👩‍👧 မွေးကင်းစမှ အသက်(၉)နှစ်ကြား သားသားမီးမီးများကို ပိုင်ဆိုင်ထားတဲ့ ဖေဖေမေမေတို့ရေ…ထိုအသက်အပိုင်းအခြား ကလေးတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေတတ်တဲ့ ရောဂါတစ်မျိုး ကို ဇီဝကမှsharing လုပ်ချင်ပါတယ်ရှင့်။ဒါကတော့ “Selective IgA ချို့တဲ့ခြင်း” ဖြစ်ပါတယ်ရှင်

🛡 IgA ချို့တဲ့ခြင်း ဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာ IgA လို့ခေါ်တဲ့ သဘာဝကာကွယ်မှု ပစ္စည်းတစ်ခု မရှိခြင်း ဖြစ်ပါတယ်။ IgA ဟာ မျက်ရည်၊ တံတွေး၊ မိခင်နို့၊ လေလမ်းကြောင်းနဲ့ အစာခြေစနစ်အတွင်းမှ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်ရှင်။

ဒါကြောင့် IgA ချို့တဲ့တဲ့ ကလေးလေးတွေက ⬇️

🔸 မကြာခဏ အအေးမိတတ်ပါတယ်
🔸 နားပိုးဝင်တတ်ပါတယ်
🔸 လည်ချောင်းနာ၊ အဆုတ်ရောင်
🔸 ဝမ်းလျှောရောဂါတွေ မကြာခဏ ဖြစ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

👶 ကလေးက အစာလည်း ကောင်းကောင်းမစားနိုင်ပဲ ကိုယ်အလေးချိန်တက်မလာတာတွေ ဖြစ်တတ်ပါတယ်ရှင်

😔 ဘာကြောင့် IgA ချို့တဲ့ရတာလဲ?
တချို့က မျိုးရိုးဗီဇကြောင့်ဖြစ်တတ်ပါတယ်။ တချို့မှာတော့ အတက်ကျဆေး၊ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ကုသတဲ့ ဆေးအချို့ကို သောက်သုံးရခြင်းကြောင့် IgA ချို့တဲ့ခြင်း ဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် မတူတတ်ဘဲ တချို့အတွက်တော့ IgA မရှိဘဲနဲ့ပင် ကျန်းမာရေးကောင်းနေတာမျိုးလည်း ရှိပါတယ်ရှင်

💉 သတိထားဖို့အရေးကြီးတဲ့အချက်ကတော့ –
IgA ချို့တဲ့သူတွေက သွေးသွင်းဖို့လိုလာတဲ့အခါ အခြားသူရဲ့ သွေးထဲမှာပါလာတဲ့ IgA ကို ရန်သူထင်ပြီး တိုက်ထုတ်ကာ တုံ့ပြန်တတ်လို့ ချမ်းတုန်ဖျားခြင်း၊ ချွေးစေးများပြန်ခြင်းနဲ့ တခြား ဓာတ်မတည့်မှုများ ဖြစ်ပေါ်တတ်ပါတယ်ရှင့်

📌 မိဘတွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားလို့ရမလဲ
✔️ ကလေးက မကြာခဏဖျားနာတဲ့အခါ၊ အစာမစားနိုင်တာ၊ မကြာခဏ ဝမ်းလျှောတာမျိုးတွေ ရှိလာရင် စောစောသတိထားမိဖို့ လိုပါတယ်။
✔️ မိမိရင်သွေးကို သံသယရှိပါက IgA ချို့တဲ့မှု ရှိ/မရှိ သွေးစစ်လို့ရပါတယ်။
✔️ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကလေးကို ကျန်းကျန်းမာမာ ကြီးပြင်းလာအောင် ပြုစုပေးနိုင်ပါတယ်။

📲 ဇီဝကရဲ့ ချစ်မိတ်ဆွေများအနေနဲ့ IgA ချို့တဲ့ခြင်းအကြောင်းကိုသိရှိပြီး… မိမိရဲ့ရင်သွေးငယ်များ ကျန်းမာရေးကောင်းမွန်ဖို့အတွက် သတိပြုနိုင်စေရန် ရည်ရွယ်ကာ ယခုလို မျှဝေခြင်းဖြစ်ပါတယ်ရှင်
မသိသေးတဲ့မိတ်ဆွေတွေကိုလည်း Sharing လုပ်ဖို့ မမေ့ပါနဲ့ဦးနော်။ 🤱💕

Leave a Comment