နားကျန်းမာရေး အလေးထားပေး
👂သောတအာရုံ ခံစားနိုင်ဖို့အတွက် နားကျန်းမာဖို့က အရမ်း အရေးကြီးပါတယ်။
ဒီနေ့မှာတော့ ဇီဝကချစ်သူတွေအတွက် နားထိခိုက်ခြင်း ကင်းဝေးစေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းများကို ပြောပြပါရစေရှင့်… 🤗
❌ နားအတွင်းကို ချွန်ထက်တဲ့ အရာများ၊ မသန့်ရှင်းတဲ့ နားကြပ်တံ စတာတွေနဲ့ မကော်ရ၊ နားမကြပ်ရပါ။
❌ နားအတွင်းကို အပြင်က အရာဝတ္ထုများ၊ ပိုးကောင်စတာတို့ ဝင်သွားပါက ကျွမ်းကျင်သူထံ သွားရောက်ပြသပါ။ မိမိကိုယ်တိုင် ထုတ်ယူဖို့ မကြိုးစားပါနဲ့။
❌ နားကို ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပါ။
⭕ အသံဆူညံတဲ့နေရာမှာ အလုပ်လုပ်ရသူများက နားကို အကာအကွယ်တစ်ခုခုနဲ့ ဖုံးအုပ်ထားပါ။
❌ နားအတွင်းကို ရေ၊ ဆီနဲ့ အခြားအရည်များ မထည့်ပါနဲ့။
⭕ ညစ်ညမ်းတဲ့ရေမှာ ရေကူးပါက နားနှစ်ဖက်ထဲ ရေမဝင်နိုင်အောင် အထူးစီမံထားတဲ့ ကိရိယာနဲ့ ပိတ်ဆို့ထားပါ။
မိဘများအနေနဲ့လည်း ကလေးငယ်များရဲ့ နားကျန်းမာရေး မထိခိုက်စေဖို့အတွက် –
⭕ ကလေးနို့တိုက်ချိန် ကလေးရဲ့ ဦးခေါင်းကို ထောင်ထားပေးပါ။
❌ ကလေးငယ်ကို သေးငယ်တဲ့ ပဲစေ့၊ သြဇာစေ့၊ ခရေစေ့ စတာတွေနဲ့ ကစားခွင့် မပြုရပါ။
⭕ ရင်သွေးငယ်အား ကူးစက်ရောဂါများမှ ကာကွယ်ရန် ကာကွယ်ဆေးများကို အကြိမ်အရေအတွက် ပြည့်အောင်ထိုးပါ။
⭕ နားပြည်ယို ရောဂါရှိရင် စောစီးစွာ ကုသပေးပါ။
❌ ကလေးအား မကြာခဏ နားမကလော်ပါနဲ့။
⭕ နှာစေးချောင်းဆိုးရင် ကြိုတင်ကုသပါ။
⭕ ကလေးအသက်(၁)နှစ်မှ (၂)နှစ်ခွဲအထိ စကားမပြောတတ်ပါက Speech Therapist နဲ့ပြသပါ။
👩⚕️ ဇီဝကအထူးကုဆေးခန်းမှာ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်များနဲ့စစ်ဆေး ပြသလိုပါကလည်း လာရောက်ပြသနိုင်ပါတယ်ရှင့်။
ဆက်သွယ်ရန် – ဇီဝက အထူးကုဆေးခန်း ၀၉-၈၉၂၃၉၆၆၈၈၊ ၀၉-၈၉၂၃၉၇၇၈၈ ☎️
လိပ်စာ – ၁၁၀ ( မနော်ဟရီ )လမ်း ၊ ၆၂ လမ်းနှင့် ၆၄ လမ်းကြား၊ မန္တလေးမြို့ 🗺️
Website – https://bit.ly/jivakapharmacywebsite
Telegram Channel – https://t.me/jivakapharmacy
Viber Community – https://bit.ly/jivakapharmacyviber
Instagram – http://www.instagram.com/jivakapharmacy22.
Youtube Channel – https://www.youtube.com/channel/UC6FxnNYMiK6sQVTwsJ6ccVg