Uncategorized
‼️ ဗောက်ပြဿနာ အဖြေရှာ ‼️
❕ ဗောက်ဆိုတာ ရာသီမရွေး ဖြစ်တတ်ပြီး ဆောင်းရာသီမှာ ပိုအဖြစ်များတတ်ပါတယ်။ ဗောက်ထစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ ဦးရေပြား အဆီထွက်တာ များခြင်း၊ ဦးရေပြား ခြောက်သွေ့ခြင်း၊ အရေပြား ရောင်ရမ်းသည့် ရောဂါတစ်မျိုးမျိုး ဖြစ်ခြင်းနဲ့ ဦးရေပြား မှိုစွဲခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဗောက်ထခြင်းကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကတော့• စိတ်ဖိစီးမှုများကို လျှော့ချပါ။• Zinc, Vit B complex, Omega 3 တို့ကို မှီဝဲပါ။• ဦးရေပြား အဆီထွက်များတဲ့သူက တစ်ရက်ခြား တစ်ခါလောက် ခေါင်းလျှော်ပေးပါ။ ဦးရေပြား ခြောက်တတ်သူက ခဏခဏ ခေါင်းလျှော်ခြင်းကို ရှောင်ပါ။• မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။• ဆံသား ပုံသွင်းတဲ့ products တွေကို အမြဲမသုံးဖြစ်အောင် ဂရုစိုက်ပါ။• ဗောက်ပျောက် ခေါင်းလျှော်ရည်နဲ့…
Read Moreမိုးရာသီမှာ ဆေးဖြစ်ဝါးဖြစ် စားသင့်တဲ့ အစားအစာများ
☔️ မိုးရာသီမှာ ဆေးဖြစ်ဝါးဖြစ် စားသင့်တဲ့ အစားအစာများ☕️ မိုးရာသီမှာ ကော်ဖီလေးတစ်ခွက်နဲ့ မိုးရေစက်လေးတွေကို ထိုင်ငေးရတာ လူတိုင်း နှစ်သက်ကြပါတယ်။ ဒါပေမယ့် မိုးရေတွေနဲ့အတူ ကိုယ်ခံအားကောင်းမကောင်း စမ်းသပ်နေသလားလို့တောင် ထင်ရတဲ့ ကျန်းမာရေးပြဿနာတွေက တစ်စ တစ်စ ပါလာတတ်ပါတယ်။🛡️ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်း မိုးရာသီမှာ ပိုပေါတတ်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရဲ့ရန်ကနေ မိမိကိုယ်ကို ကာကွယ်ဖို့ အောက်ပါအစားအစာတွေကို မှီဝဲသင့်ပါတယ်။ 🌶️ ငရုတ်ကောင်းစိမ်းငရုတ်ကောင်းစိမ်းမှာဆိုရင် ဗီတာမင် C, K နဲ့ Antioxidant တွေ ပါဝင်လို့ ပြင်းထန်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ အစာခြေဖျက်နိုင်စွမ်းအားကိုလည်း ကောင်းစေပါတယ်။ အစားအသောက်ကနေ ပါလာတတ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေရဲ့ ရန်မှ ကာကွယ်ပေးပါတယ်။ 🍑 အသီးများမက်မွန်သီး၊ ဇီးသီး၊ ချယ်ရီသီး၊ သပြေသီး၊…
Read Moreသေသေချာချာ ဘယ်လိုဆေးလိမ်းရမလဲ
ဇီဝကချစ်သူတို့ကို ဒီနေ့မှာတော့ ဆေးဝါးနဲ့ ပတ်သက်ပြီး ဗဟုသုတ တစ်စုံတစ်ရာ ရရှိဖို့ရယ်၊ ကိုယ်တိုင်လည်း အကျိုးရှိအောင် ပြန်လည်အသုံးချနိုင်ဖို့ လိမ်းဆေးတွေ အကြောင်းကို မျှဝေပေးမှာ ဖြစ်ပါတယ်…🤗 🔺 ဈေးကွက်ထဲမှာ လိမ်းဆေးတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။ အရည်ပုံစံ၊ ဂျယ်ပုံစံ၊ ခရင်မ်ပုံစံ၊ ointment ပုံစံ၊ အမှုန့်ပုံစံ စသဖြင့် ရနိုင်ပါတယ်။ ဒီတော့ လိမ်းဆေးသုံးတော့မယ်ဆိုရင် အနာနဲ့ဆေးတည့်အောင် သေသေချာချာ လိုက်နာလုပ်ဆောင်ရမယ့် အချက်တွေကို ပြောပြပေးသွားပါမယ်နော်…❣️ လက်ကို ဆပ်ပြာနဲ့ ပြောင်စင်အောင် ဆေးပါ။ ဆေးလိမ်းမယ့် နေရာကိုလည်း ရေနွေးနွေးနဲ့ သန့်ရှင်းပေးပါ။ ပွန်းပဲ့ဒဏ်ရာဆိုရင်တော့ ဆေးဝါးရည် ( Povidone Iodine Solution ) နဲ့ သန့်ရှင်းပေးပါ။ ဒဏ်ရာရှိတဲ့နေရာကို ခြောက်အောင်သုတ်ပါ။ ဒါပေမယ့် ခြောက်အောင်…
Read Moreအိပ်ရာနိုးနိုးချင်း မူးခနဲ မိုက်ခနဲ ဘာကြောင့်များဖြစ်
🌞 မနက် မိုးသောက်လင်းချိန် ရောင်နီပျိုးစအချိန်မှာ ဘယ်သူမဆို စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထချင်ကြမှာပါ။ 💫 ဒါပေမယ့် မိုးလင်းထဲက ချားရဟတ် စီးရသလို မိုက်ခနဲ မူးမိုက်တတ်တဲ့သူတွေ အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေမှာ အဖြစ်များတတ်တဲ့အတွက် မပေါ့ဆသင့်တာတော့ အမှန်ပါပဲ။ ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းက ဘာလို့များလဲ? ဘယ်လိုလူတွေဆီမှာ အဖြစ်များလဲ?🤷♀အမေးရှိရင် အဖြေရှိပါတယ်။ အဖြေလေးကို ဇီဝက ဆီမှာ တောင်းလိုက်တော့…😉 1️⃣ ပထမဦးဆုံး အချက်ကတော့ ရေဓာတ် ခန်းခြောက်ခြင်းကြောင့် ဖြစ်ပါတယ်။ညအိပ်ရာမဝင်ခင် Alcohol နဲ့ ကဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေကို သောက်သုံးမိတဲ့အခါမျိုးမှာ ရေဓာတ်မလုံလောက်တာတွေဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ပူအိုက်တဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတဲ့သူ၊ ချွေးထွက်သန်တဲ့သူမျိုး၊ ရေသောက်နည်းတဲ့သူတွေလည်း ရေဓာတ် ခန်းခြောက်နိုင်တာမို့ အမြဲသတိကပ်ပြီး ရေကို လုံလောက်စွာ သောက်သုံးပေးသင့်ပါတယ်။…
Read Moreခြေထောက်သဲဝဲစားခြင်း အကြောင်းမှတ်သားစရာ အချို့
⛈ အခုလို မိုးရာသီမှာ ခြေထောက်သဲဝဲစားခြင်းဟာ အသက်အရွယ် ကျားမ မရွေး ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ရေနဲ့ ထိတွေ့ပါများတဲ့ သူတွေ၊ ခြေထောက်ကို အသုံးပြုလှုပ်ရှားရတဲ့ အားကစားသမားတွေထံမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။ ❗️ ဒီမှို ရောဂါ စွဲကပ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ခြေထောက်ကို အမြဲစိုစွတ်နေအောင်ထားခြင်း၊ အချိန်ကြာမြင့်စွာ ခြေစွပ်ဝတ်ခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ခြေထောက်သဲဝဲစားခြင်းရဲ့ လက္ခဏာ တွေက ဘာများဖြစ်မလဲ? 🤔❕ ခြေချောင်းကြားတွေနဲ့ခြေဖဝါးမှာ ယားခြင်း၊ တဆစ်ဆစ်စူးခြင်း၊ ပူခြင်း❕ ခြေဖဝါးမှာ ယားနာအရေကြည်အိတ်ထခြင်း❕ ခြေဖဝါးအရေပြားများ ကွာကျခြင်း၊❕ သင့်ခြေဖဝါးအရေပြား ခြေထောက်စောင်းအရေပြားများ ခြောက်သွေ့ခြင်း❕ ခြေသည်းအရောင်ပြောင်းခြင်း၊ ထူခြင်း၊ ကျိုးပဲ့ခြင်း၊ ခြေသည်းခွံကျွတ်ထွက်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ 👩⚕️ ဒီရောဂါကို…
Read Moreအအေးမိနေချိန် နွားနို့သောက်သင့်လား
“အအေးမိ၊ချောင်းဆိုးပြီး အဖျားပါဝင်နေတော့ အားရှိသွားအောင် နွားနိုလေးကိုသောက်လိုက်” ❗️ Wait! Wait! ဟိုးထား ဆရာရေ ❗️နည်းနည်းလေးတော့ လွဲနေပါပြီ။ လွဲလွဲလေး အတိုင်းပဲထားဖိုတော့ အဆင်မပြေဘူးမို့ ဒီအလွဲလေးကို ဇီဝက က အဖြေရှာပေးပါမယ်…🧐 🥛 အအေးမိ၊ ချောင်းဆိုးတဲ့အခါမှာ နွားနိုသောက်တာ တကယ် အားရှိစေပါသလား? 🤔ဇီဝကရဲ့ အဖြေလေးကတော့ နိုးပါနော်…🙅♀️ 👉အအေးမိတဲ့အခါ ထွက်လေ့ရှိတတ်တဲ့ ချွဲသလိပ်များဟာ ပြင်ပကနေဝင်ရောက်ထားတဲ့ နေမကောင်းဖြစ်စေတဲ့ ပိုးမွှားများကို ပိတ်ထားရာရောက်စေပါတယ်။နွားနိုသောက်လိုက်တဲ့အခါ ထိုချွဲသလိပ်တွေကို ပိုထူစေပြီး မကောင်းတဲ့ပိုးမွှားများကို ဖယ်ရှားဖို့ ပိုခက်သွားစေတဲ့အတွက် နေမကောင်းဖြစ်ခြင်းကို မြန်မြန်မသက်သာစေနိုင်တာ တွေ့ရပါတယ်။ 🙅 ❕သာမန် အချိန်တွေမှာ နွားနို သောက်သုံးခြင်းဟာ ကောင်းကျိုးတွေ အများအပြား ရရှိစေနိုင်တာ မှန်ပေမယ့် အအေးမိတဲ့အချိန်တော့ နွားနိုနဲ့ ဝေးဝေးရှောင်တာ အကောင်းဆုံးပါပဲ။…
Read Moreအားဖြည့်အချိုရည်တွေနဲ့ သင့်ကျန်းမာရေး
Energy drink တွေသောက်ရတာကြိုက်တယ်ဟုတ်…❓ အခုခေတ် လူငယ်တော်တော်များများရဲ့ စွဲစွဲမြဲမြဲ သောက်နေကြတဲ့ အချိုရည် တွေထဲမှာ အားဖြည့်အချိုရည် ( Energy drink ) တွေက ထိပ်ဆုံးကရပ်တည်နေပါတယ်။ 🙋♀️ ချိုတိုတို၊စူးရှရှ အရသာ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပယ်ပျောက်ပြီး လန်းဆန်းစေတဲ့ အကြောင်းလေးတွေကြောင့်လည်း လူကြိုက်များတာဖြစ်ပါတယ်… ❗️ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံသောက်သုံးမိရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာမှာဖြစ်ပြီး ချင့်ချိန် ရှောင်ရှားနိုင်ဖို အတွက် ဇီ၀က ကနေ ကျန်းမာရေး အသိလေးတစ်ခုအဖြစ်ဖော်ပြပေးလိုက်ရပါတယ်နော်… 🔹1.အိပ်စက်ရခက်ခဲမယ်😣 အားဖြည့်အချိုရည်တွေမှာ ကဖိန်း ပမာဏ များစွာပါဝင်လို့ တစ်ခါတစ်ရံမှာ အလွန်လန်းဆန်းနေပြီး အိပ်စက်ရတာခက်ခဲတတ်ပါတယ်❗️ 🔹၂.နှလုံးခုန်နှုန်းတွေမြန်မယ်🧡 အားဖြည့်အချိုရည်တွေဟာ သွေးဖိအားကို တိုးစေတတ်တာမို့ နှလုံးခုန်နှုန်းတွေ မြန်စေမှာဖြစ်ပါတယ်။ ရင်ဘတ်ကို အသာဖိကြည့်ရင် နှလုံးခုန်သံက…
Read Moreစိတ်ကလေးချမ်းသာမှ ကိုယ်လည်းကျန်းမာ
🧡ဒီတခါမှာတော့ ဇီ၀က က နေ ကျန်းမာရေးဆိုင်ရာ Knowledge sharing လေးတစ်ခုလုပ်ပေးချင်ပါတယ်နော်။ Topic လေးကတော့👵🧓 လူကြီးတွေရဲ့ သက်ကြီးပိုင်းဆိုင်ရာ စိတ်ကျန်းမာရေးပဲဖြစ်ပါတယ်။✌️ အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာရသလို စိတ်ကျန်းမာရေးကိုပါ ပေါ့လျော့လိုမနေသင့်ပါဘူးနော်။🔸စိတ်ဖိစီးမှုဒဏ်တွေ၊🔸မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာလည်း လျော့နည်းလာတာတွေ ၊🔸သတိအမေ့များလာတာတွေနဲ့🔸ငယ်စဉ်ထက် သည်းခံနိုင်စွမ်း လျော့နည်းလာတာတွေကို ကြုံလာရပြီဆိုရင် ထိန်းနိုင်ဖို့အတွက် လိုအပ်လာပြီဖြစ်ပါတယ်… ဒါဆိုရင်တော့ အခုပြောပြပေးမယ့် အချက်လေးတွေကိုလိုက်နာပြီိး စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက်ဆောင်ရွက်လိုက်ကြပါနော်…✌️ 🔹၁။ အသီးအရွက်တွေကို ပိုစားပေးမယ်🥦 တစ်နေ့ကို အစိမ်းရောင်ရှိတဲ့အသီးအရွက်တစ်ပန်းကန် စားလေ့ရှိတဲ့သူ တစ်ယောက်ဟာ အသီးအရွက်အစားနည်းသူထက် စိတ်ရောကိုယ်ပါ ၁၁ နှစ်စာလောက်ပိုနုပျိုပါတယ်လို့ သုတေသနတွေ က ဆိုပါတယ်။ ကိုက်လန်၊ Broccoli ၊ဟင်းနုနွယ်စတဲ့ အစိမ်းရောင် အရွက်တွေဟာ ဦိးနှောက်ကျန်းမာရေးကို များစွာ အထောက်အကူပေးနိုင်ပါတယ်။ 🔹၂။ သွေးပေါင်ချိန်ကိုထိန်းမယ်🩸…
Read More၀က်ခြံကင်းစင် ပြုံးပျော်ရွှင်စေဖို့
😟 ခြံထဲမှာ မပေါက်ဘဲ မျက်နှာပေါ်လာလာပေါက်တတ်တဲ့ ဝက်ခြံတွေ ဘာကြောင့်ဖြစ်ရလဲဆိုတာ သင်သိပါသလား? 🐷 အလှဖျက်တဲ့ ဝက်ခြံတွေ မျက်နှာပေါ်မှာ နေရာယူလာပြီဆိုတာနဲ့ အလိုလို ယုံကြည်မှုတွေ စပြီးပျောက်ဆုံးရပါပြီ။ ဒီတော့ “မဖြစ်ခင်က ကြိုကာကွယ်” ဆိုတဲ့ စကားအတိုင်း ဝက်ခြံထွက်စေတဲ့ အပြုအမူတွေကို မလုပ်မိအောင်လို့ သတိထားသင့်တဲ့ အချက်တွေကို ပြောပြပေးပါမယ်။ 🧬 ဟော်မုန်း ပြောင်းလဲခြင်း🌶 အပူ၊အငန်၊ အစပ်တွေကို အလွန်အကျွံစားသုံးမိခြင်း😴 အိပ်ရေး ၀၀လင်လင် မအိပ်စက်ရခြင်း🍬 အချို အစားများခြင်း🍺 အရက်နှင့် ဆေးလိပ် 🚬 သောက်သုံးခြင်း❕ မိမိအသားအရေနှင့် မကိုက်ညီသော Skincare များ အသုံးပြုမိခြင်း💢 စိတ်ဖိစီးမှု များခြင်း🛁 သန့်ရှင်းမှု လုံလောက်စွာမရှိခြင်း တို့ကြောင့် အဖြစ်များတတ်ပါတယ်။ ♦️ ဒီလို အချက်တွေကို…
Read Moreမင်းဂွတ်သီးကရမယ့် ကောင်းကျိုး(၁၀)မျိုး
ဇီဝကချစ်သူတို့ကို အခုရာသီပေါ် အသီးတစ်မျိုးဖြစ်တဲ့ မင်းဂွတ်သီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး ပြောပြပါရစေရှင်💜💜💜 မင်းဂွတ်သီးစားရင် ဘာကောင်းကျိုးတွေရမလဲ၊ ဘယ်သူတွေဆိုရင် မစားသင့်ဘူးလဲဆိုတာတွေသိရဖို့ ဆက်ဖတ်ကြည့်လိုက်ရအောင်နော်👇👇👇 မင်းဂွတ်သီးမှာဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုး(၁၀)ချက် ရှိပါတယ်ရှင် ✅အမျှင်ဓာတ်ပါလို့ ဝမ်းမှန်စေပါတယ်✅ဗီတာမင်စီပါလို့ သွားဖုံးများကို ကျန်းမာစေပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်✅အဆီဓာတ်ပါဝင်မှုနည်းလို့ ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်✅နလုံးရောဂါနဲ့ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်✅ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်✅သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်✅သွေးတိုးပြီး ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ရင်တုန်ခြင်းတို့ကို သက်သာစေပါတယ်✅ဓမ္မတာလာချိန်နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်✅မှတ်ဉာဏ်အားကောင်းစေပါတယ်✅အသားအရေကို လှပစေပြီး အိုမင်းရင့်ရော်မှုကို လျော့ကျစေပါတယ် မင်းဂွတ်သီးစားမယ်ဆိုရင် သတိထားရမယ့် အချက်တွေကတော့❌❌❌သွေးထွက်များစေနိုင်တဲ့အတွက် သွေးထွက်နေတဲ့သူတွေနဲ့ ၂ပါတ်အတွင်း ခွဲစိတ်ကုသမှု ခံယူမယ့်သူတွေကတော့ သတိထားစားသုံးသင့်ပါတယ်ရှင် လိုအပ်သည့် ဆေးဝါးများ မှာယူလိုပါက messenger သိုမဟုတ် နီးစပ်ရာ ဇီဝကဆေးဆိုင်ကို ဆက်သွယ်နိုင်ပါတယ်ရှင့် 🏠ဆိုင်(၁)…
Read More