ဘိုးဘိုးဘွားဘွားတို့ရဲ့ အပူဒဏ်တွေကို လျှော့ချပေးနိုင်ဖို့
☀️ ယပ်တောင်ကို အားကိုးရင်း ချွေးဒီးဒီး ကျစွာ ဖြတ်သန်းရတဲ့ နွေရာသီနေ့ရက်တွေဟာ အင်မတန် ကြမ်းတမ်းလှပါတယ်…😥
🧓🧑🦳 ဒီလို ပူပြင်းတဲ့နေအပူရှိန်က ကိုယ်ခံအားနည်းတဲ့ သက်ကြီးအရွယ် ဘိုးဘိုးဘွားဘွားတွေရဲ့ ကျန်းမာရေးကို မကောင်းတဲ့ဘက်ကနေ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် အပူဒဏ်တွေ နဂိုထက် လျော့ပါးသက်သာဖို့ လွယ်ကူတဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်နော်…🤗
🚰💧 ဦးစွာ ရေကို များများသောက်ပါ။
နွေရာသီမှာ အလိုအပ်ဆုံး နံပါတ်တစ်က ရေဓာတ်ဖြစ်တာမို့ ရေ (သို့) ဓာတ်ဆားရည်ကို မကြာခဏ သောက်သုံးသင့်ပါတယ်။
🚶 လေ့ကျင့်ခန်းကို အချိန်စောစော ပြုလုပ်ပါ။
လေ့ကျင့်ခန်းပုံမှန် ပြုလုပ်နေတဲ့သူ ဖြစ်မယ်ဆိုရင်တော့ အပူရှိန်မပြင်းတဲ့ မနက်စောစော အချိန်မျိုးမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။
👕 အသားအေးတဲ့ ချည်သား၊ စပန့်သားတွေကို ၀တ်ဆင်ပါ။
လေ၀င်လေထွက်ကောင်းမွန်တဲ့ အ၀တ်အစားတွေဟာ အပူရှိန်ပြင်းပြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။
🍉 အရည်ရွှမ်းတဲ့ အသီးအနှံတွေကို များများစားပါ။
အစားအသောက်ပိုင်းမှာလည်း ပူစပ်စပ် အရာတွေထက် အရည်ရွှမ်းတဲ့ အသီးအနှံမျိုးတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။
🌥 တတ်နိုင်သမျှ အရိပ်ထဲမှာနေပါ။
အပူပိုင်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံရဲ့နွေရာသီအပူရှိန်ဟာ ပြိုင်စံရှား စာရင်း၀င်ဖြစ်တဲ့အတွက် လူကြီးပိုင်းအရွယ်တွေ အနေနဲ့ နေအေးတဲ့ အရိပ်ထဲမှာပဲ သက်တောင့်သက်သာ အနားယူသင့်ပါတယ်။
ဒီနည်းလမ်းတွေအတိုင်း လိုက်နာရင်းနဲ့ ချစ်ခင်လေးစားရတဲ့ မိဘပြည်သူ လူကြီးမင်းအပေါင်းတို့လည်း အပူဒဏ်တွေ လျော့ပါးသက်သာပြီး ရင်အေးရတဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ကြပါစေနော်…💜
Website – https://bit.ly/jivakapharmacywebsite
Telegram Channel – https://t.me/jivakapharmacy
Viber Community – https://bit.ly/jivakapharmacyviber
Instagram – http://www.instagram.com/jivakapharmacy22.
Youtube Channel – https://www.youtube.com/channel/UC6FxnNYMiK6sQVTwsJ6ccVg