မုတ်သုံရာသီအကူးအပြောင်းမှာ ကျန်းမာနေစေဖို့

🌧️ မိုးသံလေးကြားလို့ Coffee လေး ဖျော်ပြီး ပြတင်းပေါက်နား သွားထိုင်ကာမှ 🌤️ မှန်ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ နေရောင်ခြည် အလင်းတန်းတွေနဲ့ သက်တံကြီးက လှောင်ပြုံးပြုံးကြည့်နေလေရဲ့

သြော် ခက်ခဲလိုက်တဲ့ မုတ်သုံရာသီ….💤

💢 ဒီလို နေမထိထိုင်မသာ ဖြစ်စေတဲ့ ရာသီအကူးအပြောင်းကာလမှာ အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊လည်ချောင်းနာတာ၊ အအေးမိတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များလေ့ရှိပါတယ်။ ဒီလို ရောဂါတွေကို မဖြစ်ခင်ထဲက ကြိုကာကွယ်ထားနိုင်ဖို့တော့ လိုပါတယ်။

🚰 သောက်သုံးရေကို သန့်ရှင်းစေဖို့ ဂရုပြုပါ။
🕳🚫 ရေဝပ်နိုင်တဲ့ နေရာတွေကို ဖယ်ရှားပေးပါ။
☑️ ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသုံးပါ။
💊 ဗီတာမင် စီ လုံလောက်စွာရရှိစေဖို့ အားဆေး (သို့) အစားအစာကို ရွေးချယ်စားသုံးပါ။
🚶‍♀️ ကိုယ်လက် လှုပ်ရှား၊ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးပါ။
😴 အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။
🚿 တစ်ကိုယ်ရေ သန့်ရှင်းမှုကို မကြာခဏ ပြုလုပ်သင့်ပါတယ်။
🗑️ အမှိုက်တွေကို စနစ်တကျ ပစ်ပါ။
☔️ မုတ်သုံရာသီ အစမှာ မိုးရေချိုးတာမျိုးတွေကို ရှောင်သင့်ပါတယ်။
🤧 နှာစေး၊ ချောင်းဆိုးလျှင် အုပ်ပြီးဆိုးပါ။
💉 ရာသီတုပ်ကွေး ကာကွယ်ဆေးကို ပုံမှန်ထိုးပေးပါ။

🌦️ ဒီတော့ အခုလို မုတ်သုံရာသီ (Monsoon) ကာလမှာ ဖျားနာခြင်းမရှိဘဲ ပြတင်းပေါက်နားမှာထိုင်ပြီး မိုးစက်လေးတွေကို မျှော်နိုင်ဖို့ အထက်ပါ နည်းလမ်းတွေအတိုင်း လိုက်နာကြဖို့ မင်မင်က တိုက်တွန်းလိုက်ပါတယ်နော်…💜

Website – https://bit.ly/jivakapharmacywebsite

Telegram Channel – https://t.me/jivakapharmacy

Viber Community – https://bit.ly/jivakapharmacyviber

Instagram – http://www.instagram.com/jivakapharmacy22.

Youtube Channel – https://www.youtube.com/channel/UC6FxnNYMiK6sQVTwsJ6ccVg

Leave a Comment