“ကလေးနဲ့ မေမေကျန်းမာဖို့ စောစီးစွာ ကိုယ်ဝန်အပ်ကြစို့”

❗️ ရာသီမလာခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ရင်သားများနာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မနက်ခင်းပျို့အန်ခြင်းတို့က ကိုယ်ဝန်ရှိနေတဲ့ အစောပိုင်း လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ပြနေပြီဆိုရင် ဆီးစစ်တံနဲ့ စစ်ကြည့်သင့်ပါတယ်။ ဆီးစစ်တံမှာ မျဉ်းနှစ်ကြောင်းပေါ်နေရင် ကိုယ်ဝန်ရှိနေတာ ဖြစ်ပါတယ်။

🤰 ကိုယ်ဝန်ရှိနေပြီဆိုတာနဲ့ ဗိုက်ထဲက ရင်သွေးလေးကို အဆင်ပြေပြေ ရှောရှောရှူရှူ မွေးဖွားနိုင်ဖို့က မိခင်တိုင်းရဲ့ ဆန္ဒပဲဖြစ်လာပါတယ်။ ထိုဆန္ဒပြည့်ဝဖိုဆိုရင်တော့ မိမိမှာ ကိုယ်ဝန်ရှိမှန်း သိတာနဲ့ စောနိုင်သမျှ စောစော သားဖွားမီးယပ် အထူးကုထံမှာ ကိုယ်ဝန်အပ်ဖို့ လိုအပ်ပါတယ်။

✅ ကိုယ်ဝန်အပ်ခြင်းအားဖြင့် ကိုယ်ဝန်ဆောင်မိခင်ကျန်းမာဖို့နဲ့ သန္ဓေသားလေး ပုံမှန်အတိုင်း ကြီးထွားဖွံဖြိုးဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ အာထရာဆောင်းရိုက်ခြင်း၊ သွေး ဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးများ သောက်သုံးခြင်း၊ မေးခိုင်ရောဂါပိုး ကာကွယ်ဆေးထိုးခြင်းများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

⭕️ မိခင်လောင်းများ အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကြီးထွားဖွံဖြိုးဖို့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသောက်ပေးဖို့ လိုအပ်ပါတယ်။ Calcium, Iron, Folic acid စတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေဟာဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ဝမ်းချုပ်တာတွေ မဖြစ်အောင် ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို နာရီဝက်ခန့် လမ်းလျှောက်ခြင်း၊ ရေကူးခြင်းကဲ့သို အသင့်အတင့် ပြင်းအားရှိတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းက ဝိတ်မတက်အောင် ထိန်းပေးခြင်း၊ ခါးနာခြင်းကို ကာကွယ်ပေးခြင်း၊ အိပ်ကောင်းစေခြင်း၊ လန်းဆန်းတက်ကြွစေခြင်း၊ ကလေးမွေးပြီး နာလန်ထမြန်ခြင်းတို့ကို ဖြစ်စေပါတယ်။ ကိုယ်ဝန်မဆောင်ခင်ကတည်းက လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်လေ့ရှိရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဘေးကင်းတယ်ဆိုရင် ကိုယ်ဝန်ဆောင်စဉ်တွင် ဆက်လုပ်နိုင်ပါတယ်။

❕ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုများခြင်း၊ အလွန်အမင်း ပျို့အန်ခြင်း၊ ဆီးချိုဖြစ်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သန္ဓေသား လှုပ်ရှားမှု နည်းလာခြင်း၊ သွေးဆင်းခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ မွေးခြင်း စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ပြဿနာတွေအတွက်တော့ ကိုယ်ဝန်အပ်ထားခြင်းဖြင့် မိမိဆရာဝန်ရဲ့ ညွှန်ကြားချက်များအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျန်းမာသော ရင်သွေးလေးကို ကောင်းကောင်းမွန်မွန် မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် မိခင်လောင်းများအနေနဲ့ ကိုယ်ဝန်အပ်တော့မယ်ဆိုရင် ဇီဝကအထူးကုဆေးခန်းမှာ မနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း ပိတ်ရက်မရှိ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ ဆွေးနွေးပြသနိုင်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းနဲ့ သွေးစစ်ဆေးခြင်းများကို တစ်နေရာတည်းမှာ အချိန်မကုန် လူမပန်းဘဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်ရှင့်…💜💜

Leave a Comment