ညဘက်တွေ ကောင်းကောင်းအိပ်ပျော်ဖို့ ဘာဓာတ်တွေ လိုအပ်ပါသလဲ?
ဇီဝကချစ်သူတွေထဲမှာ ညဘက် ကောင်းကောင်းအိပ်မပျော်တဲ့သူတွေ ရှိပါသလား![]()
ရှိနေရင် ကိုယ့်ခန္ဓာကိုယ်မှာ ဘာဓာတ်တွေ လိုအပ်နေတယ်ဆိုတာ၊ ဘာအစားအစာတွေ စားဖို့လိုတယ်ဆိုတာ သိရဖို့ ဒီစာကို ဆုံးအောင်ဖတ်ကြည့်လိုက်ကြရအောင်နော်![]()
![]()
![]()
ကောင်းကောင်းအိပ်ပျော်ဖို့ဆိုရင်
*ဗီတာမင် B1*
အစေ့အဆံ၊ ပဲတောင့်ရှည်၊ ဂျုံမြက်နုတို့ကနေ ဗီတာမင် B1 ဓာတ်ကို ရရှိနိုင်ပါတယ်
B1 မှာဆိုရင် မှတ်ဉာဏ်ကောင်းစေခြင်း၊ အစာခြေအားကောင်းစေခြင်း၊ ကြွက်သားများကို သန်မာစေခြင်း၊ နှလုံးကို ကျန်းမာစေခြင်း စတဲ့အကျိုးအာနိတွေလည်း ရှိပါတယ်ရှင်
*Magnesium (မဂ္ဂနီဆီယမ်)*
ဖရုံစေ့၊ ဗာဒံစေ့၊ မြေပဲ၊ သီဟိုဠ်စေ့၊ ဟင်းနုနွယ်၊ ပဲ၊ ချောကလက်၊ ထောပတ်သီးတို့ကနေ Magnesium ဓာတ်ကို ရရှိနိုင်ပါတယ်
Magnesium မှာဆိုရင် စိတ်ဖိစီးမှုများကို လျှော့ချပေးခြင်း၊ စွမ်းအင်တိုးစေခြင်း၊ အရိုးနှင့် ကြွက်သားများကို သန်မာစေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေလည်း ရှိပါတယ်ရှင်
*Iron (သံဓာတ်)*
အစိမ်းရောင်ရှိတဲ့ အရွက်များ၊ အသည်း၊ ကြက်ဥ၊ တို့ဖူး၊ အစေ့အဆံ၊ ပဲတို့ကနေ သံဓာတ်ကို ရရှိနိုင်ပါတယ်
သံဓာတ်ကနေ သွေးအားကောင်းစေခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေခြင်း၊ အာရုံစူးစိုက်မှုကို အားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်ရှင်
*Tryptophan*
နို့၊ စိမ်းပြာရေညှိ၊ ကြက်ဥ၊ ချောကလက်၊ ငါးတို့ကနေ Tryptophan ဆိုတဲ့ အသားဓာတ်တစ်မျိုးကို ရရှိနိုင်ပါတယ်
Tryptophan ကနေ စိတ်ကိုပျော်ရွှင်စေခြင်း၊ အဆီကျစေခြင်း၊ ကြီးထွားစေခြင်းစတဲ့ အကျိုးအာနိသင်တွေလည်း ရရှိမှာ ဖြစ်ပါတယ်ရှင်
*Valine*
အသား၊ ငါး၊ ပဲပိစပ်၊ နို့ထွက်ပစ္စည်းတို့ကနေ Valine လို့ခေါ်တဲ့ အသားဓာတ်တစ်မျိုးကို ရရှိနိုင်ပါတယ်
Valine ကနေ ကြွက်သားများကို ကြီးထွားစေခြင်း၊ အစာစားချင်စိတ်ကို ထိန်းပေးခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်း၊ အရက်ကြောင့် အသည်းပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်ရှင်
အထက်ပါ အစားအစာတွေကို မစားဖြစ်ဘူးဆိုရင်တော့ ဘယ်လို ဖြည့်စွက်စာ အားဆေးတွေ သောက်သင့်တယ်ဆိုတာကို တိုင်ပင်ချင်ရင်လည်း messenger မှာ မေးမြန်းနိုင်ပါတယ်ရှင်![]()
![]()
![]()
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၁၊ ၀၉-၉၆၉၆၆၄၃၁၂။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။ ၀၉-၉၆၉၆၆၄၃၁၃၊ ၀၉-၉၆၉၆၆၄၃၁၄။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၃၊ ၀၉-၉၇၇၀၃၈၁၀၄။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့် (၈၂)လမ်းကြား၊မန္တလေးမြို့။ ၀၉-၉၇၇၀၃၈၁၀၉၊ ၀၉-၉၇၇၀၃၈၁၁၀။
Hot Line Phone Number – 09 880168359, 09 880168360
*ဇီဝကဆေးဆိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့နယ် သတ်မှတ်ဧရိယာအတွင်း အိမ်အရောက်အခမဲ့၊ တခြားမြို့နယ်များ ကားဂိတ်သို့ အခမဲ့ ပို့ဆောင်လျက်ရှိပါတယ်ရှင်။
*Website – https://bit.ly/jivakapharmacywebsite
Telegram Channel – https://t.me/jivakapharmacy
Viber Community – https://bit.ly/jivakapharmacyviber
Instagram – http://www.instagram.com/jivakapharmacy22.
Youtube Channel – https://www.youtube.com/channel/UC6FxnNYMiK6sQVTwsJ6ccVg