထိ ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိသောပိုးတစ်မျိုး ဖြစ်ပါတယ်။

အသက် (၁၀) နှစ်ကနေ (၁၉) နှစ်ကြားမှာ ဘာလို့ H. pylori ပိုးက “ပုန်းလျှိုးကွယ်လျှိုး” ရှိနေတာလဲ⁉️
ဆယ်ကျော်သက်အရွယ်မှာ H. pylori ပိုးဟာ ခန္ဓာကိုယ်ထဲ ရောက်နေပေမဲ့ ဘာလက္ခဏာမှ မပြဘဲ ငြိမ်နေတတ်တာကြောင့် “Silent Infection” လို့တောင် ခေါ်ကြပါတယ်။ အဓိက အကြောင်းရင်းတွေကတော့-
⭕️ ကိုယ်ခံအားစနစ်- ဒီအရွယ်မှာ ခန္ဓာကိုယ်က သန်စွမ်းနေတာကြောင့် ပိုးက အစာအိမ်နံရံကို တိုက်ခိုက်နေပေမဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိနေပါသေးတယ်။ အနာအဆင့်ထိ ဖြစ်ဖို့ အချိန်ယူရလေ့ရှိပါတယ်။
⭕️ ရောဂါလက္ခဏာကို အထင်မှားခြင်း- ဗိုက်အောင့်တာ၊ လေပွတာဖြစ်ရင် “ကျောင်းစာကြောင့် စိတ်ဖိစီးလို့” ဒါမှမဟုတ် “အပြင်စာတွေ စားလို့” ဆိုပြီး သာမန်ဗိုက်နာတယ်လို့ပဲ ထင်တတ်ကြပါတယ်။
⭕️ ကူးစက်မှု အစပြုချိန်- H. pylori ဟာ များသောအားဖြင့် ကလေးဘဝ (သို့) ဆယ်ကျော်သက်အရွယ်မှာ အစားအသောက်နဲ့ ရေကတစ်ဆင့် စတင်ကူးစက်တာပါ။ ဒါပေမဲ့ ရောဂါလက္ခဏာ အပြင်းအထန်ပြဖို့ကတော့ အချိန်အတော်ကြာ “အောင်း” နေတတ်ပါတယ်။
⭕️ လူနေမှုပုံစံ- ဒီအရွယ်ဟာ သူငယ်ချင်းတွေနဲ့ စုစားတာ၊ လမ်းဘေးစာ စားတာများတဲ့အချိန်ဖြစ်လို့ ပိုးအသစ်တွေ ထပ်ခါတလဲလဲ ဝင်နေနိုင်ပေမဲ့ ရုတ်တရက်ကြီး ဖျားနာတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းချင်း အစာအိမ်ကို ဒုက္ခပေးနေတာမျိုး ဖြစ်ပါတယ်။

ဘယ်လို လက္ခဏာတွေ ရှိတတ်သလဲ⁉️
အမြဲတမ်း ဗိုက်မနာတောင်မှ အောက်ပါအချက်တွေ ခံစားနေရရင် သတိထားသင့်ပါတယ်
⚠️ အစာစားပြီးရင်ဖြစ်ဖြစ်၊ အစာမရှိရင်ဖြစ်ဖြစ် ဗိုက်ထဲက ပူစပ်ပူလောင် ဖြစ်တာ
⚠️ ဗိုက်ထဲမှာ လေတွေ ပြည့်နေသလို ခံစားရတာ
⚠️ မကြာခဏ အော့အန်ချင်စိတ် ဖြစ်ပေါ်တာ
⚠️ အစားစားသလောက် ဝမလာတာ ဒါမှမဟုတ် သွေးအားနည်းတာတို့ ဖြစ်ပါတယ်။

ဘယ်လို ကာကွယ်မလဲ⁉️
✅ အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ။
✅ ရေကျက်အေး (သို့) ရေသန့်ကိုသာ သောက်ပါ။
❌ တံတွေးကတစ်ဆင့် ကူးစက်နိုင်ခြေရှိလို့ ဇွန်း၊ ခရင်းများကို မျှဝေမသုံးစွဲပါနဲ့။

အကယ်၍ အစာအိမ်နာတာ မကြာခဏဖြစ်နေရင် ဆရာဝန်နဲ့တိုင်ပင်ပြီး H. pylori ပိုး ရှိ၊ မရှိကို စစ်ဆေးသင့်ပါတယ်။
ပိုးရှိနေတာကို စစ်ဆေးတွေ့ရှိပါက ဆရာဝန်ညွှန်ကြားသော ပိုးသတ်ဆေးနဲ့ အစာအိမ်ဆေး (Triple/ Quadruple Therapy) ကို ရက်ပြည့်အောင် သောက်ဖို့ အရမ်းအရေးကြီးပါတယ်။‼️ ရက်မပြည့်ဘဲ ရပ်လိုက်ရင် ပိုးက ဆေးယဉ်သွားပြီး ကုရခက်သွားတတ်ပါတယ်။

🚨 ဒါကြောင့် အစာအိမ်နာတာကို သာမန်ပဲလို့ သဘောမထားဘဲ အချိန်မီ စစ်ဆေးကုသဖို့ လိုအပ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ မိမိချစ်ရတဲ့ မိသားစုဝင်တွေမှာ အထက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသပြီး H. pylori ပိုး ရှိ၊ မရှိ စစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်။

အကယ်၍ ပိုးရှိလို့ ဆေးသောက်ရမယ်ဆိုရင်လည်း ဇီဝက ဆေးဆိုင်မှာ စိတ်ချရတဲ့ 💊💊 ဆေးဝါးများကို အစုံအလင် ရရှိနိုင်သလို၊ ဆေးပတ်လည်အောင် သောက်ဖို့နဲ့ ဆေးသောက်ရမယ့် ပုံစံတွေကိုလည်း ကျွန်မတို့ ဆေးဝါးပညာရှင်များက သေချာစွာ အကြံပြု လမ်းညွှန်ပေးနေပါတယ်ရှင်။💜

Leave a Comment