❕ “ADHD နှင့် ကလေးငယ်”

🛑 Attention Deficit Hyperactivity Disorder ( ADHD ) ဆိုသည်မှာ အာရုံစူးစိုက်မှု အားနည်းပြီး ဂနာမငြိမ်ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ကလေးငယ်များတွင် အဖြစ်များပြီး ဆယ်ကျော်သက်အရွယ်နှင့် လူကြီးများမှာလည်း တွေ့ရတတ်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်း၊ ငြိမ်ငြိမ်ထိုင်နေနိုင်စွမ်း၊ အပြုအမူ ထိန်းချုပ်နိုင်စွမ်းကို လုပ်ဆောင်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်နေရာမှာ ချို့ယွင်းချက်ရှိခြင်းကြောင့် ADHD ဖြစ်ပေါ်တတ်ပါတယ်။

❗️ ကျောင်းစတက်ချိန် (၃) နှစ်မှ (၇) နှစ်အတွင်းမှာ စပြီး ရောဂါလက္ခဏာတွေကို သတိထားမိနိုင်ပါတယ်။ မိန်းကလေးတွေထက် ယောကျ်ားလေးတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ လက္ခဏာတွေအနေနဲ့ အမျိုးအစား (၃) မျိုးရှိပါတယ်။

  1. Inattentive
    အာရုံအလွယ်တကူပြောင်းခြင်း၊ စကားနားမထောင်ခြင်း၊ အိမ်စာ ပြီးစီးအောင် မလုပ်ခြင်း၊ ဂရုမစိုက်ဘဲ အမှားတွေ လုပ်မိခြင်း၊ နေ့စဉ်လုပ်နေကျအရာတွေကို မေ့လျော့ခြင်း၊ ပစ္စည်းခဏခဏ ပျောက်တတ်ခြင်း။
  2. Hyperactive-impulsive
    တက်ကြွလွန်းခြင်းနှင့် စိတ်မြန်ခြင်း၊ ငြိမ်ငြိမ်မထိုင်တတ်ခြင်း၊ မျောက်ရှုံးအောင်ဆော့ခြင်း၊ ဂနာမငြိမ်ခြင်း၊ စကားအလွန်များခြင်း၊ ကိုယ့်အလှည့်ရောက်သည်အထိ မစောင့်နိုင်ခြင်း၊ မေးလျှင် ဝေဝေဝါးဝါးဖြေခြင်း၊ တခြားသူတွေကို နှောင့်ယှက်ခြင်း။
  3. Combined
    တချို့ကလေးများတွင် အမျိုးအစား (၂) မျိုးလုံး ဖြစ်တာကို တွေ့ရပါတယ်။

⭕️ ADHD ဖြစ်ပေါ်ရတဲ့ အဓိကအကြောင်းရင်းတွေကတော့-
• မျိုးရိုးဗီဇ၊
• brain chemical ( Dopamine ) ပမာဏ balance မဖြစ်ခြင်း၊
• အာရုံစူးစိုက်မှု တာဝန်ကိုယူတဲ့ ဦးနှောက်နေရာက active မဖြစ်ခြင်း၊
• ကိုယ်ဝန်ဆောင်ချိန်အတွင်း အာဟာရမပြည့်ဝခြင်း၊ ပိုးဝင်ခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်း၊
• ကိုယ်ဝန် (၃၇) ပါတ် မပြည့်ခင် မွေးခြင်း၊
• ခဲဆိပ်မိခြင်း၊
• ဦးနှောက်အရှေ့ဘက်ခြမ်း ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

❌ သင့်ကလေးတွင် အထက်ပါ လက္ခဏာများတွေ့ရပါက ငယ်စဉ်ကတည်းက ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် လေ့လာသင်ယူနိုင်စွမ်း၊ လူမှုဆက်ဆံရေးတို့မှာ တိုးတက်မှု မရှိဘဲ နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ မိဘ ဆရာများအနေနဲ့ လက္ခဏာတွေ လျော့ပါးသွားအောင် လုပ်ဆောင်ပေးရမယ့် အချက်တွေကတော့

❇️• မကောင်းတဲ့ အပြုအမူတစ်ခုကို လုပ်လိုက်ပါက ပြုပြင်ပေးရပါမယ်။ ကောင်းတာပြောင်းလဲလုပ်လာလျှင် ချီးကျူးပါ၊ ဆုချပါ။
❇️• ရိုးရှင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သုံးပါ။ အားကစားနည်း တစ်ခုခုကို လုပ်ခိုင်းခြင်းကလည်း စည်းကမ်းတွေ လိုက်နာတတ်ဖို့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ အထောက်အကူပြုပါတယ်။
❇️• အလိုမကျနေတဲ့ အချက်တွေ၊ စိတ်ခံစားချက်တွေရှိရင် ကလေးနဲ့ စကားပြောပေးပါ။ ကလေးနဲ့ စကားပြောနေရင် ကလေးကိုပဲ အာရုံစိုက်ပါ။
❇️• ကိုယ့်အလှည့်ကို စောင့်တတ်ဖို့၊ တခြားသူနှင့် မျှဝေတတ်ဖို့ လေ့ကျင့်သင်ကြားပေးပါ။
❇️• Omega 3 တိုက်ကျွေးပါ။
❇️• အသီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားတတ်အောင် ကျွေးပါ။
❇️• ဖုန်း၊ ကွန်ပျူတာ၊ တီဗီကြည့်ချိန်ကိုလည်း သတ်မှတ်ပေးထားပါ။
❇️• အိပ်ရေး၀၀ အိပ်ခိုင်းပါ။
❇️• ကလေးအခန်းထဲမှာ အရုပ်တွေ ရှုပ်ပွနေအောင် မထားရပါ။
ဒီ နည်းလမ်းတွေကို အသုံးပြုပြီး ADHD လက္ခဏာ ရှိတဲ့ ကလေးငယ်ကို တတ်နိုင်သမျှ ဖေးမ ကူညီကာကွယ်စောင့်ရှောက်ပေးသင့်ပါတယ်။

Leave a Comment