💁 ဆယ်ကျော်သက်များအတွက် ထိရောက်စွာ အရပ်ထွက်စေမယ့် အချက် (၉) ချက်
⏳ ဆယ်ကျော်သက်အရွယ်ဟာ ခန္ဓာကိုယ်ကြံ့ခိုင်ကျစ်လျစ်ပြီး အရပ်ရှည်ဖို့အတွက် လုပ်ဆောင်ရန် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အောက်ပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် ဆယ်ကျော်သက်အရွယ် အရပ်ရှည်နှုန်းကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
🔶 1. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာ
သင့်လျော်မှန်ကန်သော လူနေမှု ဘဝပုံစံ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကျန်းမာရေးနဲ့ ညီညွတ်သော မနက်စာ စားဖို့ ပါဝင်ပါတယ်။ မနက်စာ မစားဖြစ်ရင် အစာအိမ်ထဲ အက်ဆစ်ဓာတ်တွေ များစေပြီး အစာအိမ် ပြဿနာတွေကို ဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာက ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အာဟာရဓာတ်စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒီနည်းအားဖြင့် ဆယ်ကျော်သက်တွေကို အရပ်ပိုထွက်စေပါတယ်။
🔶 2. သင့်လျော်သော အာဟာရ
သင့်လျော်သော အာဟာရက ခန္ဓာကိုယ် ကြီးထွားစေပြီး အရပ်ရှည်ဖို့ကိုလည်း ကူညီပေးပါတယ်။ အာဟာရချို့တဲ့ပါက လူကောင်ညှပ်စေပြီး အရွယ်ရောက်ချိန်မှာ ရှိသင့်ရှိထိုက်တဲ့ အရပ်ကို မရရှိစေပါ။ စားတဲ့ အစားအစာများတွင် Zinc, Manganese နဲ့ Phosphorus တို့ ကြွယ်ဝစွာ ပါသင့်ပါတယ်။ ထို့အပြင် ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကလည်း ခန္ဓာကိုယ် ကြီးထွားစေပြီး အရပ်ရှည်စေပါတယ်။
🔶 3. လုံလောက်သော အိပ်စက် အနားယူမှု
အိပ်နေချိန်မှသာ ခန္ဓာကိုယ်က တစ်ရှူးများ ကြီးထွားရန်နှင့် ပြုပြင်ရန်အတွက် ပြန်လည်လုပ်ဆောင်တာ ဖြစ်လို့ မှန်ကန်သော အိပ်စက်မှုပုံစံက ခန္ဓာကိုယ်ကြီးထွားမှုကို အဆုံးအဖြတ်ပေးပါတယ်။ အနားယူခြင်းသည် လူ့ခန္ဓာကိုယ်အတွင်း ကြီးထွားဟော်မုန်းထုတ်ပေးရန်အတွက် အလွန်အရေးကြီးတာကြောင့် အနားယူရန် သင့်လျော်သောအချိန်ကို သတ်မှတ်ရပါမယ်။ ဆယ်ကျော်သက်တွေက တစ်နေ့ကို အနည်းဆုံး (၈) နာရီ အိပ်ဖို့ လိုပါတယ်။
🔶 4. နည်းနည်းစီ မကြာခဏစားပါ
နည်းနည်းစီ မကြာခဏစားခြင်းက ခန္ဓာကိုယ်မှ အာဟာရများ စုပ်ယူမှုကို မြန်ဆန်စေတဲ့အတွက် တစ်နေ့လျှင် (၃) နပ်အစား နည်းနည်းစီခွဲပြီး (၆) နပ်စားပါ။
🔶 5. လေ့ကျင့်ခန်းနှင့် ယောဂကျင့်စဉ်
လေ့ကျင့်ခန်းသည် အရပ်မြင့်ဖို့အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဘတ်စကက်ဘော၊ ရေကူး၊ တင်းနစ်နဲ့ ဘောလုံး ကစားနည်းတွေက အရပ်ရှည်စေသလို အချို့သော ယောဂကျင့်စဉ်များကလည်း အရပ်မြင့်ဖို့အတွက် အလွန်ထိရောက်ပါတယ်။
🔶 6. ကိုယ်အလေးချိန်ထိန်းပါ
ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက်ပိုပြီး အဝလွန်နေရင်လည်း အရပ်ပုစေတဲ့အတွက် ဝိတ်ထိန်းပေးဖို့ လိုအပ်ပါတယ်။
🔶 7. ရေများများသောက်ပါ
ဆယ်ကျော်သက်များအတွက် အရိုးရှင်းဆုံး အရပ်ရှည်နည်းတစ်ခုကတော့ ရေများများသောက်ဖို့ပါပဲ။ ရေသည် ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစေပြီး အရပ်မြင့်ဖို့အတွက် အထောက်အကူဖြစ်စေသော အာဟာရဓာတ်များကို စုပ်ယူရာတွင် ပံ့ပိုးပေးပါတယ်။
🔶 8. ကြီးထွားမှုကို နှောင့်ယှက်တဲ့ အရာများ
ဆယ်ကျော်သက်အရွယ်မှာ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး လုံးဝရှောင်ရပါမယ်။ ပိုးသတ်ဆေးဆိုရင်တောင် ဆရာဝန်ညွှန်ကြားမှပဲ ဂရုတစိုက်သောက်ရပါမယ်။
🔶 9. ကိုယ်နေဟန်ထား
လမ်းလျှောက်တဲ့အခါ၊ ထိုင်တဲ့အခါ ကုန်းမနေဘဲ မတ်မတ်နေပါ။
💤 အချုပ်အားဖြင့် အာဟာရ မျှတသောအစားအစာ၊ ပုံမှန်လေ့ကျင့်ခန်းနှင့် လုံလောက်သောအိပ်စက်ခြင်းတို့ကို အာရုံစိုက်ခြင်းဖြင့် ဆယ်ကျော်သက်များအနေနဲ့ သဘာဝအတိုင်း အရပ်မြင့်မားလာမှာ ဖြစ်ပါတယ်ရှင်…💜