Uncategorized
မုတ်သုံရာသီအကူးအပြောင်းမှာ ကျန်းမာနေစေဖို့
🌧️ မိုးသံလေးကြားလို့ Coffee လေး ဖျော်ပြီး ပြတင်းပေါက်နား သွားထိုင်ကာမှ 🌤️ မှန်ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ နေရောင်ခြည် အလင်းတန်းတွေနဲ့ သက်တံကြီးက လှောင်ပြုံးပြုံးကြည့်နေလေရဲ့ သြော် ခက်ခဲလိုက်တဲ့ မုတ်သုံရာသီ….💤 💢 ဒီလို နေမထိထိုင်မသာ ဖြစ်စေတဲ့ ရာသီအကူးအပြောင်းကာလမှာ အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊လည်ချောင်းနာတာ၊ အအေးမိတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များလေ့ရှိပါတယ်။ ဒီလို ရောဂါတွေကို မဖြစ်ခင်ထဲက ကြိုကာကွယ်ထားနိုင်ဖို့တော့ လိုပါတယ်။ 🚰 သောက်သုံးရေကို သန့်ရှင်းစေဖို့ ဂရုပြုပါ။🕳🚫 ရေဝပ်နိုင်တဲ့ နေရာတွေကို ဖယ်ရှားပေးပါ။☑️ ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသုံးပါ။💊 ဗီတာမင် စီ လုံလောက်စွာရရှိစေဖို့ အားဆေး (သို့) အစားအစာကို ရွေးချယ်စားသုံးပါ။🚶♀️ ကိုယ်လက် လှုပ်ရှား၊ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးပါ။😴 အိပ်ရေးဝအောင်…
Read Moreအမြင်အာရုံတွေ ကြည်လင်တောက်ပစေဖို့ ဘယ်လိုဂရုစိုက်သင့်လဲ?
👨💻 (21) ရာစုမှာ မွေးဖွားလာတဲ့ လူငယ်တွေဟာ တိုးတက်လာတဲ့ Technology နည်းပညာတွေနဲ့ ကင်းအောင် နေထိုင်ဖို့က ခက်ခဲလွန်းပါတယ်။ နေ့စဉ်နှင့်အမျှ 💻 Laptop တွေ၊ 📱 Phone တွေကိုအသုံးပြုရတဲ့အတွက် အရွယ်မတိုင်ခင်မှာ အမြင်အာရုံ အားနည်းနိုင်ခြေတွေကလည်း ပိုများလာနိုင်ပါတယ်။ 👀 အမြင်အာရုံ ချို့ယွင်းစပြုလာပြီဆိုတာနဲ့ နေ့စဉ် လှုပ်ရှားသွားလာမှုတွေမှာ အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့်မို့ လူငယ်တွေရဲ့ တန်ဖိုးရှိတဲ့ အမြင်အာရုံတွေ သဘာဝအတိုင်း အားကောင်းကျန်းမာစေဖို့ ဂရုတစိုက်နဲ့လိုက်နာသင့်တဲ့ အချက်တွေကို မျှဝေလိုက်ပါတယ်။ 🍲 အာဟာရ ပြည့်ဝတဲ့ အစားအသောက်ကို မျှတအောင် စားသုံးသင့်ပါတယ်။🚭 ဆေးလိပ်သောက်ခြင်းကို တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။👓 UVA and UVB light ကို မျက်မှန် တပ်ဆင်ပြီး ကာကွယ်ပါ။📵…
Read Moreကိုယ်ဝန်ဆောင်နှင့် အာထရာဆောင်းရိုက်ခြင်း
🤰 ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ဟာ ဗိုက်ထဲမှာရှိတဲ့ ရင်သွေးလေးကို မမွေးဖွားခင်မှာ👶 သားလေးလား၊ သမီးလေးလားဆိုပြီး ကြိုပြီး သိချင်ကြပါတယ်။ဒါဟာ အာထရာဆောင်းရိုက်ကြည့်ရတဲ့ အကြောင်းအရင်း တစ်ခုလည်း ဖြစ်ပါတယ် အာထရာဆောင်းရိုက်တဲ့အခါမှာ စက်ကနေ လွှတ်လိုက်တဲ့ အသံလှိုင်းများက သားအိမ်ကို ဖြတ်ပြီးနောက် signals များကို စက်ဆီ ပြန်ပို့ပါတယ်။ စက်က အဲ့ဒီ signals ကနေ ကလေးရဲ့ ပုံရိပ်အဖြစ် ပြန်ပြောင်းပေးခြင်းဖြစ်ပါတယ်။ အာထရာဆောင်း ရိုက်သင့်သည့် အချက်တွေကတော့-☑ သားလေးလား၊ သမီးလေးလား သိရှိနိုင်ခြင်း☑ သန္ဓေသားက သားအိမ်အတွင်း ရှိမရှိ သိရှိနိုင်ခြင်း☑ ကိုယ်ဝန်သက်တမ်းကို အပတ်နှင့် တိကျစွာ တွက်ချက်နိုင်ခြင်း☑ မည်သည့်နေ့တွင် မွေးဖွားမည်ကို တွက်ချက်ပေးနိုင်ခြင်း☑သန္ဓေသား အစိတ်အပိုင်းများ ပုံမှန်ဟုတ်မဟုတ် စစ်ဆေးပေးခြင်း☑ ကလေးနှလုံးခုန်နှုန်း ပုံမှန်ဟုတ်မဟုတ် စစ်ဆေးပေးနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။…
Read Moreဘိုးဘိုးဘွားဘွားတို့ရဲ့ အပူဒဏ်တွေကို လျှော့ချပေးနိုင်ဖို့
☀️ ယပ်တောင်ကို အားကိုးရင်း ချွေးဒီးဒီး ကျစွာ ဖြတ်သန်းရတဲ့ နွေရာသီနေ့ရက်တွေဟာ အင်မတန် ကြမ်းတမ်းလှပါတယ်…😥 🧓🧑🦳 ဒီလို ပူပြင်းတဲ့နေအပူရှိန်က ကိုယ်ခံအားနည်းတဲ့ သက်ကြီးအရွယ် ဘိုးဘိုးဘွားဘွားတွေရဲ့ ကျန်းမာရေးကို မကောင်းတဲ့ဘက်ကနေ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် အပူဒဏ်တွေ နဂိုထက် လျော့ပါးသက်သာဖို့ လွယ်ကူတဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်နော်…🤗 🚰💧 ဦးစွာ ရေကို များများသောက်ပါ။နွေရာသီမှာ အလိုအပ်ဆုံး နံပါတ်တစ်က ရေဓာတ်ဖြစ်တာမို့ ရေ (သို့) ဓာတ်ဆားရည်ကို မကြာခဏ သောက်သုံးသင့်ပါတယ်။ 🚶 လေ့ကျင့်ခန်းကို အချိန်စောစော ပြုလုပ်ပါ။လေ့ကျင့်ခန်းပုံမှန် ပြုလုပ်နေတဲ့သူ ဖြစ်မယ်ဆိုရင်တော့ အပူရှိန်မပြင်းတဲ့ မနက်စောစော အချိန်မျိုးမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ 👕 အသားအေးတဲ့ ချည်သား၊ စပန့်သားတွေကို ၀တ်ဆင်ပါ။လေ၀င်လေထွက်ကောင်းမွန်တဲ့ အ၀တ်အစားတွေဟာ…
Read Moreကလေးငယ်များနှင့် နွေရာသီ မိတ်ထွက်ခြင်း
ကလေးတွေမှာ မိတ်ထွက်တာ ဘာလို့လဲ⁉️အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ကလေးတွေမှာက ချွေးပေါက်တွေ ဖွံ့ဖြိုးဆဲ ဖြစ်တာရယ်၊ အဝတ်တွေ အထပ်ထပ် ဝတ်ပေးတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်ရှင် ဘယ်နေရာတွေမှာ အဖြစ်များလဲ⁉️လေဝင်လေထွက် မကောင်းတဲ့နေရာ၊ အသားချင်းထိနေတဲ့နေရာ၊ အင်္ကျီ ဘောင်းဘီ သားရေကြိုးတင်းနေတဲ့ နေရာတွေမှာ အဖြစ်များပါတယ်ရှင် ဘယ်နှစ်ရက်ကြာနိုင်လဲ⁉️ပုံမှန် မိတ်ဖုက ၂ရက် ၃ရက်နေရင် ပျောက်ကင်းပါတယ်ရှင် မိတ်ထွက်ရင် ဘာတွေလုပ်ပေးရမလဲ⁉️✅အေးတဲ့နေရာ၊ လေရတဲ့နေရာမှာ နေခိုင်းရပါမယ်✅ရေချိုးပေးရပါမယ်✅ချွေးထွက်ရင် သုတ်ပေးရပါမယ်✅ချည်သားအင်္ကျီပွပွလေးတွေ ရွေးပြီးဝတ်ပေးရမယ်✅calamine ဆေးရည် လိမ်းပေးရပါမယ်✅ရေများများတိုက်ရပါမယ်ရှင် ဘာတွေ မလုပ်ရဘူးလဲ⁉️❌မိတ်ဖုတွေကို မကုတ်စေရပါ❌အချိန်တိုင်း diaper မဝတ်ပေးထားရပါ❌မိတ်ဖုတွေအပေါ် ပေါင်ဒါ၊ လိုးရှင်းတွေ မလိမ်းပေးရပါ❌အရမ်းပူတဲ့နေရာမှာ အလွန်အကျွံမဆော့ခိုင်းရပါ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြဖို့လိုမလဲ⁉️မိတ်ဖုတွေကို ကုတ်မိရာကတဆင့် ပြည်တည်လာတဲ့အခါ၊ ဖျားတဲ့အခါ၊ ဆေးလိမ်းပေမယ့် အယားမသက်သာတဲ့အခါ၊ နာတယ်လို့ပြောတဲ့အခါ၊ ၊ အန်တဲ့အခါမျိုးတွေမှာ ဆရာဝန်နဲ့ ပြသင့်ပါတယ်ရှင်…
Read Moreညဘက်တွေ ကောင်းကောင်းအိပ်ပျော်ဖို့ ဘာဓာတ်တွေ လိုအပ်ပါသလဲ?
ဇီဝကချစ်သူတွေထဲမှာ ညဘက် ကောင်းကောင်းအိပ်မပျော်တဲ့သူတွေ ရှိပါသလား ရှိနေရင် ကိုယ့်ခန္ဓာကိုယ်မှာ ဘာဓာတ်တွေ လိုအပ်နေတယ်ဆိုတာ၊ ဘာအစားအစာတွေ စားဖို့လိုတယ်ဆိုတာ သိရဖို့ ဒီစာကို ဆုံးအောင်ဖတ်ကြည့်လိုက်ကြရအောင်နော် ကောင်းကောင်းအိပ်ပျော်ဖို့ဆိုရင် *ဗီတာမင် B1* အစေ့အဆံ၊ ပဲတောင့်ရှည်၊ ဂျုံမြက်နုတို့ကနေ ဗီတာမင် B1 ဓာတ်ကို ရရှိနိုင်ပါတယ် B1 မှာဆိုရင် မှတ်ဉာဏ်ကောင်းစေခြင်း၊ အစာခြေအားကောင်းစေခြင်း၊ ကြွက်သားများကို သန်မာစေခြင်း၊ နှလုံးကို ကျန်းမာစေခြင်း စတဲ့အကျိုးအာနိတွေလည်း ရှိပါတယ်ရှင် *Magnesium (မဂ္ဂနီဆီယမ်)* ဖရုံစေ့၊ ဗာဒံစေ့၊ မြေပဲ၊ သီဟိုဠ်စေ့၊ ဟင်းနုနွယ်၊ ပဲ၊ ချောကလက်၊ ထောပတ်သီးတို့ကနေ Magnesium ဓာတ်ကို ရရှိနိုင်ပါတယ် Magnesium မှာဆိုရင် စိတ်ဖိစီးမှုများကို လျှော့ချပေးခြင်း၊ စွမ်းအင်တိုးစေခြင်း၊ အရိုးနှင့် ကြွက်သားများကို သန်မာစေခြင်း၊ အစာခြေစနစ်ကို…
Read Moreကလေးငယ်များနဲ့ ရာသီတုပ်ကွေး
👶 ကလေးငယ်များနဲ့ ရာသီတုပ်ကွေး 🦠 🦠 ရာသီတုပ်ကွေးဟာဆိုရင်တော့ ဗိုင်းရပ်စ်ပိုးတွေ ပိုရှိတတ်တဲ့ ရာသီအကူးအပြောင်းကာလများနဲ့ ဆောင်းရာသီတို့မှာ အဖြစ်များပါတယ်။ ကလေးတစ်ယောက်ဟာ တစ်နှစ်မှာ (၈)ကြိမ်ကနေ (၁၀)ကြိမ်လောက်ထိ အအေးမိတုပ်ကွေး ဖြစ်နိုင်ပါတယ်။ ⭕️ လက္ခဏာတွေအနေနဲ့ နှာစေး၊ ချောင်းဆိုးတာ၊ ဖျားတာ၊ အန်တာတွေ ဖြစ်ပွားတတ်ပါတယ်။ဒီလိုဖြစ်လာတဲ့အခါ ကလေးရဲ့ ကိုယ်အပူချိန်ကို အပူချိန်တိုင်း ကိရိယာနဲ့ တကယ်အဖျားရှိမရှိ သေချာတိုင်းကြည့်သင့်ပါတယ်။ အဖျားရှိနေရင် ကိုယ်ပူကျဆေးကို ကလေးရဲ့ ကိုယ်အလေးချိန်အလိုက် တိုက်ပေးဖို့ လိုအပ်ပါတယ်။❗️ အရေးအကြီးဆုံးအချက်ကတော့ ကလေးကို အစာအာဟာရဓာတ် စုံစုံလင်လင် ကျွေးဖို့ပါပဲ။ တကယ်လို့ ကလေး ဖျားနေတာ ရက်ဟာရှည်လာမယ် ၊ ရက်သတ္တပတ်နီးပါး ကြာလာမယ်၊ ကလေးရဲ့ အခြေအနေဟာ လန်းလန်းဆန်းဆန်းမရှိဘဲ မှိန်းလာပြီး အစားမဝင်တော့ဘူး ဆိုရင်တော့ ဆရာဝန်နဲ့…
Read Moreနားကျန်းမာရေး အလေးထားပေး
👂သောတအာရုံ ခံစားနိုင်ဖို့အတွက် နားကျန်းမာဖို့က အရမ်း အရေးကြီးပါတယ်။ ဒီနေ့မှာတော့ ဇီဝကချစ်သူတွေအတွက် နားထိခိုက်ခြင်း ကင်းဝေးစေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းများကို ပြောပြပါရစေရှင့်… 🤗 ❌ နားအတွင်းကို ချွန်ထက်တဲ့ အရာများ၊ မသန့်ရှင်းတဲ့ နားကြပ်တံ စတာတွေနဲ့ မကော်ရ၊ နားမကြပ်ရပါ။❌ နားအတွင်းကို အပြင်က အရာဝတ္ထုများ၊ ပိုးကောင်စတာတို့ ဝင်သွားပါက ကျွမ်းကျင်သူထံ သွားရောက်ပြသပါ။ မိမိကိုယ်တိုင် ထုတ်ယူဖို့ မကြိုးစားပါနဲ့။❌ နားကို ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပါ။⭕ အသံဆူညံတဲ့နေရာမှာ အလုပ်လုပ်ရသူများက နားကို အကာအကွယ်တစ်ခုခုနဲ့ ဖုံးအုပ်ထားပါ။❌ နားအတွင်းကို ရေ၊ ဆီနဲ့ အခြားအရည်များ မထည့်ပါနဲ့။⭕ ညစ်ညမ်းတဲ့ရေမှာ ရေကူးပါက နားနှစ်ဖက်ထဲ ရေမဝင်နိုင်အောင် အထူးစီမံထားတဲ့ ကိရိယာနဲ့ ပိတ်ဆို့ထားပါ။ မိဘများအနေနဲ့လည်း ကလေးငယ်များရဲ့ နားကျန်းမာရေး…
Read MoreJivaka Clinic နှင့် CanHOPE Mdy ( စင်္ကာပူနိုင်ငံ Parkway Cancer Center ၏ မြန်မာပြည်ရုံးခွဲ ) တို့မှ အထူးစီစဉ်ပေးသော ကျန်းမာရေး ဝန်ဆောင်မှုများ
ဇီဝကအထူးကုဆေးခန်းနှင့် စင်္ကာပူနိုင်ငံ Parkway Cancer Centre( PCC ) ၏ မန္တလေး ရုံးခွဲဖြစ်တဲ့ CanHOPE Mandalay တို အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး စင်္ကာပူနိုင်ငံ PCC သို သွားရောက်ကုသလိုသော ကင်ဆာလူနာများနှင့်တကွ အခြားသော လူနာများအား အောက်ပါ ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်🤗 ☑️ ကင်ဆာလူနာများအား တိုင်ပင်ဆွေးနွေးပေးခြင်း ( Cancer Counselling Services )☑️ စင်္ကာပူ PCC မှ ကင်ဆာအထူးကုဆရာဝန်ကြီးများနှင့် အွန်လိုင်းမှတဆင့် တိုင်ပင်ဆွေးနွေးပေးခြင်း ( Teleconsultation )☑️ စင်္ကာပူ Parkway Lab သို အသားစနမူနာများ ပို၍ ရောဂါရှာဖွေခြင်းနှင့်တကွ မျိုးရိုးဗီဇစစ်ဆေးပေးခြင်း☑️ ပမှန်ကျန်းမာရေး စစ်ဆေးပေးခြင်း (General Health check up…
Read Moreဆယ်ကျော်သက်အရွယ်မှာ ပြောင်းလဲလာတဲ့ ကျန်းမာရေး
ဆယ်ကျော်သက်တွေဆိုတာ တိုင်းပြည် တစ်ခု၊ ခေတ်တစ်ခုရဲ့ အသက်သွေးကြောလို ဆိုရရင် မမှားနိုင်ပါဘူး။ ဒီလို အဖိုးတန်တဲ့ ကျွန်တော်တိုရဲ့ ဆယ်ကျော်သက်ကလေးတွေကို ပညာရေးတင်မက ကျန်းမာရေးအထိ ဘက်ပေါင်းစုံကနေ ပြီးပြည့်စုံအောင် ထောက်ပံ့ပေးဖို လိုအပ်ပါတယ်… 👪 ဇီဝက က ရွှေဥလေးတွေလို အဖိုးတန်တဲ့ ဆယ်ကျော်သက်လေးတွေ ဆီမှာ အဖြစ်များတဲ့ ကျန်းမာရေး အပြောင်းအလဲ အချိုအကြောင်းလေးတွေကို အနည်းငယ် ဝေမျှပေးချင်ပါတယ်… 🤗 🌸 ဖးပွင့်ခါစ ပန်းကလေးတစ်ပွင့်လိုမျိုး ဆယ်ကျော်သက်ကို ကူးပြောင်းချိန် ပထမဦးစွာ ကြုံတွေ့ရတဲ့ ကျန်းမာရေး အပြောင်းအလဲကတော့ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းပဲ ဖြစ်ပါတယ်… 👧👦။ ယေဘုယျအားဖြင့် အသက် (၈) နှစ် နှင့် (၁၄)နှစ်ကြား အရွယ်မှာ စတင်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ အမွှေးအမျှင်တွေ…
Read More