💊 သွေးမခဲဆေး Aspirin
🔘 Aspirin ကို ဈေးကွက်ထဲမှာဆိုရင် 75mg, 80mg, 81mg, 100mg, 350mg တွေအနေနဲ့ လာတာကို တွေ့ရပါတယ်။ 75mg ကနေ 100mg အထိကို တစ်ရက်လျှင် တစ်ကြိမ် လေဖြန်းလူနာတွေမှာ ဦးနှောက်ကို သွားတဲ့ သွေးကြော၊ နှလုံးသွေးကြောတွေ မပိတ်သွားအောင်၊ လေဖြတ်မသွားအောင် ကာကွယ်ဖိုနှင့် ကိုယ်ဝန်ဆောင်သည်များတွင် ကိုယ်ဝန်ဆိပ်တက်တာကို ကာကွယ်ဖို အသုံးပြုပါတယ်။ နှလုံးကြွက်သားများပုပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးသွေးကြောအစားထိုး ခွဲစိတ်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတိုမှာလည်း အသုံးပြုပါတယ်။ 300mg ကနေ 650mg ကိုတော့ တစ်နေ့လျှင် (၄)နာရီမှ (၆)နာရီခြားတစ်ခါ အဖျားကျဖို့၊ အနာသက်သာဖို့ အကိုက်အခဲပျောက်ဆေး အနေနဲ့ အသုံးပြုကြပါတယ်။
🔘 Aspirin သည် ဆရာဝန် ဆေးညွှန်းစာဖြင့်သာ ဝယ်ယူသုံးစွဲနိုင်သော ဆေးဝါး (POM) ဖြစ်ပါသည်။ Aspirin ကို အသက် (၁၈) နှစ်အောက် ကလေးများတွင် ဦးနှောက်နှင့် အသည်းကို ထိခိုက်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည့်အတွက် မပေးရပါ။ အစာအိမ်အနာရှိသူများ၊ သွေးမတိတ်ရောဂါ ရှိသူများတွင်လည်း မပေးရပါ။
🔘 Aspirin ရဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ကတော့ လေပြွန်ကျဉ်းခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သွေးထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Aspirin ကို သောက်တဲ့အခါမှာ အစာစားပြီးမှသာ ရေ (သို့) နွားနို့ (၁) ဖန်ခွက်ဖြင့် သောက်ပေးရပါမယ်။ ဆေးသောက်ပြီး (၁၀) မိနစ်အတွင်း လှဲမအိပ်မိအောင်လည်း သတိထားရပါမယ်။
🔘 ထိုဘေးထွက်ဆိုးကျိုးများမှ ကာကွယ်နိုင်ရန် Aspirin ကို enteric coated tablet ပုံစံအနေနဲ့လည်း ထုတ်လုပ်လာကြပါတယ်။ Enteric coated tablet ဆိုတာ ဆေးကို အစာအိမ်မှာ မပျော်ဝင်စေဘဲ အူသိမ်ပိုင်းရောက်မှသာ ပျော်ဝင်အောင် အစာအိမ်သမားတွေ သောက်လိုရအောင်၊ အစာအိမ်မထိခိုက်အောင် ဖန်တီးထုတ်လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ Enteric coated tablet ဆိုပါက ဝါးစားတာမျိုး၊ ခြမ်းသောက်တာမျိုး၊ အမှုန့်ကြိတ်သောက်တာမျိုး မလုပ်မိအောင်တော့ ဂရုစိုက်ရပါမယ်။
🔘 စိတ်ကျရောဂါသောက်ဆေးများဖြစ်တဲ့ Citalopram, Escitalopram, Sertraline, Fluoxetine, Venlafaxine တိုသည် Aspirin နှင့် တွဲသောက်လျှင် သွေးခြေဥလွယ်၊ သွေးထွက်လွယ်တာမျိုး ဖြစ်တတ်ပါတယ်။
🔘 Aspirin ကို Warfarin လို သွေးကျဲဆေးတွေနဲ့ တွဲသောက်ရင်တော့ သွေးထွက်များစေပါတယ်။
🔘 ကင်ဆာရောဂါနဲ့ လေးဖက်နာရောဂါမှာ အသုံးပြုတဲ့ methotrexate ကို aspirin နဲ့ တွဲသောက်ရင် methotrexate ရဲ့ ဆေးပြင်းအားက လိုအပ်တာထက် ပိုသွားပြီး ဘေးထွက်ဆိုးကျိုးတွေ ပိုပြီး ခံစားရနိုင်ပါတယ်။
🔘 Aspirin ကို တခြားအကိုက်အခဲပျောက်ဆေးများနဲ့ တွဲသောက်ရင်လည်း အစာအိမ်နဲ့ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ များစေပါတယ်။ Aspirin သောက်ရင်း ဝမ်းအမည်းရောင်များသွားခြင်း၊ ကော်ဖီရောင်အန်ခြင်းများ ဖြစ်ခဲ့ပါက ဆေးရပ်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်။