ကိုယ်အလေးချိန် မလွန်သွားအောင် အားလုံးအတူ ထိန်းသိမ်းကြမယ်
မတ်လ (၄) ရက်နေ့ဟာ ကမ္ဘာ့အဝလွန်ခြင်းနေ့ ဖြစ်တယ်ဆိုတာ သိပြီးကြပြီလား ❓❓
ကိုယ် အဝလွန်နေပြီလား ဆိုတာ ဘယ်လိုသိနိုင်မလဲ? 🤔
Body Mass Index ( BMI ) ကို တိုင်းတာကြည့်ပြီး သိနိုင်ပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန် (kg) ကိုတည်ပြီး အရပ်အမြင့် (m2) နဲ့စားကာ BMI ကို တွက်ကြည့်နိုင်ပါတယ်။ BMI 30 ကျော်နေရင်တော့ အဝလွန်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။
အဝလွန်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ ❔❔
• ဆီးချိုရောဂါ
• သွေးတိုးရောဂါ
• နှလုံးသွေးကြောကျဉ်းရောဂါ
• ကင်ဆာရောဂါ
• အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်းရောဂါ
• လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အဝမလွန်အောင် သွေးတွင်းအဆီဓာတ်တွေ တက်မနေအောင် ဘယ်လိုကြိုတင် ကာကွယ်ကြမလဲ? 🤷🏼♀️
• အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ 🥦🥕
• သကြားလျှော့စားပါ ⬇
• အားဖြည့်အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်တွေထက် ရေကိုသာ များများသောက်ပေးပါ💧
• အပြင်စာထက် အိမ်မှာချက်စားပါ 👨🏼🍳
• (၁)ရက်ကို မိနစ်(၃၀)၊ (၁)ပတ်မှာ (၅)ရက် လမ်းသွက်သွက်လျှောက်ခြင်း လေ့ကျင့်ခန်းပြုလုပ်ပေးပါ 🚶🏼♀️
• ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ မိတ်ဆွေ သူငယ်ချင်းများနှင့် တွေ့ဆုံခြင်းတို့ကို ပုံမှန် ပြုလုပ်ပြီး စိတ်ဖိစီးမှုများရှိရင် လျှော့ချပါ… 🧘🏼♂️
အထက်ပါအချက်များကို လိုက်နာပြီး အဝမလွန်အောင် မိမိကိုယ်ကို ဂရုစိုက်ကြပါစို့နော် 🤗
မိမိချစ်ရသူတွေနဲ့အတူ ကျန်းမာအောင် ကိုယ်အလေးချိန် ထိန်းကြမယ် 💪🏼