ဆေးသောက်တဲ့အခါ သတိပြုသင့်သော အချက်များ

ဇီဝကချစ်သူများအတွက် ဆေးသောက်တဲ့အခါ သိရှိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။ 💜💜

✅သက်တမ်းကုန်မည့်ရက် ( Expiry Date ) စစ်ဆေးပါ။
ဆေးမသောက်ခင်မှာ မိမိသောက်ရမယ့် ဆေးရဲ့ သက်တမ်းကုန်ဆုံးရက်ကို အရင် စစ်ဆေးသင့်ပါတယ်။
ဆေးများတွင် အများအားဖြင့် သက်တမ်းကုန်မယ့်ရက်ကို ခုနှစ်၊ လ၊ ရက် နဲ့ ဖော်ပြထားလေ့ရှိပေမယ့်
တချို့ဆေးများတွင် ရက်မပါဘဲ လ နဲ့ ခုနှစ်ကိုပဲ ဖော်ပြတတ်ကြပါတယ်။ ဥပမာ-Nov.22 (သို့မဟုတ်) 11.22 လို့ဖော်ပြထားရင်တော့ ဆေးရဲ့ သက်တမ်းကုန်ဆုံးရက်မှာ 30.11.2022 ဖြစ်ကြောင်း သတိပြုသင့်ပါတယ်။

✅ဆေးသောက်ဖို့ မမေ့အောင် ဂရုစိုက်ပါ။
သွေးကျဆေး၊ ဆီးချိုကျဆေးနဲ့ ရေရှည်စွဲသောက်ရတဲ့ ဆေးတွေကို နေ့စဉ် အချိန်မှန် မမေ့မလျော့ သောက်ဖြစ်အောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အဆင်ပြေ လွယ်ကူစေဖို့အတွက် နေ့စဉ်မိမိလုပ်နေကျ အလုပ်များနဲ့လည်း တွဲပြီး မှတ်သားနိုင်ပါတယ်။ ဥပမာ – သွားတိုက်ချိန်၊ ရေချိုးချိန်၊ ထမင်းစားချိန်၊ အိပ်ချိန် စသဖြင့် တွဲမှတ်ထားတာမျိုး အပြင်၊ Alarm ပေးထားခြင်းကလည်း ဆေးသောက်ချိန် မမေ့ဖို့အတွက် အဆင်ပြေစေတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ် ။ မိသားစုဝင်များကလည်း ဆေးသောက်ဖို့ မမေ့အောင် သတိပေးသင့်ပါတယ်။ သောက်ရတဲ့ ဆေးအမျိုးရေ များသူများ၊ သက်ကြီးရွယ်အိုများအတွက် သောက်သုံးရမယ့် ဆေးများကို ဆေးထည့်ခွက်ဖြင့် ကြိုထည့်ထားခြင်းကလည်း ပိုအဆင်ပြေစေသလို စနစ်တကျရှိစေပါတယ်။ မိမိသောက်သုံးရမယ့် ဆေးရဲ့ အကျိုးအာနိသင်များကို လေ့လာထားခြင်းကလည်း ဆေးသောက်ဖြစ်ဖို့အတွက် လှုံ့ဆော်ပေးနိုင်ပါတယ်။

✅ဆေးသောက်နည်းကို သေချာမေးမြန်းပါ။
တွဲသောက်သင့်တဲ့ဆေး၊ မသောက်သင့်တဲ့ဆေး၊ အစာစားပြီးမှ သောက်ရမယ့်ဆေး၊ မစားခင်သောက်ရမယ့်ဆေး၊ ပုလင်းကို လှုပ်ပြီးမှ သောက်ရမယ့်ဆေး၊ ဆေးသောက်ပြီးရင်လည်း ရေချက်ချင်းမသောက်သင့်တဲ့ဆေး၊ ဆေးသောက်ပြီး ဂရုစိုက်ရမယ့် နေထိုင်မှုပုံစံ၊ ရှောင်သင့်တဲ့ အစားအစာ စသဖြင့် အရေးတကြီး သိထားသင့်တဲ့ အချက်အလက်တွေကိုလည်း သက်ဆိုင်ရာ ဆေးဝါးအရောင်းဆိုင်က ဆေးဝါးပညာရှင်တွေကို သေချာမေးမြန်းပြီး လိုက်နာဖို့ လိုအပ်ပါတယ်။

✅ မိမိသဘောအတိုင်း ဆေးမသောက်ဘဲ ရပ်လိုက်ခြင်းကို ရှောင်ကြဉ်ပါ။
ရောဂါဝေဒနာ သက်သာပြီဆိုပြီး မိမိ ပုံမှန်သောက်သုံးရမယ့် ဆေးဝါးတွေကို မိမိသဘောနှင့် ရပ်လိုက်ခြင်းကိုလည်း လုံးဝမပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဆေးပမာဏ ပြောင်းသောက်ချင်လို့ဖြစ်စေ၊ မသောက်ချင်တော့လို့ ဖြစ်စေ မိမိ ပုံမှန်ပြနေကျ ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။ အကယ်၍ ဆေးသောက်နေတဲ့ ကာလအတွင်းမှာ ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြန်လည်ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

✅ဆေးများကို သေချာထားသိုပါ။
နေရောင်ကျရောက်တဲ့နေရာတွေ နဲ့ အလွန်ပူတဲ့နေရာတွေမှာ ဆေးတွေကို သိမ်းထားတာမျိုး နဲ့ ကလေးသူငယ်တွေ လက်လှမ်းမှီတဲ့နေရာမှာ သိမ်းထားခြင်းမျိုးတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
အပူချိန် 2-8 C တွင် ထားရမယ့်ဆေးတွေကို ရေခဲသေတ္တာထဲမှာ သေချာသိမ်းဆည်းထားရပါမယ်။

✅ဆေးများကို သေချာစွန့်ပစ်ပါ။
မသောက်ရတော့တဲ့ ဆေးတွေကိုလည်း တစ်ခြားသူများက မှားယွင်းမသောက်သုံးမိစေဖို့အတွက် သေချာစနစ်တကျ စွန့်ပစ်ရပါမယ်။ နောက်ထပ် အရေးကြီးဆုံးကတော့ မိမိဖို့ ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို လက်ဆင့်ကမ်းညွှန်ပေးခြင်းမျိုး လုံးဝမပြုလုပ်ရပါ။

ဒါဆိုရင်တော့ ဆေးဝါးများနဲ့ ပတ်သက်တဲ့ဗဟုသုတများကို ဇီဝကချစ်သူများမှ သေချာလေ့လာမှတ်သားပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဇီဝကမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

Telegram Channel – https://t.me/jivakapharmacy

Viber Community – https://bit.ly/jivakapharmacyviber

လိုအပ်သည့် ဆေးများ မှာယူလိုပါက messenger သို့မဟုတ် 09-880168359, 09-880168360 ကို ဆက်သွယ်မှာယူနိုင်သလို နီးစပ်ရာဇီဝကဆေးဆိုင်များတွင်လည်း လာရောက်အားပေးနိုင်ပါတယ်ရှင်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့နယ်များကို အိမ်အရောက်အခမဲ့၊ မြန်မာပြည်အနှံ့ တခြားမြို့နယ်များသို့ ကားဂိတ်ထိ အခမဲ့ ပို့ဆောင်ပေးနေပါသည်။

✅ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊ ၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၁၊ ၀၉-၉၆၉၆၆၄၃၁၂။

✅ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၃၊ ၀၉-၉၆၉၆၆၄၃၁၄။

✅ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၃၊ ၀၉-၉၇၇၀၃၈၁၀၄။

✅ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့် (၈၂)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၉၊ ၀၉-၉၇၇၀၃၈၁၁၀။

✅ ဇီဝကအထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ
၁၁၀လမ်း (မနော်ဟရီ)၊ ၆၂ x ၆၄လမ်းကြား ၊မန္တလေးမြို့။

Leave a Comment