ကလေးငယ်များနှင့် နွေရာသီ မိတ်ထွက်ခြင်း

ကလေးတွေမှာ မိတ်ထွက်တာ ဘာလို့လဲ⁉️
အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် ကလေးတွေမှာက ချွေးပေါက်တွေ ဖွံ့ဖြိုးဆဲ ဖြစ်တာရယ်၊ အဝတ်တွေ အထပ်ထပ် ဝတ်ပေးတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်ရှင်

ဘယ်နေရာတွေမှာ အဖြစ်များလဲ⁉️
လေဝင်လေထွက် မကောင်းတဲ့နေရာ၊ အသားချင်းထိနေတဲ့နေရာ၊ အင်္ကျီ ဘောင်းဘီ သားရေကြိုးတင်းနေတဲ့ နေရာတွေမှာ အဖြစ်များပါတယ်ရှင်

ဘယ်နှစ်ရက်ကြာနိုင်လဲ⁉️
ပုံမှန် မိတ်ဖုက ၂ရက် ၃ရက်နေရင် ပျောက်ကင်းပါတယ်ရှင်

မိတ်ထွက်ရင် ဘာတွေလုပ်ပေးရမလဲ⁉️
✅အေးတဲ့နေရာ၊ လေရတဲ့နေရာမှာ နေခိုင်းရပါမယ်
✅ရေချိုးပေးရပါမယ်
✅ချွေးထွက်ရင် သုတ်ပေးရပါမယ်
✅ချည်သားအင်္ကျီပွပွလေးတွေ ရွေးပြီးဝတ်ပေးရမယ်
✅calamine ဆေးရည် လိမ်းပေးရပါမယ်
✅ရေများများတိုက်ရပါမယ်ရှင်

ဘာတွေ မလုပ်ရဘူးလဲ⁉️
❌မိတ်ဖုတွေကို မကုတ်စေရပါ
❌အချိန်တိုင်း diaper မဝတ်ပေးထားရပါ
❌မိတ်ဖုတွေအပေါ် ပေါင်ဒါ၊ လိုးရှင်းတွေ မလိမ်းပေးရပါ
❌အရမ်းပူတဲ့နေရာမှာ အလွန်အကျွံမဆော့ခိုင်းရပါ

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြဖို့လိုမလဲ⁉️
မိတ်ဖုတွေကို ကုတ်မိရာကတဆင့် ပြည်တည်လာတဲ့အခါ၊ ဖျားတဲ့အခါ၊ ဆေးလိမ်းပေမယ့် အယားမသက်သာတဲ့အခါ၊ နာတယ်လို့ပြောတဲ့အခါ၊ ၊ အန်တဲ့အခါမျိုးတွေမှာ ဆရာဝန်နဲ့ ပြသင့်ပါတယ်ရှင်

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၁၊ ၀၉-၉၆၉၆၆၄၃၁၂။

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၃၊ ၀၉-၉၆၉၆၆၄၃၁၄။

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၃၊ ၀၉-၉၇၇၀၃၈၁၀၄။

🏠ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့် (၈၂)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၉၊ ၀၉-၉၇၇၀၃၈၁၁၀။

📞Hot Line Phone Number –
09 880168359, 09 880168360

ဇီဝကဆေးဆိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့နယ် သတ်မှတ်ဧရိယာအတွင်း အိမ်အရောက်အခမဲ့၊ တခြားမြို့နယ်များ ကားဂိတ်သို့ အခမဲ့ ပို့ဆောင်လျက်ရှိပါတယ်ရှင်။

Website – https://bit.ly/jivakapharmacywebsite

Telegram Channel – https://t.me/jivakapharmacy

Viber Community – https://bit.ly/jivakapharmacyviber

Instagram – http://www.instagram.com/jivakapharmacy22.

Youtube Channel – https://www.youtube.com/channel/UC6FxnNYMiK6sQVTwsJ6ccVg

Leave a Comment