အသံဝင်၊ အသံနာခြင်းအတွက် သက်သာစေမည့် နည်းလမ်းများ

လုပ်ဆောင်ရမည့် အချက်များမှာ

-ရေများများသောက်ပေးပါ။
-ရေဓာတ်ပါဝင်မှုများသော အသီးအနှံများများစားပါ။
-ငုံဆေးပြားများ ( Zecuf, Mybacin, Strepsils, Degirol, Chericof ) ငုံခြင်း၊ ပီကေဝါးခြင်းဖြင့် လည်ချောင်းကို စိုစွတ်အောင်လုပ်ပါ။
-ဆားပြုတ်ရည်ဖြင့် အာလုတ်ကျင်းပါ။
-ရေနွေးနွေးဖြင့် ရေချိုးပေးပါ။
-ရေနွေးဆူဆူတည်ထားသော အိုးအဝပေါ်တွင် ခေါင်းကိုထားပြီး ထွက်လာသော ရေနွေးငွေ့ကို ၃ – ၅မိနစ်ခန့် ပါးစပ်မှ ၀၀ရှုသွင်းပါ။
-စွပ်ပြုတ်ပူပူ သောက်ပေးပါ။
-အသံဝင်/ အသံနာခြင်းမှာ အသံကြိုးများ ရောင်ရမ်းမှုကြောင့်ဖြစ်သည့်အတွက် ibuprofen, naproxen စသည့် ရောင်ရမ်းနာကျင်မှုသက်သာစေသည့် အကိုက်အခဲပျောက်ဆေးများ သောက်ပါ။
-ရက်အနည်းငယ်လောက် အသံကို အနားပေးပါ။
-ကျယ်လောင်စွာပြောဖို့ လိုအပ်ပါက မိုက်ခရိုဖုန်းများ၊ စပီကာများသုံးပါ။

ရှောင်ကြဉ်ရမည့် အချက်များမှာ

-စကားပြောခြင်း၊ အော်ဟစ်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
-လေသံတိုးတိုးဖြင့် အသံပါဝါကိုနှိမ့်ချပြောခြင်းကလည်း ပိုဆိုးစေသည့်အတွက် ရှောင်ကြဉ်ပါ။
-ကဖင်းဓာတ်နှင့် အရက်ကို ရှောင်ကြဉ်ပါ။
-ဆေးလိပ်ကို ဖြတ်ပါ သို့မဟုတ် လျှော့သောက်ပါ။
-နှာခေါင်းပိတ်ခြင်းသက်သာစေသည့် oxymetazoline, phenylephrine, pseudoephedrine စသည့် decongestants များသည် လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းကို ခြောက်သွေ့စေသည့်အတွက် အသံဝင်၊ အသံနာနေချိန်တွင် ရှောင်ကြဉ်ပါ။

လိုအပ်သည့် ဆေးများရှိပါက ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ဖို့ www.jivakapharmacy.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အိမ်အရောက် ဆေးဝါးများ မှာယူလိုပါက Messenger သို့မဟုတ် ၀၉၉၇၇၄၉၈၁၅၇ မှတစ်ဆင့် မှာယူနိုင်သလိုနီးစပ်ရာ Jivaka Pharmacy များမှာလည်း လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။

ဆိုင်လိပ်စာများကတော့
ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့်(၇၇)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။
ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့်(၆၄)လမ်းကြား၊မန္တလေးမြို့။
ဆိုင်(၄) ၃၈လမ်း၊(၈၁)လမ်းနှင့်(၈၂)လမ်းကြား၊မန္တလေးမြို့တို့ဖြစ်ပါသည်။

Leave a Comment