နားကျန်းမာရေး အလေးထားပေး
📅 နေ့ရက်တိုင်းမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ရင်းနှီးစွာ ပြောဆိုဆက်ဆံနိုင်ဖို့၊ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အကြားအာရုံက အလွန်အရေးကြီးပါတယ်။
👂 သို့ပေမယ့် နားလေးစေတဲ့အကြောင်းဖန်လာတတ်တဲ့ အပြုအမူတွေကတော့
✅ အသက်အရွယ်ရလာခြင်း၊
✅ကျယ်လောင်သော အသံများကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခြင်း/ အလုပ်လုပ်ရခြင်း၊
✅နားအတွင်းသို့ ရောဂါပိုးဝင်ခြင်း၊
✅ နားဖာချေးပိတ်ခြင်း၊
✅နားစည်ပေါက်ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
❕ နားလေးခြင်းမှ ကာကွယ်ဖို့အတွက်
☑️ အသံဆူညံသော ပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ အလုပ်လုပ်သူများဟာ နားကို အကာအကွယ် တစ်ခုခုဖြင့် ဖုံးအုပ်ထားပါ။
☑️ သီချင်းသံ ကျယ်ကျယ် နားထောင်ခြင်းက အကြားအာရုံကို ပျက်စီးစေပါတယ်။
တီဗီကြည့်တဲ့အခါ၊ သီချင်းနားထောင်တဲ့အခါ အသံကို အတတ်နိုင်ဆုံး လျှော့ပြီးနားထောင်ရပါမယ်။ နားကြပ်နဲ့ နားထောင်တဲ့အခါ earphones ထက် headphones ကို အသုံးပြုပေးသင့်ပါတယ်။
☑️ ရှိုးပွဲ၊ ကလပ်ကဲ့သို အလွန်ဆူညံတဲ့ နေရာတွေကို သွားမယ်ဆိုရင် တစ်လျှောက်လုံး ပွဲထဲမှာမနေဘဲ ကြားထဲမှာ မကြာခဏဆိုသလို ဆူညံသံမရှိတဲ့ အပြင်ဘက်ကို ထွက်ပြီး (၅)မိနစ်လောက် နားကို အနားပေးသင့်ပါတယ်။ နောက်တစ်ရက်မှာလည်း ဆူညံသံမရှိတဲ့နေရာမှာ အနားယူသင့်ပါတယ်။
☑️ နားဖာချေးတွေကို ဖယ်ရှားဖို့အတွက် နားကြပ်ဂွမ်းတွေ အသုံးပြုခဲ့တာဆိုရင် ဆယ်စုနှစ်ကျော်လောက် ရှိခဲ့ပါပြီ။ တကယ်တော့ နားကြပ်ဂွမ်းသုံးခြင်းက နားဖာချေးတွေကို နားအတွင်းထဲ တွန်းသလိုဖြစ်ပြီး နားစည်ကို ပျက်စီးစေနိုင်ပါတယ်။ နားအတွင်းသို့ မသန့်ရှင်းသော နားကြပ်ကိရိယာများနဲ့လည်း မကော်သင့်ပါ။
☑️ခေါင်းလျှော်တဲ့အခါ ရေကူးတဲ့အခါ နားထဲကို ရေဝင်တတ်ပါတယ်။ အကယ်၍ ရေထဲမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေသာ ရှိနေရင် နားထဲပိုးဝင်နိုင်တဲ့အတွက် ရေကူးတဲ့အခါ နားနှစ်ဖက်ထဲသို့ ရေမဝင်နိုင်အောင် အထူးစီမံထားတဲ့ ပစ္စည်းကိရိယာနဲ့ ပိတ်ဆိုထားပါ။ ခေါင်းလျှော်တယ်ဆိုရင်လည်း နားထဲကို ခြောက်အောင် မျက်နှာသုတ်ပုဝါ အပျော့သားလေးနဲ့ သုတ်ပေးပါ။
☑️ အကြားအာရုံဆုံးရှုံးခြင်းက အမျိုးမျိုးသော ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။ အချို့သော ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ကင်ဆာဆေး၊ သွေးကျဆေးတွေဟာ အကြားအာရုံကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ထိုဆေးတွေကို သောက်ရတယ်ဆိုရင် ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း စနစ်တကျ သောက်သုံးရပါမယ်။
☑️ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက သွေးလည်ပတ်မှု ကောင်းစေတာကြောင့် နားဆီကို သွေးနဲ့ အောက်စီဂျင် ကောင်းကောင်းရောက်အောင် ပို့ဆောင်ပေးပါတယ်။ မိမိနှစ်သက်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ပြုလုပ်ခြင်းက ပိုပြီးလေ့ကျင့်ခန်း လုပ်ဖြစ်စေပါတယ်။ အကယ်၍ စက်ဘီးစီးရတာ ကြိုက်တယ်ဆိုရင် ဦးထုပ်ဆောင်းဖို့၊ ရေကူးရတာ ကြိုက်တယ်ဆိုရင်တော့ နားနှစ်ဖက်ထဲသို့ ရေမဝင်နိုင်အောင် အထူးစီမံထားတဲ့ ပစ္စည်းကိရိယာနဲ့ ပိတ်ဆို့ဖို့ လိုအပ်ပါတယ်။
☑️ စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်ကနေ Cortisol နဲ့ Adrenaline ဟော်မုန်းတွေကို ထုတ်ပါတယ်။ ထိုဟော်မုန်းတွေက အကြားအာရုံကို ယာယီထိခိုက်စေပါတယ်။ အကယ်၍ စိတ်ဖိစီးမှုများတာ ကြာလာရင်တော့ ထိုဟော်မုန်းတွေ အလွန်မြင့်တက်လာပြီး အကြားအာရုံဆုံးရှုံးရသည်အထိ ဖြစ်တတ်တာကြောင့် စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး လျှော့ချပေးသင့်ပါတယ်။
☑️ဆေးလိပ်သောက်ခြင်းက သွေးတွင်း အောက်စီဂျင်ပမာဏကို လျော့ကျစေပြီး နားထဲမှာရှိတဲ့ သွေးကြောတွေ အပါအဝင် တစ်ကိုယ်လုံးက သွေးကြောတွေကို ကျဉ်းမြောင်းစေပါတယ်။ နားထဲမှာရှိတဲ့ အာရုံကြောတွေကနေ ဆူညံသံတွေကို သတိမမူမိအောင် ဖြစ်စေပြီး အကြားအာရုံ ဆုံးရှုံးစေတဲ့ အလားအလာကိုလည်း များစေပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
နားထဲမှာ အသံတွေကြားနေခြင်း၊ မူးဝေခြင်း၊ ဟန်ချက်မညီခြင်းတို့သည် ယာယီ အကြားအာရုံပျက်စီးခြင်းရဲ့ အစောပိုင်းလက္ခဏာတွေဖြစ်တာကြောင့် ထိုအချက်တွေ ဖြစ်လာရင် သတိပြုသင့်ပါတယ်။
အသက်(၁၈)နှစ်နဲ့ အသက်(၄၀)ကြားကာလမှာ ၃နှစ်တစ်ခါ (သိုမဟုတ်) ၅နှစ်တစ်ခါ နားကို ပုံမှန် စစ်ဆေးပေးသင့်တာကြောင့် နားအထူးကုဆရာဝန်နှင့် ပြသလိုပါက ဇီဝကအထူးကုဆေးခန်းတွင် လာရောက်ပြသနိုင်ပါတယ်…💜💜