ကလေးငယ်များနဲ့ ရာသီတုပ်ကွေး
👶 ကလေးငယ်များနဲ့ ရာသီတုပ်ကွေး 🦠
🦠 ရာသီတုပ်ကွေးဟာဆိုရင်တော့ ဗိုင်းရပ်စ်ပိုးတွေ ပိုရှိတတ်တဲ့ ရာသီအကူးအပြောင်းကာလများနဲ့ ဆောင်းရာသီတို့မှာ အဖြစ်များပါတယ်။ ကလေးတစ်ယောက်ဟာ တစ်နှစ်မှာ (၈)ကြိမ်ကနေ (၁၀)ကြိမ်လောက်ထိ အအေးမိတုပ်ကွေး ဖြစ်နိုင်ပါတယ်။
⭕️ လက္ခဏာတွေအနေနဲ့ နှာစေး၊ ချောင်းဆိုးတာ၊ ဖျားတာ၊ အန်တာတွေ ဖြစ်ပွားတတ်ပါတယ်။ဒီလိုဖြစ်လာတဲ့အခါ ကလေးရဲ့ ကိုယ်အပူချိန်ကို အပူချိန်တိုင်း ကိရိယာနဲ့ တကယ်အဖျားရှိမရှိ သေချာတိုင်းကြည့်သင့်ပါတယ်။ အဖျားရှိနေရင် ကိုယ်ပူကျဆေးကို ကလေးရဲ့ ကိုယ်အလေးချိန်အလိုက် တိုက်ပေးဖို့ လိုအပ်ပါတယ်။
❗️ အရေးအကြီးဆုံးအချက်ကတော့ ကလေးကို အစာအာဟာရဓာတ် စုံစုံလင်လင် ကျွေးဖို့ပါပဲ။
တကယ်လို့ ကလေး ဖျားနေတာ ရက်ဟာရှည်လာမယ် ၊ ရက်သတ္တပတ်နီးပါး ကြာလာမယ်၊ ကလေးရဲ့ အခြေအနေဟာ လန်းလန်းဆန်းဆန်းမရှိဘဲ မှိန်းလာပြီး အစားမဝင်တော့ဘူး ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်…👩⚕️
✅ ရာသီတုပ်ကွေးမဖြစ်အောင် အခု ကိုဗစ်ကာကွယ်ရေးအတွက် သတိပေးနေသလို လက်ကို ခဏခဏဆေးပေးပါ။
✅ ကလေးလက်ကို မကြာခဏ ဆေးပေးသင့်သလို ကလေးကိုစောင့်ရှောက်သူ၊ ကလေးကို ကိုင်တွယ်မယ့်သူဟာလည်း မကြာခဏ လက်ဆေးပေးသင့်ပါတယ်။
✅ လူထူထပ်တဲ့နေရာကို မလိုအပ်ဘဲ မသွားသင့်ပါဘူး၊ သွားမယ်ဆိုရင် mask ကို မဖြစ်မနေ တပ်သင့်ပါတယ်။ ကလေးကို အာဟာရ စုံလင်ပြည့်စုံအောင် ကျွေးသင့်တဲ့အပြင် ရာသီတုပ်ကွေး ကာကွယ်ဆေးကိုလည်း ထိုးထားလို့ရပါတယ်။
ဒီလို နေ့စဉ်ကာကွယ်စောင့်ရှောက်ကြမယ်ဆိုရင်တော့ ရာသီတုပ်ကွေး ဖြစ်ပေါ်မှုကို လျှော့ချနိုင်မှာ ဧကန်ပဲ ဖြစ်ပါတယ်ရှင်…🤗
💜 ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံလိုပါက ဇီဝကဆေးခန်းတွင် လာရောက် ထိုးနှံနိုင်ပါသည်။
ဇီဝကအထူးကုဆေးခန်း – မနော်ဟရီလမ်း (၁၁၀လမ်း)၊ ၆၂လမ်းနှင့် ၆၄လမ်းကြား၊ မန္တလေးမြို့။
ဖုန်း-၀၉၈၉၂၃၉၆၆၈၈၊ ၀၉၈၉၂၃၉၇၇၈၈။