ဆောင်းဥတုမှာ ရှောင်ကြဉ်သင့်တဲ့ အရာများ

🌨 ဆောင်းရာသီဆိုတာ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို ကျန်းမာနွေးထွေးနေစေရန် အထူးဂရုစိုက်ရမယ့် အချိန်ဖြစ်ပါတယ်။ အပူချိန်ကျဆင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေမယ့်၊ ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်မှ ကာကွယ်ပေးမယ့် အစားအစာကို မှန်ကန်စွာ ရွေးချယ်တတ်ရန် အရေးကြီးပါတယ်။ အချို့သောအစားအစာများက ဆောင်းရာသီအတွက် သင့်တော်သော်လည်း အချို့မှာ ဆောင်းရာသီမှာစားရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒီတော့ နေထိုင်ကောင်းစေရန်အတွက် ဆောင်းရာသီတွင် ရှောင်ကြဉ်ရမယ့် အစားအစာအချို့ကို မျှဝေလိုက်ပါတယ်။

🧋 အအေးများ

‼️ ဆောင်းရာသီတွင် ရေခဲရေ၊ ဖျော်ရည်နဲ့ ရေခဲမုန့်ကဲ့သို့သော အအေးစာတွေက အအေးမိ ဖျားနာခြင်းကို ဖြစ်စေ၍ ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အဲ့ဒါတွေအစား ခန္ဓာကိုယ်အပူချိန်ကို ထိန်းထားရန်နဲ့ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးရန်အတွက် ရေနွေး၊ စွပ်ပြုတ်ပူပူတို့ကို ရွေးချယ် စားသုံးပေးသင့်ပါတယ်။

🥬 မချက်ပြုတ်ထားတဲ့ ဟင်းရွက်အစိမ်းများ

❕❕ ဆောင်းရာသီတွင် ဟင်းရွက်တွေကို အစိမ်းလိုက် သုပ်စား၊ တို့စားခြင်းက အစာခြေဖျက်မှုကို နှေးကွေးစေပြီး ခန္ဓာကိုယ်ကို အချမ်းပိုစေတတ်ပါတယ်။ ထိုအစား ပြုတ်ပြီးမှစားတာ၊ ဟင်းရည်လုပ်သောက်တာမျိုးကို ရွေးချယ်နိုင်ပါတယ်။

🍬 သကြားဓာတ်

🚫 ဆောင်းရာသီမှာ ရုံးပိတ်ရက်တွေ၊ ပွဲတော်တွေများတဲ့အတွက် သကြားများတဲ့ မုန့်ပဲသရေစာတွေ ပိုစားမိတတ်ပါတယ်။ သကြားအလွန်အကျွံ စားသုံးခြင်းက ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး စွမ်းအင်ကို လျော့စေပါတယ်။ သကြားဓာတ်များတဲ့ အစားအစာတွေက စားလေလေ၊ ပိုစားချင်လေလေ ဖြစ်စေပါတယ်။ ဒါကြောင့် အတန်အသင့်ပဲ စားသင့်ပါတယ်။

☕️ ကဖင်းဓာတ်

🟤 ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်ပူပူတစ်ခွက်က အေးမြတဲ့ရာသီဥတုနဲ့ လိုက်ဖက်ပေမယ့် ကဖိန်းဓာတ် လွန်ကဲသွားရင်တော့ ခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်စေပါတယ်။ ကဖင်းဓာတ်ကို အလွန်အကျွံ သောက်သုံးပါက ကိုယ်ခံအားကောင်းစေရန် မရှိမဖြစ်လိုအပ်သော နှစ်ခြိုက်စွာ အိပ်စက်ခြင်းကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

🥨 အကြော်နှင့် ဆီများသောအစားအစာများ

💢 ဆီကြော်စာများသည် အရသာရှိသော်လည်း ကျန်းမာရေးနဲ့ မညီညွတ်သော အဆီများပါဝင်လို့ အစာမကြေဘဲ မအီမလည် ဖြစ်စေပါတယ်။

🥃 အရက်

🛑 ဆောင်းညမှာ ဝိုင်နီတစ်ခွက်သောက်တာက ပြဿနာမရှိပေမယ့် အရက်အလွန်အကျွံ သောက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပြီး ခုခံအားစနစ်ကိုလည်း အားနည်းစေပါတယ်။

🔺 ဒီနှစ်ဆောင်းကို ဇီဝက ချစ်သူတို့ ကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့ အထက်ဖော်ပြပါ အစားအစာ (၆) မျိုးကို ကန့်သတ်စားသုံးပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်…💜

Leave a Comment