စားလို့ကောင်းတဲ့အပြင် ကျန်းမာရေးပါ ကောင်းမွန်စေသော သရက်သီးလေးအကြောင်း

အခုလို နွေဦးကာလ မြူထချိန်မှာ ပေါ်တတ်တဲ့ အသီးအနှံတွေထဲက သရက်သီးလေးတွေကိုမှ စွဲစွဲလမ်းလမ်းကြိုက်တတ်တဲ့သူတွေ ရှိကြလား?? 💁‍♀️ ဇီဝက ချစ်သူတွေအတွက် ဒီနေ့တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရက်သီးအကြောင်းလေးကို ဝေမျှပေးသွားပါမယ်နော်… 🥭 သရက်သီးကို စားသုံးပေးခြင်းဖြင့် –🧡 ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။🧡 မျက်စိ အမြင်အာရုံ အားကောင်းစေပါတယ်။🧡 ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။🧡 အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။🧡 ဆံပင်သန်စေဖို့ အတွက်လည်း အထောက်အကူပြုပါတယ်။ သရက်သီးမှာ အဓိကပါဝင်တဲ့ ဗီတာမင်ဓာတ်တွေကတော့ –👉 Vitamin A👉 Vitamin C နဲ့👉 Vitamin K တို့ပဲ ဖြစ်ပါတယ်။ သရက်သီးဟာ အရသာရှိပြီး တခြားသော အသီးတွေထက် သကြားပါဝင်မှု ပိုများတာမို့ ဆီးချိုရှိသူများအတွက်တော့ ဆင်ခြင်စားသုံးသင့်ပြီး တန်ဆေး လွန်ဘေး…

Read More

ပျိုမေတို့ လှပဖို့ သံဓာတ်ကို ဖြည့်ကြစို့

ဇီဝကချစ်သူ မမလှလှတို့ရေ💜💜💜 တို့ မိန်းကလေးတွေအတွက် သံဓာတ် လိုအပ်တယ်ဆိုတာကိုတော့ သိထားပြီးသား ဆိုပေမယ့် ဒီနေ့မှာ နည်းနည်းလေး ထပ်ပြောပြဦးမယ်နော်🥰🥰🥰 သံဓာတ်ဆိုတာ ခန္ဓာကိုယ်အတွက် တန်ဖိုးရှိလှတဲ့ သတ္ထုဓာတ် တစ်မျိုးပါ🤗 သံဓာတ်ချို့တဲ့ တဲ့အခါ သွေးအားနည်းပြီး👉ခေါင်းမူးတာ၊👉နုံးတာ၊👉အာရုံမစူးစိုက်နိုင်တာ၊👉ညအိပ်မပျော်တာ၊👉အသက်ရှူမဝတာ၊👉ကိုယ်ခံအားကျဆင်းတာတွေ ဖြစ်တတ်ပါတယ် အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာက (၃) နှစ်စာလုံလောက်တဲ့ သံဓာတ် ပမာဏ 1000 mg ကို သိုလှောင်ထားနိုင်ပေမယ့် အမျိုးသမီးတွေမှာတော့ (၆) လစာသာ လုံလောက်တဲ့ သံဓာတ် ပမာဏ 300 mg ပဲ သိုလှောင်ထားနိုင်တာ ဖြစ်ပါတယ်🤷‍♀️ ဒါ့အပြင် လစဉ်ဓမ္မတာလာနေတော့ ရှိတဲ့သံဓာတ်ကလည်း မြန်မြန်ကုန်လွယ်သွားပါလေရော🤦‍♀️ဓမ္မတာအလာများတဲ့သူမှာဆို ပိုပြီး သွေးအားနည်းတတ်တော့တာပေါ့😪 အမျိုးသမီးငယ်လေးတွေ၊ အားကစားသမားတွေ၊ လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေကလည်း ပိုပြီး သွေးအားနည်းတတ်ကြပါတယ် ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်တွေမှာဆို သံဓာတ်က…

Read More

ကျောက်ကပ်ဝေဒနာရှင်တွေကို ဘယ်လိုဂရုစိုက်ရမလဲ

လူနာအနေနဲ့ မိမိစိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားကုသမှုတွေ၊ မိသားစုရဲ့ဖေးမမှုတွေနဲ့ အတူတကွ ရောဂါကို လက်ခံရင်ဆိုင်ဖို့လိုပါတယ်…👪ကုသနေစဉ်ကာလမှာ အဝလွန်တာ၊ ကိုယ်ခံအားကျဆင်းတာတွေက ရောဂါနဲ့အတူ ယှဉ်တွဲဖြစ်ပေါ်နိုင်တာကြောင့် လူနာအနေနဲ့ စိတ်ဓာတ်ကျခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ အစားအစာတွေကိုလည်း ကန့်သတ်ချက်တွေနဲ့ စားရတဲ့အတွက် စိတ်မကျေနပ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်…😓ဒီလိုအချိန်မှာ မိသားစုဝင်တွေက ဖေးမကူညီပြီး ခွန်အားပေးရပါမယ်။ လူနာရှင်အနေနဲ့ စိတ်ပင်ပန်းဆင်းရဲနေတာမျိုးကို ဖော်ပြမိတဲ့အခါမျိုးမှာ ဝေဒနာရှင်အတွက် မလိုလားအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အကောင်းမြင်စိတ်အပြည့်အဝနဲ့ ခွန်အားရှိမယ့် စကားတွေကို များများပြောပေးဖို့ လိုပါတယ်…🤗☑️ လူနာကို အလားတူ ကျောက်ကပ်ဝေဒနာရှင်တွေနဲ့ တွေ့ဆုံပေးပြီး အတွေ့အကြုံများကို ဖလှယ်ကြည့်ပါ။☑️ မိသားစုဝင်များ၊ သူငယ်ချင်းများက လူနာကို နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။လူနာရဲ့ ရောဂါအခြေအနေက စိတ်ချရတဲ့အနေအထားရောက်ပြီဆိုရင်တော့…

Read More

ကိုယ်အလေးချိန် မလွန်သွားအောင် အားလုံးအတူ ထိန်းသိမ်းကြမယ်

မတ်လ (၄) ရက်နေ့ဟာ ကမ္ဘာ့အဝလွန်ခြင်းနေ့ ဖြစ်တယ်ဆိုတာ သိပြီးကြပြီလား ❓❓ ကိုယ် အဝလွန်နေပြီလား ဆိုတာ ဘယ်လိုသိနိုင်မလဲ? 🤔 Body Mass Index ( BMI ) ကို တိုင်းတာကြည့်ပြီး သိနိုင်ပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန် (kg) ကိုတည်ပြီး အရပ်အမြင့် (m2) နဲ့စားကာ BMI ကို တွက်ကြည့်နိုင်ပါတယ်။ BMI 30 ကျော်နေရင်တော့ အဝလွန်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။ အဝလွန်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ ❔❔• ဆီးချိုရောဂါ• သွေးတိုးရောဂါ• နှလုံးသွေးကြောကျဉ်းရောဂါ• ကင်ဆာရောဂါ• အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်းရောဂါ• လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဝမလွန်အောင် သွေးတွင်းအဆီဓာတ်တွေ တက်မနေအောင် ဘယ်လိုကြိုတင် ကာကွယ်ကြမလဲ? 🤷🏼‍♀️•…

Read More

သားသားမီးမီးတို့ ရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်ဖို့

အခုလို ရာသီအကူးအပြောင်းကာလရောက်တိုင်း ချစ်ရတဲ့သားသား၊ မီးမီးတွေဆီမှာ ဖျားနာတာတွေ ကြုံရတတ်ပါတယ်။ အအေးမိတုပ်ကွေးဖျားနာကြောင့် ကိုယ်နွေးခြင်း၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယို၊ နှာပိတ်ခြင်း၊ နုံးပြီးမှိန်းနေခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့အတိုင်း သူတို့လေးတွေမဖျားအောင် ဂရုစိုက်ပေးဖို့လိုပါတယ် .. 😍😍 ဒီလိုဖျားနာတာတွေဖြစ်ရတဲ့အဓိကအကြောင်းအရင်းက ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးတွေက သားသား၊ မီးမီးတို့ ခန္ဓာကိုယ်ထဲဝင်ရောက်လာခြင်းကြောင့်ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေမဝင်ရောက်လာအောင် တိုက်ထုတ်ဖို့ဆိုရင် သားသား၊ မီးမီးတို့ရဲ့ ကိုယ်ခံအားကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဇီ၀ကချစ်သူတွေအတွက် သားသား၊ မီးမီးတို့ ကိုယ်ခံအားကောင်းစေဖို့ ဂရုစိုက်စရာအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ် .. 🤗🤗 ✅ အစာမစားခင်နှင့်အစာစားပြီးချိန်၊ အပြင်တွင် လူအများနှင့်ထိတွေ့ပြီး ပြန်လာချိန်၊ သန့်စင်ခန်းထွက်လာချိန်နဲ့ အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ပွတ်သပ်ပြီးချိန်တို့တွင် လက်ကို သေချာဆေးကြောတတ်အောင် သင်ပြထားပေးရပါမယ်။ ✅…

Read More

သားသားမီးမီးများကို အားဆေးတိုက်ဖို့ လိုမလို

သားသား၊ မီးမီးတို့အတွက် တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေ မျှတစွာရရှိစေဖို့ အစာအုပ်စု (၃)ခုလုံးပါဝင်အောင် ကျွေးပေးဖို့်လိုအပ်ပါတယ် .. 😊😊 (၁) အားအင်ဖြစ်စေသော အစာအုပ်စု – ဆန်၊ ဂျုံ၊ ပြောင်းဖူး၊ အာလူး(၂) ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု – အသား၊ ငါး၊ ကြက်ဥ၊ နို့(၃) ရောဂါကာကွယ်ပေးသော အစာအုပ်စု – အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ ပဲအမျိုးမျိုး သားသား၊ မီးမီးတို့ ကျန်းမာဖွံ့ဖြိုးဖို့အတွက် ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ အရေးကြီးတဲ့နေရာမှာ ပါဝင်ပါတယ်။ အာဟာရဓာတ်ပြည့်စုံမျှတစွာစားသုံးလေ့ရှိတဲ့ သားသား၊ မီးမီးတို့အနေဖြင့် အားဆေးထပ်မံသောက်သုံးဖို့ မလိုအပ်ပေမယ့် အာဟာရဓာတ်စုံစုံလင်လင် ကျွေးလို့မရတဲ့အပြင် သရေစာနဲ့ အချိုရည်အသောက်များတဲ့ သားသား၊ မီးမီးတွေကိုတော့ အားဆေးထပ်မံတိုက်ပေးဖို့ လိုအပ်ပါတယ် .. 😍😍 သားသား၊ မီးမီးတို့အတွက်…

Read More

အာရုံကြောအတွက် ဆေးကောင်းတစ်လက်

ဒီနေ့မှာတော့ ဇီဝကချစ်သူများအတွက် လူသောက်များတဲ့ အာရုံကြောအားဆေး ဗီတာမင် B1+B6+B12 အကြောင်းတွေကို ဗဟုသုတရစေဖို့ မျှဝေပေးသွားချင်ပါတယ်။🤗 B1+B6+B12 ကို✔️ခြေလက်များ ထုံကျင်ခြင်း၊✔️နောက်ကျောတက်ခြင်း၊✔️ခါးနာခြင်း၊✔️တင်ပါးဆုံရိုးရှိ အာရုံကြောများ နာကျင်ကိုက်ခဲခြင်း၊✔️မျက်ရိုးကိုက်ခြင်း၊✔️မျက်နှာတစ်ခြမ်း နာကျင်ကိုက်ခဲခြင်း၊✔️ပင်ပန်းနွမ်းနယ်ခြင်း၊✔️ဆီးချိုသမားများတွင် သွေးတွင်း သကြားဓာတ် များခြင်းကြောင့် ခြေထောက်ရှိ အာရုံကြောများ ပျက်စီးခြင်း၊✔️အရက်အလွန်အကျွံ သောက်သူများတွင် အာရုံကြောများ ပျက်စီးခြင်း၊✔️အကြောဆွဲခြင်းတို့တွင် အသုံးပြုလေ့ရှိကြပါတယ်။ သောက်သုံးနည်း – B1+B6+B12 ကို အစာစားပြီးချိန် တစ်ရက်ကို (၁)လုံးမှ (၃)လုံးထိ သောက်သုံးနိုင်ပါတယ်။ B1+B6+B12 နှင့် တွဲဖက်မသောက်သင့်သော ဆေးဝါးများ-B6 သည် Parkinson disease ( ခြေတုန်လက်တုန်ရောဂါ ) တွင် သုံးသော Levodopa ၏ အာနိသင်ကို လျော့ကျစေတတ်လို့ အတူမသောက်သုံးသင့်ပါ။ သိုသော် Levodopa ကို Carbidopa…

Read More

ဆေးသောက်တဲ့အခါ သတိပြုသင့်သော အချက်များ

ဇီဝကချစ်သူများအတွက် ဆေးသောက်တဲ့အခါ သိရှိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။ 💜💜 ✅သက်တမ်းကုန်မည့်ရက် ( Expiry Date ) စစ်ဆေးပါ။ဆေးမသောက်ခင်မှာ မိမိသောက်ရမယ့် ဆေးရဲ့ သက်တမ်းကုန်ဆုံးရက်ကို အရင် စစ်ဆေးသင့်ပါတယ်။ဆေးများတွင် အများအားဖြင့် သက်တမ်းကုန်မယ့်ရက်ကို ခုနှစ်၊ လ၊ ရက် နဲ့ ဖော်ပြထားလေ့ရှိပေမယ့်တချို့ဆေးများတွင် ရက်မပါဘဲ လ နဲ့ ခုနှစ်ကိုပဲ ဖော်ပြတတ်ကြပါတယ်။ ဥပမာ-Nov.22 (သို့မဟုတ်) 11.22 လို့ဖော်ပြထားရင်တော့ ဆေးရဲ့ သက်တမ်းကုန်ဆုံးရက်မှာ 30.11.2022 ဖြစ်ကြောင်း သတိပြုသင့်ပါတယ်။ ✅ဆေးသောက်ဖို့ မမေ့အောင် ဂရုစိုက်ပါ။သွေးကျဆေး၊ ဆီးချိုကျဆေးနဲ့ ရေရှည်စွဲသောက်ရတဲ့ ဆေးတွေကို နေ့စဉ် အချိန်မှန် မမေ့မလျော့ သောက်ဖြစ်အောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အဆင်ပြေ လွယ်ကူစေဖို့အတွက် နေ့စဉ်မိမိလုပ်နေကျ အလုပ်များနဲ့လည်း…

Read More

မိန်းမတို့ဘုန်း ဆံထုံး

အမျိုးသမီးတို့၏ ကောင်းခြင်းမင်္ဂလာ ငါးဖြာထဲတွင် ဆံပင်၏ ကောင်းခြင်းသည်လဲ အပါအဝင်ဖြစ်ပါသည်။ ဒါကြောင့် အမျိုးသမီးတိုင်းသည် ဆံကေသာ အလှကိုလဲ မြတ်နိုးတန်ဖိုးထားတတ်ကြပါသည်။ ဆံကေသာ ကျန်းမာသန်စွမ်းစေဖို့ ခန္ဓာကိုယ်သည် အာဟာရဓာတ်တချို့ လုံလုံလောက်လောက် ရရှိဖို့ လိုအပ်ပါသည်။ သံဓာတ်သံဓာတ်သည် ခန္ဓာကိုယ်တခုလုံးကို အောက်စီဂျင်နှင့် အာဟာရဓာတ်များ သယ်ယူပို့ဆောင်ပေးဖို့ မရှိမဖြစ်လိုအပ်ပါသည်။ သံဓာတ်ချို့တဲ့သွားသည့်အခါ ထိုအာဟာရဓာတ်များသည် အရေးကြီးသော အစိတ်အပိုင်းတွေဆီပဲရောက်ပြီးဆံသားအရင်းအမြစ်များဆီ မရောက်တော့သည့်အတွက် အာဟာရပြတ်ကာ ဆံပင်ကျွတ်ခြင်းများ ဖြစ်လာပါသည်။ သံဓာတ် ပေါကြွယ်ဝသည့် အစားအစာများကတော့ ဟင်းနုနွယ်၊ ကြက်ဥအနှစ်၊ အနီရောင်အသား၊ ပန်းပွင့်စိမ်းနှင့် ပဲသီးတောင့်ရှည်တို့ဖြစ်ပါသည်။ ဇင့်ဇင့်ဓာတ်သည် ဆံပင်သန်ဖို့နှင့် ပျက်စီးနေသော ဆံသားများကို ပြန်လည်ပြုပြင်ပေးဖို့အတွက် အရေးကြီးပါသည်။ ဆံသားကို တုတ်စေပြီး ဆံပင်ကို ထူစေပါသည်။ ဇင့်ကြွယ်ဝသည့် အစားအစာများကတော့ ဂဏန်း၊ ကျောက်ပုဇွန်၊ ယောက်သွား၊…

Read More

၀မ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ

ဝမ်းလျှောခြင်းကို အဖြစ်များစေသည့် အကြောင်းအရင်းများကတော့-မသန့်ရှင်းသည့်အစားအစာနှင့် ရေကို သောက်သုံးမိခြင်းကြောင့် ဘက်တီးရီးယား/ ကပ်ပါးကောင်များ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်း၊-ကလေးငယ်များတွင် Rotavirus ကူးစက်ခြင်း၊-ပိုးသတ်ဆေး၊ ကင်ဆာကုသဆေးနှင့် magnesium ပါဝင်သည့် အစာအိမ်ဆေးများ ရေရှည်သောက်ရခြင်း၊-နွားနို့တွင်ပါသည့် Lactose ဓာတ်ကို မခြေဖျက်နိုင်ခြင်း၊-အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါရှိခြင်း တို့ကြောင့် ဖြစ်ပါသည်။ ဘက်တီးရီးယားနှင့် ဗိုင်းရပ်ပိုးကြောင့် ဝမ်းလျှောပါက ချမ်းတုန်ဖျားခြင်းနှင့် ဝမ်းထဲသွေးပါခြင်းတို့ တွေ့ရပါသည်။ ခရီးသွားသည့်အခါ မသန့်ရှင်းသည့် ရေနှင့် အစားအစာများ စားသောက်မိသောကြောင့် ဝမ်းလျှောခြင်း အဖြစ်များသည့်အတွက် ခရီးသွားသည့်အခါ ရေကိုကျိုချက်သောက်ခြင်း သို့မဟုတ် ရေသန့်ပဲသောက်သုံးခြင်း၊ ကျက်အောင်ချက်ထားသည့် အစားအစာများပဲ စားသုံးခြင်း၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ဆေးကြောသန့်စင်ပြီးမှသာ စားသုံးခြင်းတို့ကို လုပ်ဆောင်ပေးရပါမည်။ ဝမ်းသွားတာများသည့်အခါ ခန္ဓာကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆားများကို ဆုံးရှုံးစေပြီး အသက်အန္တရယ်ထိခိုက်သည်အထိ ဖြစ်နိုင်ပါသည်။…

Read More