အာရုံကြောအတွက် ဆေးကောင်းတစ်လက်
ဒီနေ့မှာတော့ ဇီဝကချစ်သူများအတွက် လူသောက်များတဲ့ အာရုံကြောအားဆေး ဗီတာမင် B1+B6+B12 အကြောင်းတွေကို ဗဟုသုတရစေဖို့ မျှဝေပေးသွားချင်ပါတယ်။🤗
B1+B6+B12 ကို
✔️ခြေလက်များ ထုံကျင်ခြင်း၊
✔️နောက်ကျောတက်ခြင်း၊
✔️ခါးနာခြင်း၊
✔️တင်ပါးဆုံရိုးရှိ အာရုံကြောများ နာကျင်ကိုက်ခဲခြင်း၊
✔️မျက်ရိုးကိုက်ခြင်း၊
✔️မျက်နှာတစ်ခြမ်း နာကျင်ကိုက်ခဲခြင်း၊
✔️ပင်ပန်းနွမ်းနယ်ခြင်း၊
✔️ဆီးချိုသမားများတွင် သွေးတွင်း သကြားဓာတ် များခြင်းကြောင့် ခြေထောက်ရှိ အာရုံကြောများ ပျက်စီးခြင်း၊
✔️အရက်အလွန်အကျွံ သောက်သူများတွင် အာရုံကြောများ ပျက်စီးခြင်း၊
✔️အကြောဆွဲခြင်းတို့တွင် အသုံးပြုလေ့ရှိကြပါတယ်။
သောက်သုံးနည်း – B1+B6+B12 ကို အစာစားပြီးချိန် တစ်ရက်ကို (၁)လုံးမှ (၃)လုံးထိ သောက်သုံးနိုင်ပါတယ်။
B1+B6+B12 နှင့် တွဲဖက်မသောက်သင့်သော ဆေးဝါးများ
-B6 သည် Parkinson disease ( ခြေတုန်လက်တုန်ရောဂါ ) တွင် သုံးသော Levodopa ၏ အာနိသင်ကို လျော့ကျစေတတ်လို့ အတူမသောက်သုံးသင့်ပါ။ သိုသော် Levodopa ကို Carbidopa နှင့် တွဲပေးထားရင်တော့ အာနိသင်မလျော့ကျသွားစေတာကို တွေ့ရပါတယ်။
-Cimetidine, Famotidine, Ranitidine တို့ဟာဆိုရင် ခန္ဓာကိုယ်မှ B12 စုပ်ယူမှုကို လျော့ကျစေသလို၊
Antacids ( Aluminium Hydroxide, Magnesium Hydroxide ) တို့သည်လည်း B1, B6 ၏ အာနိသင်ကို လျော့စေပါတယ်။
-ဆီးဆေးဖြစ်သည့် Furosemide ကို စွဲသောက်နေရသူများတွင် B1 ချိုတဲ့တာကို တွေ့ရပါတယ်။
-ဝိုင်၊ အရက်တို့သည်လည်း ခန္ဓာကိုယ်မှ B1 စုပ်ယူမှုကို လျော့ကျစေပါတယ်။
ဗီတာမင် B1+B6+B12 ပါဝင်သောဆေးများကို မှာယူလိုပါက website သို့မဟုတ် messenger ကတစ်ဆင့် မှာယူနိုင်သလို နီးစပ်ရာ ဇီဝကဆေးဆိုင်များတွင်လည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။ 💜💜
✔️ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၁၊ ၀၉-၉၆၉၆၆၄၃၁၂။
✔️ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၃၊ ၀၉-၉၆၉၆၆၄၃၁၄။
✔️ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၃၊ ၀၉-၉၇၇၀၃၈၁၀၄။
✔️ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့် (၈၂)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၉၊ ၀၉-၉၇၇၀၃၈၁၁၀။
☎️Hot Line Phone Number – 09 880168359, 09 880168360
ဇီဝကဆေးဆိုင်ကနေ ဆေးဝါးပစ္စည်းမျိုးစုံကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့နယ်များသို့ အိမ်အရောက်အခမဲ့၊ မြန်မာပြည်အနှံ့ တခြားမြို့နယ်များသို့ ကားဂိတ်အရောက် စနစ်တကျ ပို့ဆောင်ပေးနေပြီမို့ စိတ်ချစွာမှာယူနိုင်ပါပြီရှင်..😍