စားလို့ကောင်းတဲ့အပြင် ကျန်းမာရေးပါ ကောင်းမွန်စေသော သရက်သီးလေးအကြောင်း

အခုလို နွေဦးကာလ မြူထချိန်မှာ ပေါ်တတ်တဲ့ အသီးအနှံတွေထဲက သရက်သီးလေးတွေကိုမှ စွဲစွဲလမ်းလမ်း
ကြိုက်တတ်တဲ့သူတွေ ရှိကြလား?? 💁‍♀️

ဇီဝက ချစ်သူတွေအတွက် ဒီနေ့တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရက်သီးအကြောင်းလေးကို ဝေမျှပေးသွားပါမယ်နော်… 🥭

သရက်သီးကို စားသုံးပေးခြင်းဖြင့် –
🧡 ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
🧡 မျက်စိ အမြင်အာရုံ အားကောင်းစေပါတယ်။
🧡 ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။
🧡 အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
🧡 ဆံပင်သန်စေဖို့ အတွက်လည်း အထောက်အကူပြုပါတယ်။

သရက်သီးမှာ အဓိကပါဝင်တဲ့ ဗီတာမင်ဓာတ်တွေကတော့ –
👉 Vitamin A
👉 Vitamin C နဲ့
👉 Vitamin K တို့ပဲ ဖြစ်ပါတယ်။

သရက်သီးဟာ အရသာရှိပြီး တခြားသော အသီးတွေထက် သကြားပါဝင်မှု ပိုများတာမို့ ဆီးချိုရှိသူများအတွက်တော့ ဆင်ခြင်စားသုံးသင့်ပြီး တန်ဆေး လွန်ဘေး မဖြစ်စေဖို့တော့ လိုပါတယ် ❗️

ဒီတော့ နွေဦးကာလလေးမှာ မန်းဂိုးလေးစားပြီး ရင်အေးအေးနဲ့ ဖြတ်သန်းနိုင်ဖို့ ဇီဝက မှ ဆုတောင်းပေးလိုက်ပါတယ်… 💜

Website – https://bit.ly/jivakapharmacywebsite

Telegram Channel – https://t.me/jivakapharmacy

Viber Community – https://bit.ly/jivakapharmacyviber

Instagram – http://www.instagram.com/jivakapharmacy22.

Youtube Channel – https://www.youtube.com/channel/UC6FxnNYMiK6sQVTwsJ6ccVg

Leave a Comment