ကျောက်ကပ်ဝေဒနာရှင်တွေကို ဘယ်လိုဂရုစိုက်ရမလဲ
လူနာအနေနဲ့ မိမိစိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားကုသမှုတွေ၊ မိသားစုရဲ့ဖေးမမှုတွေနဲ့ အတူတကွ ရောဂါကို လက်ခံရင်ဆိုင်ဖို့လိုပါတယ်…👪
ကုသနေစဉ်ကာလမှာ အဝလွန်တာ၊ ကိုယ်ခံအားကျဆင်းတာတွေက ရောဂါနဲ့အတူ ယှဉ်တွဲဖြစ်ပေါ်နိုင်တာကြောင့် လူနာအနေနဲ့ စိတ်ဓာတ်ကျခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ အစားအစာတွေကိုလည်း ကန့်သတ်ချက်တွေနဲ့ စားရတဲ့အတွက် စိတ်မကျေနပ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်…😓
ဒီလိုအချိန်မှာ မိသားစုဝင်တွေက ဖေးမကူညီပြီး ခွန်အားပေးရပါမယ်။ လူနာရှင်အနေနဲ့ စိတ်ပင်ပန်းဆင်းရဲနေတာမျိုးကို ဖော်ပြမိတဲ့အခါမျိုးမှာ ဝေဒနာရှင်အတွက် မလိုလားအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အကောင်းမြင်စိတ်အပြည့်အဝနဲ့ ခွန်အားရှိမယ့် စကားတွေကို များများပြောပေးဖို့ လိုပါတယ်…🤗
☑️ လူနာကို အလားတူ ကျောက်ကပ်ဝေဒနာရှင်တွေနဲ့ တွေ့ဆုံပေးပြီး အတွေ့အကြုံများကို ဖလှယ်ကြည့်ပါ။
☑️ မိသားစုဝင်များ၊ သူငယ်ချင်းများက လူနာကို နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။
လူနာရဲ့ ရောဂါအခြေအနေက စိတ်ချရတဲ့အနေအထားရောက်ပြီဆိုရင်တော့ လှုပ်လှုပ်ရှားရှား ဖြစ်အောင် လေကောင်းလေသန့်ရတဲ့နေရာမှာ အသင့်အတင့်ပြင်းအားရှိတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခိုင်းနိုင်ပါတယ်… 🚶
🚨 နောက်ဆုံးအရေးကြီးတဲ့ အချက်အနေနဲ့ကတော့ မိသားစုဝင်တွေက ရောဂါအခြေအနေတိုးတက်ဖို့အတွက် လူနာဆေးသောက်ဖို့မမေ့အောင်၊ ဆေးကို အချိန်မှန်မှန် သောက်ဖြစ်အောင် ဂရုစိုက်ပေးရပါမယ်…💊
ကုသမှုကိုသာ စိတ်ရှည်လက်ရှည်နဲ့ လိုက်နာခံယူမယ်ဆိုရင် အသက်ရှည်ပြီး သာမန်လူကောင်းတွေလို ဘဝကို အကျိုးရှိစွာ ဖြတ်သန်းနိုင်မှာ ဖြစ်သလို လူမှုရေးလုပ်ငန်းများတွင်လည်း ပြန်လည်ပါဝင်လာနိုင်မှာဖြစ်လို့ ကျောက်ကပ်ဝေဒနာရှင်များကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဝိုင်းဝန်းပြီး ခွန်အားများ ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်… 💗
ယနေ့ကျရောက်တဲ့ World Kidney Day ( ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ ) မှစ၍ ကျောက်ကပ်ဝေဒနာရှင်များအားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဇီဝကမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်… 🥰