သားသားမီးမီးတို့ ရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်ဖို့
အခုလို ရာသီအကူးအပြောင်းကာလရောက်တိုင်း ချစ်ရတဲ့သားသား၊ မီးမီးတွေဆီမှာ ဖျားနာတာတွေ ကြုံရတတ်ပါတယ်။ အအေးမိတုပ်ကွေးဖျားနာကြောင့် ကိုယ်နွေးခြင်း၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယို၊ နှာပိတ်ခြင်း၊ နုံးပြီးမှိန်းနေခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့အတိုင်း သူတို့လေးတွေမဖျားအောင် ဂရုစိုက်ပေးဖို့လိုပါတယ် .. 😍😍
ဒီလိုဖျားနာတာတွေဖြစ်ရတဲ့အဓိကအကြောင်းအရင်းက ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးတွေက သားသား၊ မီးမီးတို့ ခန္ဓာကိုယ်ထဲဝင်ရောက်လာခြင်းကြောင့်ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေမဝင်ရောက်လာအောင် တိုက်ထုတ်ဖို့ဆိုရင် သားသား၊ မီးမီးတို့ရဲ့ ကိုယ်ခံအားကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဇီ၀ကချစ်သူတွေအတွက် သားသား၊ မီးမီးတို့ ကိုယ်ခံအားကောင်းစေဖို့ ဂရုစိုက်စရာအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ် .. 🤗🤗
✅ အစာမစားခင်နှင့်အစာစားပြီးချိန်၊ အပြင်တွင် လူအများနှင့်ထိတွေ့ပြီး ပြန်လာချိန်၊ သန့်စင်ခန်းထွက်လာချိန်နဲ့ အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ပွတ်သပ်ပြီးချိန်တို့တွင် လက်ကို သေချာဆေးကြောတတ်အောင် သင်ပြထားပေးရပါမယ်။
✅ အိမ်ကိုလည်းပိုးသတ်ဆေးရည်နဲ့ မကြာခဏသန့်ရှင်းရေးလုပ်ပေးရပါမယ်။
✅ ကလေးနဲ့အတူအပြင်သွားလျှင် ရေမလိုလက်သန့်ဆေးရည် သို့မဟုတ် ပိုးသတ်ပေးတဲ့တစ်ရှူးအစိုတို့ကိုအမြဲဆောင်သွားရပါမယ်။
✅ ကလေးများအနီးတွင်နှာချေချောင်းဆိုးလျှင် လက်ကိုင်ပုဝါအုပ်ပြီးဆိုးရပါမယ်။
✅ ကလေးနှင့်အတူ စက်ဘီးစီးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘောလုံးကန်ခြင်းကဲ့သို ပေါ့ပေါ့ပါးပါး အားကစားများအတူတူကစားပေးရင်း သွေးလည်ပတ်မှုကောင်းအောင်ပြုလုပ်နိုင်ပါတယ်။
✅ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ များများစားအောင်ကျွေးပေးရပါမယ်။
✅ ကလေးရဲ့အသက်အရွယ်အလိုက် အိပ်ချိန်အလုံအလောက်ရအောင် ဂရုစိုက်ပေးရပါမယ်။
✅ မိခင်နို့ရည်မှာ ကိုယ်ခံအားကောင်းပြီး ရောဂါတွေမဝင်ရောက်အောင် တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် နို့စို့အရွယ်ကလေးများမှာ အနည်းဆုံးကလေးအသက် ၆လအထိ မိခင်နို့ချိုကို တိုက်ကျွေးပေးရပါမယ်။
✅ သွေးလွန်တုပ်ကွေးရာသီလည်း ဖြစ်တာကြောင့် သားသားမီးမီးတို့ကိုသိပ်တဲ့အခါ ခြင်ကိုက်မခံရအောင် ခြင်ထောင်ထောင်၍သိပ်ခြင်း၊ ခြင်မကိုက်စေတဲ့ လိမ်းဆေးများသုံးခြင်း၊ အိမ်အနီးတဝိုက်တွင်ရေဝပ်ပြီး ခြင်ပေါက်ဖွားနိုင်တဲ့နေရာများကို ရှင်းလင်းပြီး ရေစီးရေလာကောင်းအောင် လုပ်ပေးခြင်းတို့ လိုအပ်ပါတယ်။
✅ ညရေးညတာအချိန်မှာ ကလေးဖျားခဲ့လျှင် ကိုယ်အပူများလေ၊ ရေဓာတ်ကုန်ခမ်းလေဖြစ်တာကြောင့် ရေဝင်အောင်တိုက်ပြီး ရေပတ်တိုက်ပေးရပါမယ်။ ကလေးရဲ့အသက်အရွယ်ပေါ်မူတည်ပြီး ပါရာစီတမောတိုက်နိုင်ပြီး ယေဘူယျအားဖြင့် ၁လမှ ၆လအထိဆိုလျှင် 50 mg ၊ ၆လမှ ၂နှစ်အထိဆိုလျှင် 125 mg ၊ ၂နှစ်မှ ၄နှစ်အထိဆိုလျှင် 187.5 mg ၊ ၄နှစ်မှ ၈နှစ်ဆိုလျှင် 250 mg ၊ ၈နှစ်မှ ၁၀နှစ်ဆိုလျှင် 375 mg ၊ ၁၀နှစ်မှ ၁၂နှစ်ဆိုလျှင် 500 mg တစ်နေ့လျှင် ၄ ကြိမ် တိုက်နိုင်ပါသည်။ ဝမ်းလျှော ဒါမှမဟုတ် အန်လျှင် ဓာတ်ဆားရည်တိုက်နိုင်ပြီး ဓာတ်ဆားရည်ကို အထုပ်တွင်ဖော်ပြထားတဲ့ရေပမာဏနဲ့အညီ အတိအကျဖျော်ပေးရပါမယ်။
ဒီအချက်လေးတွေကို သိရှိထားပြီး သေချာဂရုစိုက်ပေးရင် သားသား၊ မီးမီးတို့ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာသေချာပါတယ်။
သားသား၊ မီးမီးတို့အတွက် ညရေးညတာအရေးပေါ် ဆောင်ထားသင့်တဲ့ဆေးဝါးများလိုအပ်ပါကလည်း ဇီဝကဆေးဆိုင်ရှိဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီး ဝယ်ယူရရှိနိုင်ပါတယ်ရှင် .. 💜💜
မှာယူလိုပါက 09-880168359, 09-880168360 ကို ဆက်သွယ်မှာယူနိုင်သလို နီးစပ်ရာဇီဝကဆေးဆိုင်များတွင်လည်း လာရောက်အားပေးနိုင်ပါတယ်။
Telegram Channel – https://t.me/jivakapharmacy
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့ ၀၉-၉၆၉၆၆၄၃၁၁၊ ၀၉-၉၆၉၆၆၄၃၁၂။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့ ၀၉-၉၆၉၆၆၄၃၁၃၊ ၀၉-၉၆၉၆၆၄၃၁၄။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့ ၀၉-၉၇၇၀၃၈၁၀၃၊ ၀၉-၉၇၇၀၃၈၁၀၄။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့် (၈၂)လမ်းကြား၊မန္တလေးမြို့ ၀၉-၉၇၇၀၃၈၁၀၉၊ ၀၉-၉၇၇၀၃၈၁၁၀။






