💓 ဘိုးဘိုးဘွားဘွားတို့ကို ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ…❔
👵🏻 ဘိုးဘိုးဘွားဘွားတို့အတွက် သူတို့ချစ်ရတဲ့ သားသမီး မြေးမြစ်တွေ သူတို့ဘေးမှာရှိနေတာ၊ မြင်နေရတာကိုက ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခုပါပဲ။ သားသမီး မြေးမြစ်တွေအတွက်လည်း အဘိုးအဘွားတို့ ရှိနေခြင်းက ကောင်းချီးတစ်ခုဖြစ်လို့ သူတို့ကို အချိန်ပေးပြီး ချစ်ခင်ကြင်နာမှုနဲ့ ဂရုစိုက်မှုတို့ကို ပြသပေးဖို့ အရေးကြီးပါတယ်။
✨ အဘိုးအဘွားတို့ကို ပြုစုစောင့်ရှောက်ရခြင်းဟာ အခွင့်ထူးတစ်ခုလို့ ခံယူရင်း ဘယ်လိုဂရုစိုက်မှုတွေ ပြသလို့ရလဲဆိုတဲ့ အကြံပြုချက်အချို့ကို “ဇီ၀က”မှ မျှဝေပေးပါရစေ။
🔹 ဘိုးဘိုးဘွားဘွားတို့နဲ့အတူ အချိန်ဖြုန်းပါ။
သူတို့ပြောတာတွေကို နားထောင်ပေးတာ၊ သူတို့ဘေးမှာ အတူထိုင်ပေးတာ၊ သူတို့ နိစ္စဓူဝ အလုပ်တွေကို ကူညီပေးတာ၊ တီဗီတူတူကြည့်တာ၊ ဒါမှမဟုတ် ခြေဖဝါးနှိပ်နယ်ပေးတာတွေ လုပ်လို့ရပါတယ်။ ဒါတွေ ပြုလုပ်ပေးခြင်းအားဖြင့် အဘိုးအဘွားတို့ကို အထီးကျန်ခြင်းမှ ကာကွယ်ပေးနိုင်မှာပါ။ အဘိုးအဘွားတို့က သားသမီးတွေ အလုပ်ရှုပ်မှာကို စိုးရိမ်သူတွေ ဖြစ်ကြလို့ သူတို့စကားစတာကို စောင့်မနေဘဲ ကိုယ့်ဘက်ကအရင် စကားစမြည်ပြောဖို့လိုပါတယ်။ အရင်တုန်းက ဓာတ်ပုံတွေရော၊ အခုနောက်ပိုင်း ထပ်ရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေရောကို အယ်လ်ဘမ်လေးတွေ လုပ်ထားပြီး အလွမ်းပြေကြည့်နိုင်အောင် အဘိုးအဘွားတို့ကို လက်ဆောင်ပေးပါ။
🔹 ဘိုးဘိုးဘွားဘွားတို့ လုံခြုံဘေးကင်းဖို့ကို အလေးထားပါ။
အရေးအကြောင်း ကိစ္စတစ်စုံတစ်ရာ ပေါ်လာရင် အလွယ်တကူ ဆက်သွယ်တတ်အောင် ဖုန်းအသုံးပြုနည်း ပြထားပေးပါ။ မလုပ်တတ်ရင် စိတ်ရှည်ရှည်ထားပြီး သင်ပြပေးပါ။ အဘိုးအဘွားတို့ အပြင်သွားဖို့ လိုလာတဲ့အခါမျိုးမှာလည်း တစ်ဦးတည်း မလွှတ်လိုက်ဘဲ အဖော်လိုက်သွားပေးပါ။ တစ်နေရာဆီ နေကြတယ်ဆိုရင် မကြာခဏ ဖုန်းဆက်ပါ။ ဗီဒီယိုကောလ် ပြောပါ။
🔹 ဘိုးဘိုးဘွားဘွားတို့ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် ဂရုစိုက်ပေးပါ။
တစ်ချို့အဘိုးအဘွားတွေဟာ သူတို့ရဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး မျိုသိပ်ထားတတ်ကြလို့ ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောပြလာအောင် အားပေးပါ။ ဆေးတွေကို အချိန်မှန်သောက်နေရဲ့လား၊ ဆရာဝန်ရက်ချိန်းတွေကို သေချာပြန်ပြဖြစ်ရဲ့လားဆိုတာ အမြဲဂရုတစိုက် ရှိနေပေးပါ။ အဘိုးအဘွားတွေဟာ ရိုးရာဆေးမြီးတိုလေးတွေ သုံးတတ်ကြလို့ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးများနဲ့ ဆေးမြီးတိုတွေ အပြန်အလှန် သက်ရောက်မှုရှိပြီး မတည့်တာမျိုး မဖြစ်ရအောင် ဆေးဝါးကျွမ်းကျင်သူကို သေချာမေးမြန်းပေးရပါမယ်။
👐🏻 အဘိုးအဘွား အများစုမှာက နာတာရှည်ရောဂါများ ရှိတတ်ကြတဲ့အတွက် သူတို့ ရေရှည်သောက်သုံးရတဲ့ ဆေးဝါးတွေအကြောင်း၊ ဆေးနှင့် အစားအစာကြား ဓာတ်မတည့်မှုနှင့် ရှောင်ကြဉ်မှုများအကြောင်း ပိုပြီး ဂဃနဏ သိလိုလျှင် “ဇီဝက” အနေနဲ့ ဗဟုသုတမျှဝေကူညီပေးလျက်ပါ။
“ဇီဝက” မှ အဘိုးအဘွားတို့ရဲ့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ စောင့်ရှောက်ခွင့်ရအောင် အမြဲအသင့်ရှိနေပါကြောင်း စကားလက်ဆောင်လေး ပါးရင်း နိဂုံးချုပ်ပါတယ်…💜