သားသားမီးမီးများကို အားဆေးတိုက်ဖို့ လိုမလို
သားသား၊ မီးမီးတို့အတွက် တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေ မျှတစွာရရှိစေဖို့ အစာအုပ်စု (၃)ခုလုံးပါဝင်အောင် ကျွေးပေးဖို့်လိုအပ်ပါတယ် .. 😊😊
(၁) အားအင်ဖြစ်စေသော အစာအုပ်စု – ဆန်၊ ဂျုံ၊ ပြောင်းဖူး၊ အာလူး
(၂) ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု – အသား၊ ငါး၊ ကြက်ဥ၊ နို့
(၃) ရောဂါကာကွယ်ပေးသော အစာအုပ်စု – အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ ပဲအမျိုးမျိုး
သားသား၊ မီးမီးတို့ ကျန်းမာဖွံ့ဖြိုးဖို့အတွက် ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ အရေးကြီးတဲ့နေရာမှာ ပါဝင်ပါတယ်။ အာဟာရဓာတ်ပြည့်စုံမျှတစွာစားသုံးလေ့ရှိတဲ့ သားသား၊ မီးမီးတို့အနေဖြင့် အားဆေးထပ်မံသောက်သုံးဖို့ မလိုအပ်ပေမယ့် အာဟာရဓာတ်စုံစုံလင်လင် ကျွေးလို့မရတဲ့အပြင် သရေစာနဲ့ အချိုရည်အသောက်များတဲ့ သားသား၊ မီးမီးတွေကိုတော့ အားဆေးထပ်မံတိုက်ပေးဖို့ လိုအပ်ပါတယ် .. 😍😍
သားသား၊ မီးမီးတို့အတွက် မရှိမဖြစ်အရေးပါတဲ့ဓာတ်တွေကတော့ –
✅ သံဓာတ် – သံဓာတ်ကို အမဲသား၊ ဝက်သား၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်တို့မှ ရရှိပြီး သံဓာတ်ချို့တဲ့ပါက အားအင်ချို့တဲ့ခြင်း၊ ကူးစက်ရောဂါများဝင်ရောက်လွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
✅ ကယ်လ်စီယမ်ဓာတ် – ကယ်လ်စီယမ်ဓာတ်ကို နို့နဲ့နို့ထွက်ပစ္စည်းများမှရရှိနိုင်ပြီး အရိုးများကို သန်မာစေပါတယ်။ ကယ်လ်စီယမ်ဓာတ်ချို့တဲ့ပါက ကြီးထွားမှုနှေးကွေးပြီး အသက်ကြီးတဲ့အခါမှာလည်း အရိုးပွရောဂါများ ခံစားရစေနိုင်ပါတယ်။
✅ ဗီတာမင်ဒီ – ကယ်လ်စီယမ်ဓာတ် စုပ်ယူမှုအားကောင်းစေဖို့အတွက် ဗီတာမင်ဒီဓာတ်လည်း လိုအပ်ပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်၊ ကြက်ဥအနှစ်၊ ငါးကြီးဆီတို့မှ ရရှိနိုင်ပါတယ်။
✅ ဗီတာမင်ဘီ – ဗီတာမင်ဘီ ကို စွမ်းအင်ထုတ်ရန်နှင့် အာရုံကြောများ အားကောင်းစေဖို့ လိုအပ်ပြီး အသား၊ ကြက်ဥ၊ အစေ့အဆံ၊ ပဲအမျိုးမျိုးတို့မှ ရရှိနိုင်ပါတယ်။
✅ ဗီတာမင်အေ – ဗီတာမင်အေကို ကြီးထွားဖွံဖြိုးရန်၊ မျက်လုံးအားကောင်းရန် နှင့် ကိုယ်ခံအားကောင်းဖို့အတွက် လိုအပ်ပြီး အဝါရောင်နှင့် လိမ္မော်ရောင်ရှိသော အသီးအနှံများမှ ရရှိနိုင်ပါတယ်။
ဒါကြောင့် သားသား၊ မီးမီးတို့ကို ဖော်ပြပါအာဟာရဓာတ်များပါဝင်အောင် နေ့စဉ်ကျွေးသင့်သလို လိုအပ်ပါကလည်း အားဆေးတိုက်ကျွေးနိုင်ပါတယ်။ သို့သော် အားဆေးများကို သတ်မှတ်ထားတဲ့ ပမာဏထက် သောက်သုံးမိပါက အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်တဲ့အတွက် ဆေးများကို သားသား၊ မီးမီးတို့ လက်လှမ်းမီတဲ့နေရာမှာမထားဘဲ ဖေဖေ၊ မေမေတို့က ဂရုတစိုက်တိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်နော် .. 🤗🤗
လိုအပ်တဲ့ဆေးဝါးပစ္စည်းများ မှာယူလိုပါက 09-880168359, 09-880168360 ကို ဆက်သွယ်မှာယူနိုင်သလို နီးစပ်ရာ ဇီဝကဆေးဆိုင်များတွင်လည်း လာရောက်အားပေးနိုင်ပါတယ်ရှင် .. 💜💜
Telegram Channel – https://t.me/jivakapharmacy
ဆိုင်အမှတ်(၁)
၃၀လမ်း၊ ၇၆ x ၇၇လမ်းကြား
ဆိုင်အမှတ်(၂)
၃၀လမ်း၊ ၇၄လမ်းထောင့်
ဆိုင်အမှတ်(၃)
၁၁၀လမ်း (မနော်ဟရီ)၊ ၆၂ x ၆၄လမ်းကြား
ဆိုင်အမှတ်(၄)
၃၈လမ်း၊ ၈၁ x ၈၂လမ်းကြား
ဇီဝကအထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ
၁၁၀လမ်း (မနော်ဟရီ)၊ ၆၂ x ၆၄လမ်းကြား