ကျန်းမာသော အနာဂတ်အတွက် ပုံမှန်အိပ်စက်ပါ…😴

🤳 ညဉ့်နက်တဲ့အထိ ဖုန်းသုံးမိနေတုန်းပဲလား?
👀 တစ်ရက်တစ်လေကနေ နေ့စဉ်ရက်ဆက် အအိပ်ပျက်ခံနေတတ်ပြီလား?
ဒါဆိုရင်တော့ အိပ်ရေးမဝရာကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ခံစားရဖို့ ရာခိုင်နှုန်း အရမ်းများနေပါပြီ။

❕ အသက် (၁၈)နှစ်ကနေ (၆၄)နှစ် အရွယ်တွေအနေနဲ့ တစ်နေ့ကို အိပ်ချိန် (၇)နာရီကနေ (၉)နာရီပြည့်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ အိပ်ရေးပျက်တဲ့ညတွေ များလာခဲ့ရင်တော့-

• ရုပ်ရည်ကို ထိခိုက်စေပါတယ်။ မျက်ကွင်းညိုတာအပြင် အရေးအကြောင်းတွေပေါ်လာတာ၊ အသားရောင်မညီတာ၊ အသားအရေလျော့ရဲလာတာတွေ ဖြစ်နိုင်ပါတယ်။
• လိုအပ်တာထက် ပိုစားချင်နေတတ်လို့ ဝိတ်တက်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ပိုစားချင်စိတ် ဖြစ်ပေါ်စေပါတယ်။ လေ့လာမှု တစ်ခုမှာဆိုရင် တစ်ညမှာ (၅) နာရီအောက်ပဲ အိပ်ချိန်ရှိသူက (၇) နာရီအိပ်သူထက် အဝလွန်နိုင်ချေ ပိုများတယ်လို့ ဆိုထားကြပါတယ်။
• အိပ်ရေးမဝတဲ့အခါ ကိုယ်ခံအား ကျဆင်းလာပြီး မကြာခဏ နေမကောင်း ဖြစ်တတ်ပါတယ်။
• အိပ်ချိန် ၆နာရီအောက် နည်းလိုက်တာနဲ့ ယဉ်မတော်တဆ ဖြစ်နိုင်ချေကို (၃)ဆ မြင့်တက်စေပါတယ်။ ပင်ပန်းတဲ့ဒဏ်ကြောင့် တခြားမတော်တဆမှုတွေလည်း ဖြစ်နိုင်ချေများပါတယ်။
• သတိတွေ မေ့တတ်ပြီး တွေးခေါ်နိုင်စွမ်းတွေ ကျဆင်းလာပါမယ်။ ဆုံးဖြတ်ချက်တွေ ဝေဝါးပြီး ပြဿနာကို ဖြေရှင်းနိုင်မယ့် အရည်အချင်းတွေလည်း နည်းပါးလာနိုင်ပါတယ်။
• ပုံမှန်အိပ်ချိန်ထက် (၁) နာရီခွဲလောက် လျော့သွားတာနဲ့ ခန္ဓာကိုယ်ရဲ့ ပြန်လည်တုံပြန်မှုတွေ နှေးကွေးသွားတာကိုလည်း တွေ့ရပါတယ်။
• ပြင်းထန်သော ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အချို့သော ကင်ဆာရောဂါတွေနဲ့ လေဖြတ်နိုင်ချေတွေကို မြင့်တက်စေပါတယ်။
• အိပ်ရေးမဝတာကနေ စိတ်ကျရောဂါ ဖြစ်နိုင်သလို စိတ်ကျရောဂါ ဖြစ်လာရာကနေ တစ်ဖန် အိပ်မပျော်တော့တာမျိုးလည်း ဖြစ်လာစေပါတယ်။
• လုံလောက်စွာ မအိပ်စက်ခြင်းက လိင်စိတ်ဆန္ဒကိုလည်း ကျဆင်းစေပါတယ်။

🌃 ညဘက် အလုပ်ဆင်းရတဲ့သူတွေအနေနဲ့ ကောင်းမွန်သော အိပ်စက်ခြင်းကို ရရှိဖို လုပ်ဆောင်သင့်တဲ့ အချက်တွေကတော့-

• ညဘက် အလုပ်လုပ်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံး နေ့ဘက်အလင်းရောင်အတိုင်းဖြစ်အောင် မီးဖွင့်ထားပါ။
• ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အားဖြည့်အချိုရည်တွေကို မအိပ်ခင် အနည်းဆုံး (၄) နာရီလောက် အလိုထဲက ရှောင်ပါ။
• မအိပ်ခင် (၃) နာရီအတွင်း လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။
• ဗိုက်ဆာနေရင် အိပ်မပျော်နိုင်တဲ့အတွက် မအိပ်ခင် အစာကြေလွယ်တဲ့ အစားအစာတွေနဲ့ ဗိုက်ကို အရင်ဖြည့်ပါ။
• တီဘီ၊ ဖုန်း၊ ကွန်ပျူတာတိုကနေ ထုတ်တဲ့ အလင်းရောင်က အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်လို့ မအိပ်ခင် အနည်းဆုံး (၁) နာရီကြိုပြီး ထိုပစ္စည်းတွေ မသုံးဖြစ်အောင် သတိထားပါ။
• မိမိအတွက် သက်တောင့်သက်သာဖြစ်မယ့် အိပ်ရာကို ပြင်ဆင်ပါ။ အတတ်နိုင်ဆုံး တိတ်ဆိတ်အောင်၊ မှောင်အောင်ထားပါ။ နေရောင်ကျနေလျှင် မျက်လုံးအကာကို သုံးပါ။
• လှဲနေရင်း အသက်၀၀ရှူကာ ရှူသွင်းရှူထုတ်လေ့ကျင့်ခန်း လုပ်နေပါ။ အတတ်နိုင်ဆုံး လှဲရာကနေ ပြန်မထမိအောင်နေပါ။

💤 အပ်ရေး၀၀အိပ်စက်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာအောင် ပြုပြင်ပေးပြီး သင့်ရဲ့ လုပ်ဆောင်ရည်တွေကို တိုးတက်စေတာကြောင့် အိပ်ရေး၀၀အိပ်စက်မယ်ဆိုရင်တော့ နေ့ရက်တိုင်းဟာ သာယာလှပပြီး ပျော်ရွှင်စရာ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။ ဇီဝကချစ်သူတို့အတွက် ဒီညဟာလည်း ကောင်းသော ညလေးတစ်ည ဖြစ်ပါစေနော်...💜💜

Leave a Comment