Uncategorized
ခြေလှမ်းတိုင်း တက်ကြွနေစေဖို့
ကျွန်ုပ်တို့၏ ခြေထောက်များသည် တစ်နေ့တာတွင် လုပ်ငန်းတာဝန်များစွာကို ထမ်းဆောင်နေသော ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ လမ်းလျှောက်ရခြင်း၊ မတ်တပ်ရပ်ရခြင်း စသည်တို့ကြောင့် ခြေထောက်နာကျင်ကိုက်ခဲခြင်းများ ဖြစ်တတ်ပါသည်။ အောက်ဖော်ပြပါ အချက်များသည် ခြေထောက်နာကျင်ခြင်းများကို သက်သာစေဖို့ရာ လုပ်ဆောင်နိုင်သည့် အချက်များ ဖြစ်ပါသည်။ -ရေနွေးနွေးထဲကို ဆားခါးအနည်းငယ်ထည့်ပြီး ခြေထောက်ကို မိနစ်၂၀ခန့် စိမ်ပေးခြင်း။ -ရောင်ရမ်းခြင်းကြောင့် ခြေထောက်နာကျင်နေသည့် နေရာများကို ၅မိနစ်မှ ၁၅မိနစ်ခန့် တစ်ရက်လေးကြိမ် ရေခဲဝတ်ကပ်ပေးခြင်း။ -ခြေသလုံးကြွက်သား နာကျင်ကိုက်ခဲခြင်းများ၊ အရိုးအဆစ် နာကျင်ကိုက်ခဲခြင်းများ သက်သာစေသည့် လိမ်းဆေးများကို တစ်ရက်လျှင် ၂ကြိမ်မှ ၃ကြိမ် အသားထဲစိမ့်ဝင်အောင် ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးခြင်း။ -သက်တောင့်သက်သာရှိသော ထိုင်ခုံပေါ်တွင်ထိုင်ပြီး နာကျင်မှုများကို သက်သာစေရန်နှင့် သွေးလည်ပတ်မှုကောင်းစေရန် ခြေထောက်ကို နှိပ်နယ်ပေးခြင်း။ -မိမိခြေထောက်နှင့် သက်တောင့်သက်သာဖြစ်သော ဖိနပ်ဆိုဒ်ကို…
Read Moreအသံဝင်၊ အသံနာခြင်းအတွက် သက်သာစေမည့် နည်းလမ်းများ
လုပ်ဆောင်ရမည့် အချက်များမှာ -ရေများများသောက်ပေးပါ။-ရေဓာတ်ပါဝင်မှုများသော အသီးအနှံများများစားပါ။-ငုံဆေးပြားများ ( Zecuf, Mybacin, Strepsils, Degirol, Chericof ) ငုံခြင်း၊ ပီကေဝါးခြင်းဖြင့် လည်ချောင်းကို စိုစွတ်အောင်လုပ်ပါ။-ဆားပြုတ်ရည်ဖြင့် အာလုတ်ကျင်းပါ။-ရေနွေးနွေးဖြင့် ရေချိုးပေးပါ။-ရေနွေးဆူဆူတည်ထားသော အိုးအဝပေါ်တွင် ခေါင်းကိုထားပြီး ထွက်လာသော ရေနွေးငွေ့ကို ၃ – ၅မိနစ်ခန့် ပါးစပ်မှ ၀၀ရှုသွင်းပါ။-စွပ်ပြုတ်ပူပူ သောက်ပေးပါ။-အသံဝင်/ အသံနာခြင်းမှာ အသံကြိုးများ ရောင်ရမ်းမှုကြောင့်ဖြစ်သည့်အတွက် ibuprofen, naproxen စသည့် ရောင်ရမ်းနာကျင်မှုသက်သာစေသည့် အကိုက်အခဲပျောက်ဆေးများ သောက်ပါ။-ရက်အနည်းငယ်လောက် အသံကို အနားပေးပါ။-ကျယ်လောင်စွာပြောဖို့ လိုအပ်ပါက မိုက်ခရိုဖုန်းများ၊ စပီကာများသုံးပါ။ ရှောင်ကြဉ်ရမည့် အချက်များမှာ -စကားပြောခြင်း၊ အော်ဟစ်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။-လေသံတိုးတိုးဖြင့် အသံပါဝါကိုနှိမ့်ချပြောခြင်းကလည်း ပိုဆိုးစေသည့်အတွက် ရှောင်ကြဉ်ပါ။-ကဖင်းဓာတ်နှင့် အရက်ကို ရှောင်ကြဉ်ပါ။-ဆေးလိပ်ကို ဖြတ်ပါ သို့မဟုတ် လျှော့သောက်ပါ။-နှာခေါင်းပိတ်ခြင်းသက်သာစေသည့်…
Read Moreခန္ဓာကိုယ်အတွက် Amino acids ၏ အရေးပါမှု
ဒီနေ့မှာတော့ ဇီဝကဆေးဆိုင်ကနေ အားဆေးတွေမှာ ပါဝင်သည့် Amino acidsအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါသည်။ ခန္ဓာကိုယ်၏ ၇၅ ရာခိုင်နှုန်းခန့်ကို ပရိုတင်းဟုခေါ်သည့် အသားဓာတ်များဖြင့် တည်ဆောက်ထားပါသည်။ ထိုအသားဓာတ်များ ဖြစ်ပေါ်ဖို့အတွက်Amino acids များက အခြေခံအုတ်မြစ်များအဖြစ် လိုအပ်ပါသည်။ Amino acids များတွင် ခန္ဓာကိုယ်က အလိုအလျောက်ထုတ်နိုင်သည့် Amino acids များရှိသလို မထုတ်နိုင်သည့် Amino acids များလည်း ရှိပါသည်။ ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ဖို့အတွက် ခန္ဓာကိုယ်က မထုတ်နိုင်သည့် Amino acids များကို အစားအစာများမှသော်လည်းကောင်း၊ ဖြည့်စွက်စာများမှသော်လည်းကောင်း ပြင်ပကနေ ရရှိဖို့အတွက် လိုအပ်ပါသည်။ Amino acids ကြွယ်ဝသည့် အစားအစာများကတော့ နို့ထွက်ပစ္စည်းများ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဆော်လမွန်ငါး၊…
Read Moreအသည်းကောင်းမှ ပွဲတောင်းလို့ ရမယ်နော်…
ဒီနေ့မှာတော့ ဇီဝကဆေးဆိုင်ကနေ အသည်းအားဆေး အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါသည်။ အသည်းသည် လူ့ခန္ဓာကိုယ်မှာ အရေပြားပြီးလျှင် အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် အရေးကြီးသော လုပ်ငန်းစဉ်များကို ထမ်းဆောင်ပေးပါသည်။အဓိကလုပ်ဆောင်ချက်အနေဖြင့် အသည်းသည် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိသည့် အဆိပ်အတောက်များကို သန့်စင်ပေးပြီး အစာခြေစနစ်ကို အထောက်အပံ့ပေးသည့် အင်္ဂါဖြစ်ပါသည်။ အသည်းကို ထိခိုက်ပျက်စီးစေသည့် အကြောင်းအရာများကတော့ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ အဝလွန်ခြင်း၊ သကြားဓာတ် ပါဝင်မှုများသော၊ ဆိုးဆေးများပါသော ဖျော်ရည်များ အသောက်များခြင်း၊ ပါရာစီတမော အလွန်အကျွံ သောက်သုံးမိခြင်း၊ အသည်းရောင် အသားဝါ ဘီပိုး စီပိုးရှိခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ ဖြစ်ပါသည်။ လူတစ်ယောက်သည် အသည်းကျန်းမာနေလေလေ၊ နေလို့ကောင်းလေလေ ဖြစ်ပါသည်။အသည်းကျန်းမာနေစေမည့် နည်းလမ်းများကတော့ အရက်ကို အလွန်အကျွံ မသောက်သုံးရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော၊ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို စားရန်၊…
Read Moreအရိုးနုများ ပျက်စီးခြင်းနှင့် အရိုးအဆစ် နာကျင်ခြင်းများ သက်သာစေဖို့ Glucosamine သောက်ကြစို့
အရိုးအဆစ် နာကျင်ခြင်းများကို ဖြစ်စေသည့် အဓိက အကြောင်းအရင်းများကတော့ အသက်အရွယ်ရလာခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းနှင့် အဝလွန်ခြင်းတို့ ဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်က လှုပ်ရှားမှု ပြုလုပ်သည့်အခါ အရိုးတစ်ခုနှင့် တစ်ခု ပွတ်တိုက်မိပြီး ပျက်စီးမှုများ မဖြစ်အောင် အရိုးတိုင်း၏ အစွန်းများတွင် ကြားခံ ကာကွယ်ပေးထားသည့် အရိုးနုများ ရှိပါသည်။ အရိုးနုများ ရှိနေခြင်းကြောင့်သာ လှုပ်ရှားသည့်အခါ နာကျင်မှုများကို မခံစားရခြင်း ဖြစ်ပါသည်။ ထိုအရိုးနုများ မပျက်စီးဖို့နှင့် အသစ်ပြန်လည် ဖြစ်ပေါ်ဖို့ ခန္ဓာကိုယ်က Glucosamine ကို သဘာဝအတိုင်း ထုတ်ပေးပါသည်။ သို့သော် ခန္ဓာကိုယ်၏ Glucosamine ထုတ်နိုင်စွမ်းက အသက်ကြီးလာတာနှင့်အမျှ တဖြည်းဖြည်း ကျဆင်းလာပါသည်။ အသက်၃၅နှစ်ကျော်လာတာနှင့် အရိုးနုများ စတင်ပျက်စီးလာသည့်အတွက် အရိုးအချင်းချင်း ပွတ်တိုက်မှုဖြစ်ပေါ်ပြီး အရိုးများ နည်းနည်းချင်း စတင်ပျက်စီးလာပါသည်။ ဒါ့ကြောင့်…
Read Moreကိုယ်ဝန်ဆောင် အားဆေး တွေအားလုံးမှာ ဗိုက်တာမင် ဘီအုပ်စု ပါဝင်နေရတဲ့ အကြောင်းအရင်း
ဗိုက်တာမင် B1ဗိုက်တာမင် B1 က ကိုယ်ဝန်ဆောင် ချိန်မှာသန္ဓေသားဆီကို အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ ပို့ဆောင်ပေးပြီး သန္ဓေသားရဲ့ သွေးထဲက အညစ်အကြေးများကို စွန့်ထုတ်ပေးတဲ့အချင်းရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း လိုအပ်ပါတယ်။ ဗိုက်တာမင် B2ဗိုက်တာမင် B2 ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပင်ပန်းနွမ်းနယ်မှုများကို လျော့နည်းစေပြီး အားအင်ပြည့်ဝမှုကို ခံစားရစေပါတယ်။ သားအိမ်ကြွက်သားများကို အားကောင်းစေပြီး ကလေး၏ အရိုးနှင့် အာရုံကြော စနစ်ကို ကောင်းစွာဖွံ့ဖြိုးအောင် ကူညီပေးပါတယ်။ လမစေ့ပဲမွေးခြင်းနှင့် အမြင်အကြားအာရုံ ချို့ယွင်းတဲ့ကလေးများ မွေးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင် ချိန် ကြွက်မတက်အောင် ကာကွယ်ပေးပြီး သံဓာတ်စုပ်ယူမှုကို အားကောင်းစေလို့ ကိုယ်ဝန်ဆောင် ချိန် သွေးအားနည်းရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဗိုက်တာမင် B3ဗိုက်တာမင် B3 ကတော့…
Read Moreအစာပြွန် အနာ ဖြစ်ခြင်း၊ ရင်ပူခြင်း နှင့် အစာမကြေခြင်း များ မဖြစ်စေဖို့ရာ
တစ်ချို့ဆေးများသည် အစာရေမျိုပြွန် အနာ ဖြစ်ခြင်းနှင့် ရင်ပူခြင်း များကို ဖြစ်စေတတ်သောကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ရာ ဖော်ပြပေးလိုက်ပါသည်။ အများစုမှာ ပိုးသတ်ဆေး များနှင့် အရိုးပွ ရောဂါအတွက် သုံးသော ဆေးများ ဖြစ်ပါသည်။ Doxycyclineဝက်ခြံဖြစ်လျှင် အသုံးများသည့် ပိုးသတ်ဆေး တစ်မျိုးဖြစ်သော Doxycycline သည် အစာပြွန် တစ်လျှောက်မှာ အနာတွေ ဖြစ်စေတတ်သလို သောက်ပြီး နာရီပိုင်းအတွင်းမှာ ရင်ပူခြင်း နှင့် ဗိုက်အောင့်၊ဗိုက်နာခြင်းများကိုလည်း ဖြစ်စေနိုင်ပါသည်။ Doxycycline hyclate က Doxycycline monohydrate ထက်ပိုပြီး ဘေးထွက်ဆိုးကျိုး ပိုများပါသည်။ TetracyclineTetracycline သည် Doxycycline နှင့် အုပ်စုတူသော ပိုးသတ်ဆေး ဖြစ်ပြီး အက်စစ်ဓာတ်များသည့်အတွက် အစာပြွန် မှာ အနာတွေ ဖြစ်စေတတ်ပါသည်။ ClindamycinClindamycin သည်လည်း…
Read Moreဆီးချို ရောဂါ ( Diabetes ) ဆိုသည်မှာ…
ဆီးချို ရောဂါ ( diabetes ) ဆိုသည်မှာ သွေးထဲတွင် ဂလူးကို့စ် ဟုခေါ်သည့် အချိုဓာတ်တွေ ရှိသင့်တာထက် ပိုများနေသည့် ရောဂါဖြစ်ပါသည်။ ဆီးချို ရောဂါ ကို မကုသပဲ ထားမည်ဆိုလျှင် အာရုံကြော၊ မျက်လုံးနှင့် ကျောက်ကပ်ကိုပါ ပျက်စီးစေပါသည်။ ဆီးချို ရောဂါ ကို အဓိက ဖြစ်စေသည့် အကြောင်းအရာကတော့ ဆီးချို ရောဂါ မျိုးရိုးရှိခြင်းနှင့် အဝလွန်ခြင်းကြောင့် ဖြစ်ပါသည်။ ဆီးချို ရောဂါ ( diabetes ) ၏ လက္ခဏာများကတော့ မကြာခဏ ဗိုက်ဆာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ အာခြောက်ပြီး ရေမကြာခဏဆာခြင်း၊ အရေပြားများ ခြောက်သွေ့ယားယံခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အနာကျက်နှေးခြင်းနှင့် ခြေလက်များ ထုံကျင်ခြင်းတို့ ဖြစ်ပါသည်။ ဆီးချို ရောဂါ…
Read Moreအရိုးပွခြင်း နှင့် အရိုးအဆစ်များ ရောင်ရမ်းနာကျင်ခြင်း ( Osteoporosis & Osteoarthritis )
Osteoporosis ဆိုသည်မှာ အရိုးပွရောဂါ ဖြစ်ပါတယ်။အရိုးပွတယ် ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဖြစ်ကြတယ်ဆိုတာကို တွေးမိကြပါလိမ့်မယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ အရိုးဆဲလ်များကို အားပေးတဲ့ Estrogen ဟော်မုန်းမထွက်တော့တာကြောင့် အရိုးပွရောဂါ ( Osteoporosis ) ကို ပိုကြုံတွေ့ရခြင်း ဖြစ်ပါတယ်။တကယ်တော့ သွေးဆုံးပြီးအမျိုးသမီးများသာမက အသက်ကြီးသော အမျိုးသားများနှင့် Steroid ဆေးများသောက်နေရသော လူနာများမှာလည်း အရိုးပွရောဂါ ( Osteoporosis ) ဖြစ်တတ်ပါတယ်။ အရိုးပွရောဂါ ကြောင့် အရိုးတွေဟာ ကြွပ်ဆတ်လာပြီး နည်းနည်းခိုက်မိတာနဲ့ ကျိုးလွယ်လာပါတော့တယ်။ နောက်ထပ် အရိုးပွခြင်း ကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့ အရိုးပွရောဂါ ( Osteoporosis ) မျိုးရိုးရှိခြင်း။ အစာအာဟာရ ချို့တဲ့ခြင်း။ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း။ နေရောင်ခြည်နဲ့ ထိတွေ့မှု…
Read Moreသွေးတိုး ရောဂါ အကြောင်း ( Hypertension )
သွေးပေါင်ချိန် တိုင်းလိုက်သည့်အခါ 140/90 mmHg ( အသက် ၈၀ ကျော်ပြီဆိုလျှင်တော့ 150/90 mmHg ) သို့မဟုတ် အဲ့ထက်ပိုများနေလျှင် သွေးတိုး ရောဂါ ( Hypertension )ဟု သတ်မှတ်ပါသည်။ ပုံမှန်ရှိသင့်သည့် သွေးပေါင်ချိန် မှာ အပေါ်သွေး 90 mmHg မှ 120 mmHg ကြားနှင့် အောက်သွေး 60 mmHg မှ 80 mmHg ကြား ဖြစ်ပါသည်။ သင်၏ သွေးပေါင်ချိန် မှာ 120/80 mmHg နှင့် 140/90 mmHg ကြားတွင် ရှိနေပါက သင့်တွင် သွေးတိုး ရောဂါ ( Hypertension ) ဖြစ်နိုင်ချေ များနေပြီ…
Read More