တုပ်ကွေးရာသီမှာ အချိန်မီကာကွယ်ဖို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ

💁‍♀️ရာသီဥတု အကူးအပြောင်းမှာ တုပ်ကွေးဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တာ ဓမ္မတာပါ။
နေမကောင်းဖြစ်မှ ဆေးကုတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာက အကောင်းဆုံးမို့ Jivaka Pharmacy ကနေ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
တုပ်ကွေးရာသီကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ဖို့ဆို ဒီအချက် (၄) ချက်ကို မမေ့ပါနဲ့နော် …

🧼 တစ်ကိုယ်ရည် သန့်ရှင်းရေး
အပြင်ကပြန်လာတိုင်း လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။ လူထူထပ်တဲ့ နေရာတွေသွားရင် Mask တပ်ဖို့ မမေ့ပါနဲ့။ လက်မဆေးဘဲ မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကိုင်တွယ်တာကို ရှောင်ကြဉ်ပေးရပါမယ်။

🏡 ပတ်ဝန်းကျင် သန့်ရှင်းရေး
မိမိတို့ အမြဲကိုင်တွယ်နေတဲ့ ဖုန်း၊ တံခါးလက်ကိုင်နဲ့ ကွန်ပျူတာ Keyboard တွေကို ပိုးသတ်ဆေး Spray (သို့မဟုတ်) Wipes တွေနဲ့ ပုံမှန်သန့်စင်ပေးပါ။ လေဝင်လေထွက် ကောင်းမွန်အောင်လည်း ဂရုစိုက်ပါ။

💉တုပ်ကွေးကာကွယ်ဆေးထိုးခြင်း
ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ကာကွယ်မှုဖြစ်လို့ နီးစပ်ရာဆေးခန်းမှာ တုပ်ကွေးကာကွယ်ဆေးထိုးထားပါ။

💊ကိုယ်ခံအားမြှင့်တင်ဖို့ Supplements များ
အစားအသောက် ပုံမှန်စားရုံတင်မကဘဲ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုတဲ့ Supplement လေးတွေ လည်းဆောင်ထားသင့်ပါတယ်။
-ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ Vitamin C
-ဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားပေးနိုင်တဲ့ Zinc
-တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်စေတဲ့ Multivitamins စတာတွေကို မှီဝဲပေးသင့်ပါတယ်။
🤗သင့်ရဲ့ ကျန်းမာရေးအတွက် ဘယ်လို Supplement မျိုးက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ Jivaka Pharmacy က Pharmacist တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။
လိုအပ်တဲ့ အိမ်သုံးဆေးဝါးနဲ့ ကိုယ်ခံအားမြှင့်တင်ပေးမယ့် ဆေးဝါးတွေကို စိတ်ချရတဲ့ အရည်အသွေး၊ မှန်ကန်တဲ့ ဈေးနှုန်းတွေနဲ့ တစ်နေရာတည်းမှာ အစုံအလင် ဝယ်ယူရရှိနိုင်ပါပြီ။ 🛒💊
🏠ဇီဝကဆေးဆိုင်(၁) လမ်း(၃၀)၊ (၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ မန္တလေးမြို့။

🏠ဇီဝကဆေးဆိုင်(၂) လမ်း(၃၀)၊ (၇၄)လမ်းထောင့်၊ မန္တလေးမြို့။

🏠ဇီဝကဆေးဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊ (၆၂)လမ်းနှင့် (၆၄)လမ်းကြား၊ မန္တလေးမြို့။

🏠ဇီဝကဆေးဆိုင်(၄) ၃၈လမ်း၊ (၇၈)လမ်းနှင့် (၇၉)လမ်းကြား၊ မန္တလေးမြို့။

Leave a Comment