ပျိုမေတို့ လှပဖို့ သံဓာတ်ကို ဖြည့်ကြစို့

ဇီဝကချစ်သူ မမလှလှတို့ရေ💜💜💜

တို့ မိန်းကလေးတွေအတွက် သံဓာတ် လိုအပ်တယ်ဆိုတာကိုတော့ သိထားပြီးသား ဆိုပေမယ့် ဒီနေ့မှာ နည်းနည်းလေး ထပ်ပြောပြဦးမယ်နော်🥰🥰🥰

သံဓာတ်ဆိုတာ ခန္ဓာကိုယ်အတွက် တန်ဖိုးရှိလှတဲ့ သတ္ထုဓာတ် တစ်မျိုးပါ🤗

သံဓာတ်ချို့တဲ့ တဲ့အခါ သွေးအားနည်းပြီး
👉ခေါင်းမူးတာ၊
👉နုံးတာ၊
👉အာရုံမစူးစိုက်နိုင်တာ၊
👉ညအိပ်မပျော်တာ၊
👉အသက်ရှူမဝတာ၊
👉ကိုယ်ခံအားကျဆင်းတာတွေ ဖြစ်တတ်ပါတယ်

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာက (၃) နှစ်စာလုံလောက်တဲ့ သံဓာတ် ပမာဏ 1000 mg ကို သိုလှောင်ထားနိုင်ပေမယ့် အမျိုးသမီးတွေမှာတော့ (၆) လစာသာ လုံလောက်တဲ့ သံဓာတ် ပမာဏ 300 mg ပဲ သိုလှောင်ထားနိုင်တာ ဖြစ်ပါတယ်🤷‍♀️

ဒါ့အပြင် လစဉ်ဓမ္မတာလာနေတော့ ရှိတဲ့သံဓာတ်ကလည်း မြန်မြန်ကုန်လွယ်သွားပါလေရော🤦‍♀️
ဓမ္မတာအလာများတဲ့သူမှာဆို ပိုပြီး သွေးအားနည်းတတ်တော့တာပေါ့😪

အမျိုးသမီးငယ်လေးတွေ၊ အားကစားသမားတွေ၊ လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေကလည်း ပိုပြီး သွေးအားနည်းတတ်ကြပါတယ်

ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်တွေမှာဆို သံဓာတ်က ပိုလို့တောင် လိုအပ်ပါသေးတယ်🤰

ကိုယ်ဝန်ဆောင်ချိန်မှာသာ သံဓာတ်ချို့တဲ့သွားမယ်ဆိုရင် လမစေ့ပဲမွေးတာ၊ ပေါင်မပြည့်ပဲမွေးတာတွေ ဖြစ်နိုင်ပါတယ်🤱

ဒါဆို သံဓာတ်ကို ဘယ်ကနေ ရနိုင်မလဲ?🤔🤔🤔

ခန္ဓာကိုယ်ကနေ သံဓာတ်ကို မထုတ်လုပ်နိုင်ပါဘူး❎❎❎

အစားအသောက်ကနေ ဒါမှမဟုတ် ဖြည့်စွက်စာကနေ သံဓာတ်ကို ရနိုင်ပါတယ်

အသားငါးကနေ ရတဲ့သံဓာတ်ကိုတော့ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပေမယ့် အစိမ်းရောင်ရှိတဲ့ အရွက်တွေနဲ့ ပဲကရတဲ့ သံဓာတ်ကိုတော့ ခန္ဓာကိုယ်ကနေ စုပ်ယူမှုအားနည်းပါတယ်🥬🥦

ဒီလိုအချိန်မှာ စုပ်ယူမှုကောင်းအောင် ဗီတာမင် စီ နဲ့ တွဲသောက်သုံးဖို့ လိုလာပါတယ်
ဥပမာ ဟင်းနုနွယ်ကြော်စားတယ်ဆိုရင် လိမ္မော်သီးဖျော်ရည် သောက်ပေးရမှာ ဖြစ်ပါတယ်🥬🍊

အခုဆိုရင်တော့ သံဓာတ်အကြောင်း ထပ်သိသွားကြပြီမို့ တို့မိန်းကလေးတွေ သံဓာတ်မချို့တဲ့အောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ကြမယ်နော်🙆🙆🙆

သံဓာတ်အားဖြည့်ဆေးတွေ သောက်ချင်တယ်ဆိုရင်လည်း messenger မှာ လာရောက်တိုင်ပင်ပြီး ဝယ်ယူနိုင်ပါတယ်ရှင်💓💓💓

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၁၊ ၀၉-၉၆၉၆၆၄၃၁၂။

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၃၊ ၀၉-၉၆၉၆၆၄၃၁၄။

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၃၊ ၀၉-၉၇၇၀၃၈၁၀၄။

🏠ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့် (၈၂)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၉၊ ၀၉-၉၇၇၀၃၈၁၁၀။

📞Hot Line Phone Number –
09 880168359, 09 880168360

💜ဇီဝကဆေးဆိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့နယ် သတ်မှတ်ဧရိယာအတွင်း အိမ်အရောက်အခမဲ့၊ တခြားမြို့နယ်များ ကားဂိတ်သို့ အခမဲ့ ပို့ဆောင်လျက်ရှိပါတယ်ရှင်။💜

Website – https://bit.ly/jivakapharmacywebsite

Telegram Channel – https://t.me/jivakapharmacy

Viber Community – https://bit.ly/jivakapharmacyviber

Instagram – http://www.instagram.com/jivakapharmacy22.

Youtube Channel – https://www.youtube.com/channel/UC6FxnNYMiK6sQVTwsJ6ccVg

Leave a Comment